ကိုယ့်ကိုယ်ကိုယ် အနားယူပြီးဖေးမကူပါ

( 0 မှတ်ချက်)

5000 (ကျပ်)

မောပန်းနွမ်းလျတဲ့နေ့ရက်တွေကို မေ့ပျောက်ပြီး ပေါ့ပေါ့ပါးပါး ရှေ့ဆက်လျှောက်လှမ်းနိုင်စေမယ့် စာအုပ်ကောင်းတစ်အုပ်….

ကိုယ့်ရဲ့ဖြစ်တည်မှုကို ကိုယ်သာအသိဆုံးမို့ ဘဝရဲ့ထိုးနှက်ချက်ဒဏ်တွေကို ခံနိုင်ရည်ရှိဖို့ ကျွန်တော်တို့ခဏတော့ အနားယူရပါမယ်။ ကိုယ်မျှော်လင့်ထားသမျှတွေ ပြိုလဲပျက်စီးသွားခဲ့လို့ ကိုယ်ချစ်ရတဲ့သူကလည်း ကိုယ့်ကိုစွန့်ခွာသွားတဲ့အချိန်မျိုးမှာ ဘာတစ်ခုမှမလုပ်ခင်လေးခဏရပ်ပြီး အနားယူလိုက်ပါ။

ဘယ်သူမှ ခြောက်ပစ်ကင်းသဲလဲစင်ပြီး ချွတ်ယွင်းချက်မရှိတဲ့သူဆိုတာ မရှိပါဘူး။ ဒါကြောင့် ကိုယ့်မှာ အားနည်းချက်ကလေးတွေရှိပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ချစ်ပါ။ ဘဝတစ်လျှောက်လုံးမှာ ကိုယ်ဒီလောက်ကြိုးစားရုန်းကန်ခဲ့ရတာတောင် ကိုယ့်ကိုယ်ကိုယ် ကြင်နာတဲ့စိတ်၊ ညှာတာသနားတတ်တဲ့စိတ်ကလေးတွေမရှိဘူးဆိုရင် အဲဒါကိုယ့်ကိုယ်ကိုယ် မချစ်တတ်သေးလို့ပါ။ ကျွန်‌တော်တို့က ကိုယ်နဲ့ရင်းနှီးချစ်ခင်ရတဲ့ ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းတွေအပါ်မှာတော့ ကိုယ်တိုင်က စိတ်အားထက်ထက်သန်သန်နဲ့ ကူညီပံ့ပိုးပေးဖို့ ထက်သန်တက်ကြွနေပေမယ့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ကျတော့ မေ့နေတတ်ကြပါတယ်။ တစ်ခါတလေ ကျွန်တော်တို့က ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက် တစ်စုံတစ်ယောက်ဆီမှာ လိုက်ရှာကြည့်တတ်ကြတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်နေဖို့အတွက် အဝေးကြီးမှာ လိုက်ရှာနေစရာမလိုပါဘူး။ ကိုယ့်ရဲ့အနီးနားမှာပဲ ကိုယ့်ရဲ့ပျော်ရွှင်မှုက ရှိနေပြီးသားပါ။ ဘဝက ပျော်ရွှင်ချမ်းမြေ့မှုလေးရှိနေရင် ကျွန်တော်တို့နှလုံးသားက အသစ်အသစ်တွေကို လက်ခံနိုင်စွမ်း ပိုပြီးအားကောင်းလာစေပါတယ်။ ကိုယ့်ရဲ့စိတ်အခြေအနေက မကောင်းတဲ့ဘက် အဆိုးမြင်တဲ့ဘက်ကိုရောက်သွားရင်တော့ နှလုံးသားက အသစ်အသစ်တွေကို လက်ခံနိုင်မှုစွမ်းရည်ဟာ ကျဆင်းသွားတတ်ပါတယ်။

ဘာတွေဘယ်လောက်ပဲကောင်းကောင်း၊ ဘယ်လောက်ပဲ အသစ်အဆန်းတွေဖြစ်နေပါစေ၊ ကိုယ့်နှလုံးသားမှာ ပျော်ရွှင်ချမ်းမြေ့မှု မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ရဲ့တိုးတက်မှုနှုန်းကလည်း နှေးကွေးသွားပြီး အရာရာစိတ်ဝင်စားစရာ မကောင်းနိုင်တော့ပါဘူး။ ကျွန်တော်တို့က တစ်စုံတစ်ယောက်ဆီက နှစ်သိမ့်အားပေးမှုကို မျှော်လင့်နေမယ်ဆိုရင်တော့ အဲဒီမျှော်လင့်မှုရဲ့ဖိစီးမှုဒဏ်ကို ကိုယ်တိုင်ခံစားရလိမ့်မယ်။ ဘယ်သူကမှ ကျွန်တော်တို့ရဲ့ စိတ်ကျေနပ်နှစ်သိမ့်မှုကို အပြည့်အဝမပေးစွမ်းနိုင်ပါဘူး။ ဒါကြောင့် တစ်စုံတစ်ယောက်ဆီက မျှော်လင့်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်အားပေးပြီး အခြားသူတွေကို တကယ်စစ်မှန်တဲ့စိတ်ရင်းစေတနာနဲ့ စောင့်ရှောက်ပေးမယ်ဆိုရင် ကိုယ့်ရဲ့သေးသေးဖွဲဖွဲ အကူအညီပေးမှုလေးကလည်း ကိုယ့်ကိုယ်ကိုယ် ပိုပြီးကျေနပ်နှစ်သိမ့်အားရစ‌ရာကောင်းသလို ပိုပြီးပျော်ရွှင်ချမ်းမြေ့စရာကောင်းပါတယ်။

 

ယခုစာအုပ်မှာ အပိုင်းနှစ်ပိုင်းပါဝင်ပြီး ပထမအပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အနားယူပြီး ဖေးမကူနိင်ဖို့အတွက်ဖြစ်ပြီး၊ ဒုတိယပိုင်းကတော့ ကိုယ့်ကိုယ်ကိုယ်ပြန်ရှာတွေ့နိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ ဘဝအတွက်ရည်မှန်းရာမှာ မှန်မှန်ကန်ကန်ထားတတ်ဖို့၊ မိမိကိုယ်ကိုယ်လေးစားတဲ့စိတ်၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာ၊ ကိုယ်ကျင့်တရားကောင်းဖို့၊ ကိုယ်ကိုယ်တိုင်က ရိုးရိုးကျင့်ပြီး မြင့်မြင့်ပျံသန်းနိုင်စေဖို့၊ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာတွေ့နိုင်စေဖို့ …စတဲ့ ဘဝအတွက် အထောက်အပံ့ဖြစ်မယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

106

စာအုပ်အရွယ်အစား

5.3 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

We Loveစာပေ၊ 2023 နိုဝင်ဘာလ (ပထမအကြိမ်)

18 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကိုယ့်ကိုယ်ကိုယ် အနားယူပြီးဖေးမကူပါ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မင်းမင်းထက် စာအုပ်များ