CHANGE
4500 (ကျပ်)
🍁𝗖𝗛𝗔𝗡𝗚𝗘 ဆိုတဲ့အတိုင်းပါပဲ။ ကိုယ့်ဘဝကို ပြောင်းလဲချင်စိတ်ရှိသူတိုင်း ဖတ်သင့်တဲ့
စာအုပ်လေးတစ်အုပ်ပါ။ လူငယ်ဆန်ဆန် ရေးသားထားတဲ့ လူငယ်တစ်ယောက်ရဲ့ ဘဝအတွေးအမြင်၊
အချစ်ခံစားမှုရသတွေအပြင် တစိမ့်စိမ့်တွေးပြီး ဖတ်ရမယ့် Success Mindset အတွေးအမြင်တွေပါထည့်သွင်းဖော်ပြပေးထားလို့ တကယ်ကို ဖတ်ရကျိုးနပ်စေမယ့် စာအုပ်ကောင်းလေးတစ်အုပ်လို့ဆိုရပါမယ်။
🔖𝒀𝒐𝒖𝒓𝒔𝒆𝒍𝒇
မဖြစ်နိုင်တာကို မျှော်လင့်ပြီး
ကိုယ့်ကိုယ်ကိုယ် ပိတ်လောင်ထားတာထက်
အဲဒီအရာကို အဆုံးသတ်ပြီး နောက်တစ်ခုကို
စတင်တာကပိုကောင်းပါတယ်။
ဘဝမှာ အနာကျင်ရဆုံးအရာက
တစ်စုံတစ်ယောက်ကို တန်ဖိုးထားလွန်းတဲ့
ဖြစ်စဉ်မှာ ကိုယ့်ကိုယ်ကိုယ်
ဆုံးရှုံးသွားတာပါပဲ။
===
🔖𝑪𝑯𝑨𝑵𝑮𝑬
#မင်းရဲ့အပြုံးက
ကမ္ဘာကြီးကို ပြောင်းလဲစေတယ်။
အပြောင်းအလဲကို မကြောက်ပါနဲ့
အကြောက်တရားကို ပြောင်းလဲပါ။
===
❤️𝑳𝑶𝑽𝑬
အချစ်ဆိုတာ
အချစ်သက်သက်ပါ။
ဘယ်တော့မှ ရှင်းပြလို့မရဘူး။
မျက်ရည်တွေ၊ နာကျင်စရာတွေ
အတိုက်အခံတွေမရှိတဲ့ကမ္ဘာမှာ
ပျောက်ဆုံးသွားကြရအောင်
ငါတို့နှစ်ယောက်ထဲရှိတဲ့ ကမ္ဘာ…။
===
🔖ပျော်ရွှင်ပါစေ
အခြားသူတွေနဲ့ မနှိုင်းယှဉ်ဘဲ
မင်းရဲ့ကိုယ်ပိုင်ဘဝကို မင်းကိုယ်တိုင်
ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ…
===
| စာမျက်နှာ | 144 |
|---|---|
| စာအုပ်အရွယ်အစား | 5.1 x 0.2 x 7.3 inches |
| ပုံနှိပ်မှတ်တမ်း | We Loveစာပေ၊ 2024 မတ်လ (ပထမအကြိမ်) |
4 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ