သေသည်၏ အခြားမဲ့၌
8000 (ကျပ်)
စိတ်ပညာဆိုင်ရာ အသိအမြင်နှင့် အတွေးအမြင် ကျမ်းပေါင်းများ စွာ ရေးသားပြုစုခဲ့သော ဆရာကြီး ဦးအေးမောင်၏ အခြားစာရေးသူ ဦးဝင်းမောင်နှင့် တွဲဖက်ရေးသားသော လူသိများသည့် ကျမ်းတစ်စောင် ဖြစ်ပါသည်။ လူသည် သေလွန်ပြီးသည့်နောက် အရာအားလုံး ပျောက်ကွယ်ပြီးဆုံးသွားပြီလော၊ သို့မဟုတ် ဘဝအသစ်တစ်ဖန် ကျင်လည် ကျက်စားသည်လော၊ ဘဝပြောင်းပြီး လူတစ်ဖန် ပြန်လည် ဖြစ်ပေါ်သည် ဟု ယုံကြည်လောက်ဖွယ် ဖြစ်ရပ်များနှင့် ပြဿနာအထွေထွေကို စိတ်ပညာရှုထောင့်မှ စူးစမ်းလေ့လာတင်ပြထားသည့် ကျမ်းတစ်စောင်ဖြစ် သည်။ “သေသည်၏ အခြားမဲ့၌” စာအုပ်တွင် တမလွန်ဘဝ ရှိသည်ကို ယုံကြည်သူတို့၏ အဆိုကိုလည်း မလွတ်စေရ၊ မယုံကြည်သူတို့၏ အဆိုကိုလည်း မလွတ်စေရအောင် သိပ္ပံနည်းကျ တွေးဆ ဆင်ခြင်ပြထားသည်မှာ များစွာ စိတ်ဝင်စားဖွယ်ကောင်းသည့်ပြင် စိတ်ဝိညာဉ် သုတေသီတို့၏ တွေ့ရှိချက်များ၊ ယူဆချက်များကို စာဖတ်သူကိုယ်တိုင် လေ့လာသုံးသပ်နိုင်မည် ဖြစ်ပါသည်။
စာမျက်နှာ | 317 |
---|---|
စာအုပ်အရွယ်အစား | 5.7 x 0.5 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ ၊ 2023 ဇူလိုင်လ(သတ္တမ-ကြိမ်) |
3 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ