စိတ်ပညာနှင့်ကိုယ်ကျင့်တရား

( 0 မှတ်ချက်)

8000 (ကျပ်)

ဗုဒ္ဓဘာသာကျမ်းပြု စာရေးဆရာတစ်ယောက်အဖြစ် ထင်ရှားသော ဦးအေးမောင် ရေးသားသည့် ယခုစာအုပ်တွင် ကိုယ်ကျင့်တရားနှင့်ဆိုင်သော အတွေးအခေါ်များနှင့် လူသတ္တဝါတို့၏ သဘာဝနှင့် စိတ်ဓာတ်၊ စရိုက်တို့ကိုအနောက်တိုင်း စိတ်ပညာရှင်တို့၏ ရေးသားချက်များအား မှီငြမ်း၍ ရေးသားရှင်းပြထားပါသည်။ လူသားတို့ ခံယူကျင့်သုံးနေကြသော ကိုယ်ကျင့်တရားအကြောင်း၊ နှုတ်အမူအရာ၊ စိတ်အမူအရာနှင့်ပတ်သက်ပြီး ဆင်ခြင် သုံးသပ်ခဲ့ကြသော ကိုယ်ကျင့်အဘိဓမ္မာပညာရှင် အဆက်ဆက်တို့၏ အတွေးအခေါ်များနှင့် ခံယူချက်များကို အကျဉ်းဖော်ပြထားသည်။ မြန်မာဗုဒ္ဓဝါဒီတို့သည် အကျင့်သီလကို အလေးဂရုမပြုဘဲ ဝိပဿနာတရားကို ကျင့်ကြံအားထုတ်လျက်ရှိကြ၏။ ဝိပဿနာလုပ်ငန်း၏ ဦးတည်ချက်ဖြစ်သော လောဘ၊ ဒေါသ၊ မောဟ ချုပ်ငြိမ်းမှု အတွက် စိတ်စင်ကြယ်ရန် လိုအပ်၍ စိတ်စင်ကြယ်မှု (စိတ္တဝိသုဒ္ဓီ)ကို အကျင့်သီလဖြင့် တည်ဆောက်ရ မည်ဖြစ်ကြောင်း ဆရာက ပြောပြထားသည်။ ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ လူ့စိတ်သဘာဝ၏ ခံယူချက်၊ လေ့လာတွေ့ရှိချက်များအပြင် အမှားအမှန်၊ အကောင်းအဆိုးကို ခွဲခြားသိမြင်သည့်အတိုင်း လိုက်နာကျင့်သုံး တတ်ရန်အတွက် အကျင့်သီလနှင့် သက်ဆိုင်သည့် မြတ်ဗုဒ္ဓ၏ ဆုံးမသြဝါဒများကိုလည်း ရှာဖွေတင်ပြထားသည်ကို ဖတ်ရလေ့လာသိမြင်နိုင်မည် ဖြစ်သည်။

စာမျက်နှာ

236

စာအုပ်အရွယ်အစား

5.8 x 0.4 x 8.1 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2024 ဧပြီလ၊ (ပဉ္စမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စိတ်ပညာနှင့်ကိုယ်ကျင့်တရား” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ဦးအေးမောင် စာအုပ်များ