
သက်တံရောင် နှလုံးသား (သို့မဟုတ်) ရွှေပန်းကန်ပေါ် ကျတဲ့မျက်ရည်
16000 (ကျပ်)
ဒီဝတ္ထုက ဖခင်တစ်ယောက်ရဲ့သမီးအပေါ်ထားတဲ့မေတ္တာနဲ့ ဘကြီးဖြစ်သူ လူပျိုကြီးက တူမအပေါ်ထားတဲ့ မေတ္တာကို လှပစွာ ဖော်ကျူးထားတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။
ဒီဝတ္ထုနဲ့ ပတ်သက်ပြီးစာရေးသူ ဆရာကြီး သန်လျင်မောင်မောင်ဦးက အခုလိုပဲ စာအုပ်ရဲ့ အမှာစာမှာ စာဖတ်သူတွေအတွက် အမှာပါးထားပါတယ်။
အမှန်ကတော့ ‘ ရွှေပန်းကန်ပေါ်ကျတဲ့မျက်ရည် ‘ ဟူသည့်အမည်သည် အကယ်ဒမီမြတ်လေးကပေးသော နာမည်ဖြစ်လေသည်။ ကျွန်တော့်မူရင်းဝတ္ထုနာမည်က ‘ ဘဝမလှတဲ့အညတရ ငါ ‘ ဖြစ်ပါသည်။ရုပ်ရှင်ရိုက်မည်ဆိုတော့ ရုပ်ရှင်နှင့်လိုက်ဖက်မည့် နာမည်လှလှလေးကို မြတ်လေး က ပေးလိုက်ခြင်းဖြစ်သည်။ယင်းနာမည်နှင့်ပင် ရုပ်ရှင်ရိုက်ခဲ့ခြင်းဖြစ်ပါသည်။ဟော..၊ ကျွန်တော်က စာအုပ်ပြန်ထုတ်ချင်တော့ ထို ‘ ရွှေပန်းကန်ပေါ်ကျတဲ့မျက်ရည် ‘ အမည်ဖြင့်ပင်ထုတ်လိုသဖြင့် ဆရာမြတ်လေးထံ ခွင့်ပြုချက်သွားတောင်းသည်။ ရသည်…သို့သော် တစ်ခွန်းတော့ ပြောပြသည်။
” တစ်ခုတော့ရှိတယ်၊ ငါ့ခေါင်းစည်းဆိုတာလေး ပရိသတ်သိရအောင် မင်းက စာအုပ်မှာ အမှာလေးရေးရင်း ငါ့နာမည်လေးကို နည်းနည်း တို့..လိုက်ပေါ့ကွာ ”
သည့်နှယ် မှာလေသည်။
သည့်ကြောင့် ‘ ရွှေပန်းကန်ပေါ်ကျတဲ့မျက်ရည်’ သည်
‘ မြတ်လေး ‘..။
‘ မြတ်လေး ‘ ၏ ‘ ရွှေပန်းကန်ပေါ်ကျတဲ့မျက်ရည် ‘ ဆိုသည့်အကြောင်း နည်းနည်း ‘ တို့ ‘ လိုက်ရပါကြောင်း။
အနုပညာ ပုံသဏ္ဍာန်အမျိုးမျိုး၊ ဇာတ်ဆောင် အသီးသီးဖြင့် ရိုက်ကူးပုံဖော်ခဲ့ရသော ‘ ရွှေပန်းကန်ပေါ်ကျတဲ့မျက်ရည် ‘ မူရင်းအတိုင်း ဝတ္ထုအနေဖြင့် ပြန်လည်ခံစားနိုင်စေရန်အတွက် နောက်ထပ်တစ်ကြိမ် ထပ်မံထုတ်ဝေထားခြင်းဖြစ်ပါတယ်။
| စာမျက်နှာ | 238 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.7 x 0.4 x 8.1 inches |
| ပုံနှိပ်မှတ်တမ်း | ကောင်းဆုသာစာပေ၊ 2026 စက်တင်ဘာလ (တတိယအကြိမ်) |
5 in stock
သန်လျင်မောင်မောင်ဦး စာအုပ်များ
-
ခင်သန္တာစာလုံးများဖြင့်ထုဆစ်ခြင်း
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သန်လျင်မောင်မောင်ဦးတွဲဟောဖော် တွဲပြောဖော်များ
4500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖိုးစော(သန်လျင်)ဂုဏ်တော်စွမ်းအင်နှင့်ကိုယ်တွေ့ဖြစ်ရပ်ဆန်းများ
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သန်လျင်မောင်မောင်ဦးစာရေးဆရာများနှင့်ကျွန်တော်…
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သန်လျင်မောင်မောင်ဦးသက်တံရောင် နှလုံးသား (သို့မဟုတ်) ရွှေပန်းကန်ပေါ် ကျတဲ့မျက်ရည်
16000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ