ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ

( 3 မှတ်ချက်)

10000 (ကျပ်)

ယခုစာအုပ်သည် ယခင်ထွက်ရှိပြီး အတွဲသုံးသုံးတွဲကို ပေါင်းကာ ဖြုတ်ပယ်ခဲ့သောအခန်းများကို ပြန်လည်ဖြည့်စွက်ရေးသားထားသည့် စာအုပ်ဖြစ်သည်။ဗုဒ္ဓဝါဒအခြေခံသဘောတရားများကို ခေတ်မီအမြင်ဖြင့် ချည်းကပ်လေ့လာထားသည့် စာအုပ်ဖြစ်ပါတယ်။ဗုဒ္ဓဟောကြားတော်မူသော ပိဋကတ်တော်လာ ဗုဒ္ဓဒေသနာများအတိုင်းလေ့လာစူးစမ်းမှုပြုကာ ခိုင်မာသောမူရင်းပိဋကတ်ကျမ်းဂန်များနှင့်နိုင်ငံခြားသုတေသီပညာရှင်များစွာတို့၏ကျမ်းအသီးသီးကို မှီငြမ်းပြု၍ ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒအကြောင်းကို အကျယ်တဝင့် ရေးသားတင်ပြထားပါတယ်။မြန်မာဗုဒ္ဓစာပေ၌တွေ့ရခဲသော ဗုဒ္ဓ၏အကြောင်းအရာများ၊ ဗုဒ္ဓအား အနောက်တိုင်းအသိပညာရှင်တို့ကကြည်ညိုလေးစားကြပုံ၊အနတ္တတရားနှင့် ခေတ်ပညာရှင်တို့၏ အမြင်ကိုက်ညီနေပုံ၊ ရဟန်းသံဃာ၊မဟာယာနဗုဒ္ဓဘာသာ၊ဂျပန်နိုင်ငံမှ ဇင်ဝိပဿနာစသည်များ ဖော်ပြထားသည်..။
ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒအပေါ် သမိုင်း၊ ဒဿန၊ ဝေါဟာရ ရှုထောင့်အမြင်ပေါင်းစုံတို့ဖြင့် ရေးသားထားရာ ခေတ်သစ် ဗုဒ္ဓစာပေသမိုင်းတွင် အလွန်ထူးခြားသော ကျမ်းစာတစ်စောင်ဖြစ်သည်ဟု စာအုပ်အမှာစာလေးမှာ ဆိုထားပါတယ်…။

စာမျက်နှာ

518

စာအုပ်အရွယ်အစား

5.8 x 1 x 9 inches

ပုံနှိပ်မှတ်တမ်း

ရန်အောင်စာပေ၊2017 ဇူလိုင်လ (ပ-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

23.2.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 10000စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

Out of stock

ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ အား ဝေဖန်သုံးသပ်မှု 3 ရှိပါသည်။

  1. Thiha Min Aung

    ဤစာအုပ်ကို ဖတ်ပြီးပါက ဗုဒ္ဓ အပေါ်ကြည်ညိုပုံမျိုးပြောင်းသွားနိုင်ပါတယ် ဒါမှမဟုတ်လဲ အမြင်ကွဲသွားနိုင်ပါတယ် စာအုပ်တွင် ပိဍကတ်နှင့် ဗုဒ္ဓ၀င်ကွဲပြားမှုများကို အသေးစိတ်ဝေဖန်စိစစ်ပေးထားပါတယ် ဆရာကြီးငွေဥဒေါင်း ကိုယ်တိုင်ပါမှတ်ချက်ပေးထားပါတယ်

  2. Rev.Therinda

    ဖတ်ပြီးယင်း ဖတ် ၊ မှတ်ပြီးယင်းမှတ်ပြီး ဘာသာရေးအပေါ် ယုံကြည်ခြင်း အတိမ်အနက်ကို တိုင်းတာ နိုင်တဲ့ စာအုပ်ကောင်း တအုပ်ပါပဲ။ တရားဂုဏ်တော်ထဲက ဧဟိပဿိကော ဂုဏ်တော်ကို အလင်းပြတဲ့ ကျမ်းကောင်း တစ်အုပ်ပါ။

  3. Pyae Ar Kar

    ဒီစာအုပ်ဟာ ဘာသာရေးလောကကို ဗုံးတစ်လုံးပစ်ချလိုက်သကဲ့သို့ ပွက်လောရိုက်သွားစေသည်ဟု ဦးကြီးမောင်(ငွေဥဒေါင်း) ကအမှာစာမှာ ပြောထားတာတွေ့လိုက်ရတယ်

    ဆရာအောင်သင်းနဲ့ အင်တာဗျူးမှာ ဆရာအေးမောင်ဟာ ဗုဒ္ဓဘာသာအကြောင်းဆန်းစစ်လေ့လာရာတွင် ဗုဒ္ဓဝါဒီကို လက်ကိုင်မထားဘဲ အပြင်ကနေ လေ့လာထားတဲ့ပုံစံဖြစ်တယ်လို့ ဆရာအောင်သင်းက ဆိုထားတယ်

    ဘာသာရေးနဲ့ပတ်သက်ပြီး ဝေဖန်ဆန်းစစ်ရာမှာ မိမိရဲ့ မိရိုးဖလာ ဘာသာကို ပြန်လည်ဆန်းစစ်ရတာ တော်တော်လေးခက်ပါတယ် ၊ ဘာသာရေးအချို့ဟာ အကြောက်တရားနဲ့ထိန်းချုပ်တယ် လွတ်လပ်စွာ တွေးခေါ်ခြင်းကို တားမြစ်ထားတယ် ၊ မိမိကိုးကိုယ်ရာဘာသာအကြောင်းတောင် သေချာမသိဘဲ လူ့ဘ၀ကနေ ပျောက်ဆုံးသွားကြတဲ့ လူတွေ တပုံကြီးပါ

    တဖြေးဖြေး ချဲ့ကားလာကြတဲ့ စကားလုံးတွေရဲ့နောက်က အမှန်တရားကို ပြန်ရှာဖွေရတာ ခက်ခဲပါတယ် ၊ ကျမ်းကိုးကျမ်းကားတွေနဲ့ ဖော်ပြထားခြင်း ခံရတဲ့ အကြောင်းအရာတွေဆို ပစ်ယုံတတ်တဲ့ လူတွေကို ပြန်ရှင်းရတာ ပိုခက်ခဲပါတယ်

    ကျွန်တော်တို့ လူသားတွေရဲ့ အကျင့်ဟာ ချီးကျူးချင်တဲ့အရာဆို ပိုချီးကျူးတယ် ၊ ပိုပြီးတော့ကောင်းအောင် Creative လုပ်ချင်တယ် ( ဒီနေရာမှာ ကိုယ်ပိုင်အမြင်လေးတစ်ခု ပြောချင်တာက ဘုရားရှင်ရဲ့ ရုပ်ပွားတော်ကို မင်းမြောက်တန်ဆာလိုလို အဆောင်အယောင်တွေ ထည့်လာကြတယ် ၊ ဘုရားကို ကြည်ညိုဖွယ် အဆင်းဖြစ်ဖို့ အဓိကမထားဘဲ ဆင်းတုတော်ကြီးမားဖို့ကို ဦးတည်လာကြသလားပဲ )

    ရှေးရှေးက ဆရာကြီးတွေဟာ ဗုဒ္ဓကို တန်ခိုးရှင်အဖြစ်ဖန်ဆင်းခဲ့ကြတယ် တကယ်တော့ ဗုဒ္ဓဟာ တန်ခိုးပြခြင်းကိုတောင် တားမြစ်ခဲ့သေးတယ်

    ဒီထဲမှာပါတဲ့ လေ့လာဆန်းစစ်ချက်တွေဆို ဗုဒ္ဓဘာသာတွေ တော်တော်များများ မမြင်တဲ့အချက်တွေကို သေသေချာချာလေး ဆန်းစစ်ထားတာကိုတွေ့ရတယ်

    အနောက်နိုင်ငံက ဗုဒ္ဓဘာသာ၀င် မဟုတ်တဲ့သူတွေတောင် ဗုဒ္ဓကို မြင့်မြတ်တဲ့လူသားအဖြစ် တလေးတစား အသိအမှတ်ပြုကြတယ်

    ဗုဒ္ဓဟာ ကိုယ်တိုင်ဆန်းစစ်ပြီးမှ လက်ခံ ငါဘုရားဟောဆိုတိုင်းလည်း လက်မခံနဲ့လို့ ဟောကြားခဲ့ဖူးတယ်

    ဒီနေရာမှာ ဆရာအေးမောင်ရဲ့ အသိပညာရှာရာတွင် သိထားသင့်တဲ့ အချက်တစ်ချက်ကို ဖော်ပြချင်တယ် ” အသိပညာရှာတဲ့အခါမှာ သံသယစိတ် လွန်ကဲမှုနဲ့ မျက်စိမှိတ် ယုံကြည်မှုဆိုတဲ့ အစွန်းနှစ်ခုကို ရှောင်ပြီး အလယ်လမ်းကို လိုက်ဖို့လိုပါတယ် ”

    ဒီစာအုပ်ဟာ ပိတ်ထားတဲ့အမြင်တွေ ပွင့်လာအောင် လုပ်နိင်စွမ်းတယ် ၊ မင်းနန်(မော်ကျွန်း)ရဲ့ အထက်တန်းစား ဗုဒ္ဓဘာသာ၀င်နဲ့ အရှင်ဇနကာဘိဝံသရဲ့ အနာဂတ် သာသနာရေး လိုပဲ အရမ်းကြိုက်မိတဲ့ စာအုပ်တစ်အုပ်ဖြစ်သွားခဲ့တယ် ……

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဦးအေးမောင် စာအုပ်များ