စကားပြောအတွက် အားဖြည့်ဝါကျများ

( 0 မှတ်ချက်)

7500 (ကျပ်)

ထင်ရှားသည့် အင်္ဂလိပ်စာဆရာ ဒေါက်တာစိုးသန်း၏ ၂၅ အုပ် မြောက် စာအုပ်ဖြစ်ပါသည်။ ဆရာ ရေးသားခဲ့သော စာအုပ် ၂၅ အုပ် တွင် ရသသဘောသက်ဝင်သည့် ကဗျာစာအုပ်နှစ်အုပ် ပါဝင်သည် ဆိုသော်လည်း အဆိုပါ ကဗျာစာအုပ် နှစ်အုပ်ကပင် အင်္ဂလိပ်စာ အရေး အဖတ် အသုံးအနှုန်းအတွက် များစွာအထောက်အကူဖြစ်စေခဲ့သည်ကို အင်္ဂလိပ်စာ လေ့လာသူများ၊ စာသင်သားများ သိရှိပြီး ဖြစ်ပါလိမ့်မည်။ ယခုအခါ တွင် မြန်မာလူငယ် လူရွယ်များအကြား အင်္ဂလိပ်စကားပြော အတတ် အတွက် ပြည့်စုံလုံလောက်သော လမ်းညွှန်မှုကို တောင်းဆို နေသည်ဖြစ်ရာ စာရေးသူ ဒေါက်တာစိုးသန်းက အဆိုပါ လိုအပ်ချက် အတွက် ရည်ရွယ်ပြုစုလိုက်သော အင်္ဂလိပ်စကားပြောအတွက် အရေးပါ သော အားဖြည့်ဝါကျများအကြောင်း စာအုပ်ဖြစ်သည်။ ယခုစာအုပ်သည် အခြေခံ အဆင့် စတင်လေ့လာလိုသူများအတွက်သာမကဘဲ အင်္ဂလိပ် စကားကို အခြေခံကို ပြောနိုင် ဆိုနိုင်နေသူများအတွက် ပို၍ ထိရောက် သော၊ ပို၍အားပါသော စကားပြောဝါကျများ လက်တွေ့အသုံးချ ပြောဆိုတတ်လာစေရေး အတွက်ကိုပါ အသုံးဝင်အောင် ရည်ရွယ်ပြုစု ထားသည့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

124 + (CD)

စာအုပ်အရွယ်အစား

5.7 x 0.3 x 8.3 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2024 ဇူလိုင်လ (ပထမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စကားပြောအတွက် အားဖြည့်ဝါကျများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဒေါက်တာစိုးသန်း စာအုပ်များ