ပုဂံမြို့သူ
9000 (ကျပ်)
…
| စာမျက်နှာ | 292 |
|---|---|
| စာအုပ်အရွယ်အစား | 5.2 x 0.5 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2022 မတ်လ (စတုတ္ထအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 4.8.2025 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 9000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
13 in stock





Aeri Myat –
မစောလတ်နဲ့ မောင်မောင်ကြီးကို အကြောင်းပြုလို့ ရေးဖွဲ့ထားတဲ့ ဒီဇာတ်လမ်း။
ဖတ်နေရင်း ပုဂံသွားချင်တဲ့စိတ်လည်း ဖြစ်မိတယ်။
လူဝင်စားတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ခင်စောမူကြုံခဲ့ရတာတွေကို နားလည်နိုင်သလို…..
ခင်စောမူကို သဘောကျမိတဲ့ မောင်မောင်ကြီးအဖြစ်ကိုလည်း စိတ်ထဲ စာနာမိတယ်။
ပုဂံခေတ် မင်းများ၊ပုဂံဘုရားများ အကြောင်းကစလို့ ရှေးခေတ် ဆေးရေးပန်းချီတွေ၊လောကီကျွန်၊လောကုတ္တရာကျွန် စသည်ဖြင့် ဗဟုသုတရဖွယ်၊ချင့်ချိန်နိုင်ဖွယ်ရာလေးတွေ ထည့်ပြီး ပြောပြပေးသွားတာလေးကလည်း စိတ်ဝင်စားဖို့ကောင်းနေတာရယ်။
ခင်စောမူနဲ့ မောင်မောင်ကြီး ပြန်ဆုံကြမယ်လို့လည်း မျှော်လင့်မိပါရဲ့…။