ဖတ်စေချင်သည့် စာတိုပေစများ
12000 (ကျပ်)
ဘာကြောင့် Literature with a small L လို့ ခေါ်ရသလဲ။ အင်္ဂလိပ်စကားမှာ ရသစာပေကို Literature လို့ သိမ်းကျုံးခေါ်ကြပါတယ်။ ဖတ်သင့်တဲ့ စာကြောင်းပေမွန်တွေကို Canon, Literary canon, Canonical Literary Texts စသည်ဖြင့် ခေါ်ပါတယ်။ English Literary canon, Canonical literary texts တွေက စာကြီးပေကြီးတွေပေါ့။ အချိန်ပေးပြီးဖတ်နိုင်မှ appreciate လုပ်နိုင်မယ့် အရသာခံနိုင်မယ့် စာတွေဖြစ်ပါတယ်။ အဲဒီလိုစာပေကို Literature with a capital “L” လို့ပြောနိုင်ပါတယ်။
အခုကာလကြီးမှာ ကျွန်တော်တို့တွေ ရှင်သန်နေထိုင်ကြပုံတွေဟာ life in the fast lane လို့ မြင်မိပါတယ်။ အစားသုတ်သုတ်၊ အသွားသုတ်သုတ်၊ စာဖတ်တာတောင်မှ social media ပေါ်မှာ reading in a hurry စာတိုလေးတွေကို ခပ်သုတ်သုတ်ဖတ်နေကြရတာ များပါတယ်။ ဒါ့ကြောင့် ကျွန်တော်ဟာလည်း စာဖတ်သူ အချိန်နည်းနည်းလေးပေးပြီး ခပ်မြန်မြန်ဖတ်လိုက်တာနဲ့ အကျိုးရှိစေမယ့် စာအတိုလေးတွေကို ဘာသာပြန်ရော၊ ပင်ကိုယ်ရေးတွေပါ ရေးတင်ခဲ့ပါတယ်။
အခုဒီစာအုပ်လေးဟာ အဲဒီ post တွေကို ပြန်စုစည်းထားတာပါ။ ကိုယ်စာဖတ်ရင်း ကြိုက်လို့စုထားတဲ့ စာတိုပေစလေးတွေအပြင် ကိုယ်တိုင်ခံစားပြီးရေးထားတဲ့ bilingual text အတိုလေးတွေ ဖြစ်ပါတယ်။ စာဖတ်ပြီး ဘဝတိုးတက်ရေးအတွက် ဆင်ခြင်သုံးသပ်စရာတွေ၊ သတိပြုမှတ်သားစရာတွေ ရနိုင်မယ့်အပြင် အင်္ဂလိပ်လိုကိုပါဖတ်ပြီး ဝေါဟာရတိုးပွားလာမယ့်အမြင် ဘာသာပြန်ပုံကိုလည်း လေ့လာကြရမှာ ဖြစ်ပါတယ်။ အချိန်အနည်းငယ်သာပေးပြီး စာတိုလေးတစ်ပုဒ်ကို ဖတ်လိုက်ရပေမယ့် ဖြန့်ကျက်တွေးဆစရာ များစွာကို ဖြစ်ပေါ်စေနိုင်မယ့် “နည်းနည်းရင်းပြီး များများမြတ်” မယ့် Low cost but high returns ပေးနိုင်မယ့် Literature with a small “l” ဖြစ်ပါတယ်။
| စာမျက်နှာ | 272 (Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.8 x 0.4 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2025 ၊ ဇွန်လ (ပထမအကြိမ်) |
3 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ