Life Diary

( 0 မှတ်ချက်)

3500 (ကျပ်)

◽ ငါ့ဘဝရဲ့ တစ်သက်တာစာအုပ်ကို ခဲတံနဲ့ပဲ ရေးချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါ့ဘဝရဲ့ စာမျက်နှာ အစိတ်အပိုင်းတချို့မှာ ဖျက်ပစ်လိုက်ရတဲ့ စာမျက်နှာအချို့ ရှိနေလို့ပဲ။

◽ လူတွေရဲ့ဘဝမှတ်တမ်းဟာ နေ့စဉ်ကြုံနေရတဲ့ ထိတွေ့မှုတွေ၊ မျှော်လင့်မှုတွေ၊ မြတ်နိုးမှုတွေ၊ ချစ်ခြင်း တရားတွေပါပဲ။

◽ မင်း နေထိုင်တဲ့ဘဝက မင်း ပြောနေတဲ့စကားလုံးတွေထက် ပိုအရေးကြီးပါတယ်။ ဘဝဖြတ်သန်းမှုထဲ ဆူးတွေရှိချင်ရှိမယ်။ နျူကလီယားတွေနဲ့ ခြောက်လှန့်ထားတဲ့သတ်ကွင်းတွေရှိချင်ရှိမယ် မင်းကြိုးစားပြီးကျော်လွှားရမှာပါပဲ။ လူတွေဆိုတာ မင်းရဲ့ခံစားချက်တွေကိုသိလာလေ မင်းကိုနာကျင်စေမဲ့နည်းလမ်းတွေကို ရှာဖွေလေလေ ပါပဲ။

◽ သူတို့ ဘာကိုရှာဖွေနေလဲဆိုတာ မင်းသိရင် မင်းသူတို့ကို လျစ်လျူရှုနိုင်မှာပါ။ ဒါပေမဲ့ မင်းရဲ့အပြုံးနဲ့ ဘဝကိုဖြတ်သန်းရတာ ပိုလွယ်ပါတယ်။

◽ မင်း လုပ်သမျှအတွက် ဘယ်တော့မှ နောင်တရစရာအကြောင်းမရှိဘူး။ တစ်ချိန်ချိန်မှာ မင်းလုပ်သမျှ အရာအားလုံးက မင်းလိုချင်တဲ့ အစိတ်အပိုင်းဖြစ်နေ လို့ပဲ။

◽ မင်းသိထားဖို့က ဘဝဆိုတာ ၁ ရာခိုင်နှုန်းပဲဖြစ်ပြီး ကျန်တဲ့ ၉၉ ရာခိုင်နှုန်းက မင်းဘယ်လိုတုန့်ပြန်သလဲဆိုတာပါပဲ။

◽ ဒီစာအုပ်မှာ မင်းအကြောင်းလဲပါမယ်။ ငါ့ အကြောင်းလဲပါမယ်။ မင်းရဲ့ဝန်းကျင်အကြောင်း လဲပါမယ်။ ငါတို့အားလုံးရဲ့ ထွက်ပေါက်တွေ အကြောင်းရေးထားတဲ့စာအုပ်ဆိုတာတော့ သိစေချင်တယ်။

စာမျက်နှာ

142

စာအုပ်အရွယ်အစား

5.1 x 0.3 x 7.4 inches

ပုံနှိပ်မှတ်တမ်း

ရွှေပေစာပေ၊ 2024 ဖေဖော်ဝါရီလ(တတိယအကြိမ်)

11 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“Life Diary” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မင်းမင်းထက် စာအုပ်များ