
အတ္တအကျဉ်းသား
12000 (ကျပ်)
ပဆစ်အိမ်၊ ရေနံ့သာခင်ခင်ကြီး၊၊ ပုဂံမြို့သူ၊ ပုစ္ဆာဆန်သော မိန်းကလေး အစရှိသည့် နာမည်ကျော်ဝတ္ထုများဖြင့် ထင်ရှားခဲ့သော ဆရာမောင်သိန်းဆိုင်၏ လုံးချင်းဝတ္ထု ပြန်လည်ထွက်ရှိလာခြင်း ဖြစ်ပါသည်။
အဝါ …
အဝါသည် အတန်းပညာနည်းသော်လည်း ရုပ်ရည်ချောမောပြီး ယဉ်ကျေးသိမ်မွေ့သည့် မိန်းကလေးတစ်ဦး … အိမ်ရာသစ်တည်ထောင်သူ မိခင်ကြောင့် အသက် ၁၀ နှစ်ကျော်ကပင် ပဲခူးမြို့မှ ဘကြီးမိသားစုရှိရာ ပြည်မြို့နေအိမ်သို့ ရောက်ခဲ့ရပြီး အိမ်မှုကိစ္စတွေ လုပ်ကိုင်ပေးရင်း အရွယ်ရောက်လာချိန်တွင် တစ်အိမ်တည်းနေ ဘကြီး၏သား တက္ကသိုလ်ကျောင်းသား ကိုအောင်နိုင့်အပေါ် သံယောဇဉ်တွယ်မိခဲ့၊ ယင်းကို လင်ကောင်မပေါ်ဘဲ မွေးသည့် မိန်းကလေးဟု ချိုးနှိမ်တတ်သော အောင်နိုင့်မိခင်က အပြစ်မြင်ကာ အဝါ့ကို အမေရင်းထံ ပြန်လွှတ်ခဲ့၊ ခိုကိုးရာမဲ့ အဝါ ပဲခူးနေအိမ်အစုတ်လေးသို့ ရောက်သည့်အခါ တစ်ရက် မိခင်အလစ် အကြံသမားပထွေးက အဓမ္မပြုရန် အားထုတ်စဉ် အလွတ်ရုန်းထွက်ကာ ရန်ကုန်သို့ ထွက်ပြေးလာခဲ့၊ ရန်ကုန်တွင် ကံကောင်းထောက်မ၍ မအေးမြင့်ကြည် ဆိုသည့် အရွယ်တူ ကူညီသူနှင့် ဆုံတွေ့ပြီး အဆောင်တစ်ခု၌ အတူနေရင်း ဗိုလ်ချုပ်ဈေး ဆိုင်တစ်ဆိုင်တွင် အလုပ်ရကာ ချို့ချို့တဲ့တဲ့ နေထိုင်ခဲ့ရသည်။
မအေးမြင့်ကြည်သည် ကျန်းမာရေး ကောင်းသူမဟုတ်၊ သို့ရာတွင် တစ်နေရာရာမှ ရောက်လာတတ်သော စာများကိုမူ မပျက်မကွက် စာပြန်ကြားနေဆဲ တဖြည်းဖြည်း ကျန်းမာရေး ဆိုးရွားလာပြီး ကွယ်လွန်ခါနီးတွင် အဝါ့အတွက် စာရေးထားခဲ့ကြောင်း ပြောခဲ့ရာ သူမ ဆုံးပြီးတစ်ရက် ထိုစာများကို ရှာဖွေဖတ်ကြည့်ရာမှ မအေးမြင့်ကြည်သည် တစ်ကောင်ကြွက် မဟုတ်ဘဲ မန္တလေးရှိ ဆွေကြီးမျိုးကြီး မျိုးဆက်ဖြစ်ကာ အမွေအများအပြား ဆက်ခံရမည့်သူအဖြစ် သိရှိရပြီး သူ့စာ တိုက်တွန်းချက်ကြောင့်ပင် မအေးမြင့်ကြည်အဖြစ် ခံယူရန် မန္တလေးမြို့ အိမ်ဂေဟာကြီးသို့ အဝါ မဝံ့မရဲ သွားရောက်ခဲ့သည်။
ထိုကစ၍ သီရိမြိုင်အိမ်တော်ကြီးတွင် မြိုင်မျိုးဆက်များ ဖြစ်ကြသည့် ဒေါ်သီတာမြိုင်၊ မနှင်းမြိုင်၊ မသင်းမြိုင်၊ မလေးမြိုင်၊ ကိုကိုမြိုင်နှင့် ဆုံတွေ့ကာ ဖိနှပ်မှုများ၊ မသင်္ကာမှုများ၊ မနာလိုဝန်တိုမှုများ၊ မလိုမုန်းတီးမှုများနှင့် ခန့်မှန်းရခက်သော အခြေအနေတွေကြား မအေးမြင့်ကြည် တစ်ဖြစ်လဲ အဝါဆိုသော မိန်းကလေး မည်သို့မည်ပုံ ခက်ခက်ခဲခဲ ရှင်သန် ရပ်တည်ခဲ့ရကြောင်း ခြယ်မှူန်ထားလေသည်။ ပဟေဠိ ဆန်လှသော ဘဝတွင် အလိမ်မပေါ်ရအောင် ပိပိရိရိ နေထိုင်လာရင်း အမွေကိစ္စ အထမြောက် မမြောက်၊ အောင်မြင် မအောင်မြင်နှင့် အလိမ်ပေါ် မပေါ်တို့ကို ဆရာ မောင်သိန်းဆိုင်၏ ရေးဟန်အတိုင်း လှုပ်ကွက်၊ မြှုပ်ကွက်လေးများဖြင့် ရင်တဖိုဖို ဖတ်ရပါမည်။ ဇာတ်လမ်းဇာတ်အိမ် ကျယ်ပြန့်သလို ဇာတ်ကောင်၊ ဇာတ်ဆောင်နှင့် ဇာတ်ရံ အများအပြားပါဝင်ရာ လူ့စရိုက်အမျိုးမျိုးကို မြင်တွေ့ရမည့် ရသတ္ထုရှည်ကောင်းတစ်ပုဒ် ဖြစ်ပါသည်။
| စာမျက်နှာ | 369 (Burma Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.3 x 0.8 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2026 ဇွန်လ (စတုတ္ထအကြိမ်) |
2 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ