


တွဲဟောဖော် တွဲပြောဖော်များ
4500 (ကျပ်)
စာရေးဆရာကြီး သန်လျင်မောင်မောင်ဦး ရဲ့ စာပေဟောပြောပွဲသက်တမ်း ၃၆ အတွင်းအတူတကွ စာပေဟောပြောပွဲသွားခဲ့ဖူးတချို့ရဲ့ အကြောင်းလေးများကို ရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။
ဒီဘက်ခေတ်မှာ ဒီလိုမျိုးစာအုပ်ဆိုတာ အသစ်ထွက်ရှိတာမရှိသလောက်ရှားပါးသွားပါပြီ။ နာမည်ကြီးစာရေးသူတို့ရဲ့ ဖြတ်သန်းမှုတစ်ပိုင်းတစ်စကိုမြင်ယောင်နိုင်တဲ့စာအုပ်ဖြစ်ပါတယ်။ ကိုယ်မသိမမီလိုက်ရတဲ့ စာရေးဆရာတွေရဲ့အကြောင်းကို သိခဲ့မြင်ခဲ့ အကူတကွ တွဲသွားတွဲလာလုပ်ခဲ့ဖူးသူတွေက ပြောပြတဲ့အခါ အင်မတန်နားထောင်လို့ကောင်းပါတယ်။ ခုလဲ ဆရာကြီးသန်လျင်မောင်မောင်ဦးက စာပေသြဇာအလွန်တရာကြီးမားလှတဲ့ လေးစားအားကျနေ အတုယူနေရတဲ့ စာရေးသူများရဲ့ဘဝအစိတ်အပိုင်းထဲက တစ်ခုသောအကြောင်းအရာများကို ရေးသားထားတဲ့စာအုပ်မို့ နှစ်သက်ကြလိမ့်မယ်ထင်ပါတယ်။
ဒီစာအုပ်ထဲမှာ မြသန်းတင့်၊ ပခုက္ကူဦးအုံးဖေ၊ လင်းယုန်မောင်မောင်၊ ကြပ်ကလေး၊ အီကြာကွေး၊ မောင်သိန်းဆိုင်၊ မောင်နေမျိုး၊ လယ်တွင်းသားစောချစ်၊ ချစ်ဦးညို၊ ဂီတာဖေဝင်း၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ စမ်းစမ်းနွဲ့(သာယာဝတီ) တို့နဲ့ အတူတကွဟောပြောပွဲသွားခဲ့ဖူးတဲ့အကြောင်းတွေ ရေးသားထားပါတယ်။
| စာမျက်နှာ | 124 |
|---|---|
| စာအုပ်အရွယ်အစား | 5.3 x 0.3 x 8.4 inches |
| ပုံနှိပ်မှတ်တမ်း | ရွှေပေစာပေ၊ 2022 နိုဝင်ဘာလ (ပထမအကြိမ်) |
2 in stock
သန်လျင်မောင်မောင်ဦး စာအုပ်များ
-
ခင်သန္တာစာလုံးများဖြင့်ထုဆစ်ခြင်း
15000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သန်လျင်မောင်မောင်ဦးတွဲဟောဖော် တွဲပြောဖော်များ
4500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
ဖိုးစော(သန်လျင်)ဂုဏ်တော်စွမ်းအင်နှင့်ကိုယ်တွေ့ဖြစ်ရပ်ဆန်းများ
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သန်လျင်မောင်မောင်ဦးစာရေးဆရာများနှင့်ကျွန်တော်…
5000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
သန်လျင်မောင်မောင်ဦးသက်တံရောင် နှလုံးသား (သို့မဟုတ်) ရွှေပန်းကန်ပေါ် ကျတဲ့မျက်ရည်
16000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ