မြေးသူကြီး
15000 (ကျပ်)
…
| စာမျက်နှာ | 308 |
|---|---|
| စာအုပ်အရွယ်အစား | 5.3 x 0.8 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2018 ဇူလိုင်လ၊ (တ-ကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 21.9.2024 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 15000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
3 in stock





Seint –
ဆရာညီပုလေးရဲ့ လက်ရာကောင်းတစ်ခုပါ
မြေးသူကြီးဆို အဘိုးလက်ထက်ကတည်းက သူကြီးမြိုးရိုးကဆင်းသက်လာပြီး မြေးအထိ သူကြီးတာဝန်ထမ်းဆောင်ခဲ့သူ ဦးစောမောင်က သူ့အကြောင်းဖြတ်သန်းခဲ့ရတဲ့ဘဝကို ပုံပြောသလိုပြောပြတဲ့ပုံစံနဲ့ရေးထားတာမို့ ဖတ်ရတာပျင်းစရာလုံးဝမဖြစ်ဘဲ မှတ်သားစရာတွေ အများကြီးရတဲ့ စာအုပ်လေးပါ
အင်္ဂလိပ်ခေတ် ဂျပန်ခေတ် နိုင်ငံရေးအခြေအနေတွေထဲ ဖြတ်သန်းခဲ့ရသူ မြေးသူကြီးက အဘိုးလက်ထက်ကနေစ အဖေသူကြီးဘဝကအလယ် သူ့ဘဝဖြစ်ရပ်တွေအဆုံး အမှတ်ရစရာတွေ တွေ့ကြုံခဲ့ရတဲ့လူတွေရဲ့အကြောင်း ရယ်စရာမောစရာ မှတ်သားစရာ အားတက်စရာ သနားစရာ တွေကို ပြောပြလိုက်တာမှ ဖတ်ရသူမှာ စစ်ကိုင်းမြို့ မန္တလေးမြို့ကို ကိုယ်တိုင်လိုက်သွားနေရသလိုထိ ကောင်းတဲ့စာအုပ်ပါ …
အညာအစားအစာတွေကို ဖတ်ရတဲ့အခါဖတ်ရသူမှာ သွားရည်ကျရ
တာဝန်ခံသူကြီးဘဝ ဓားပြတွေက အနီးကရွာ ဓားပြတိုက် မရတော့ အိမ်မီးရှို့
တာဝန်ခံသူကြီး ခမျာ မီးကျွမ်းအလောင်းတွေ လှည်းပေါ် တင်
ရဲဆေးတင်တဲ့အနေနဲ့ ဘကြီးတိုက်တဲ့အရက်နဲ့ အမဲဖုတ်ဆိုတာကိုစား
အမဲခြောက်ဖုတ်က ဆားပေါ့သတဲ့ သူကဆိုသေး
နောက်မှ သိရတာက ဟိုဘကြီးက အလောင်းကပေါင်သားဖဲ့ကျွေးတာ သူသိတော့မှ အန်လိုက်တာဆိုတာ …
ဒါက သူ့ငယ်ဘဝ
နောက် စကားအဆက်အစပ်နဲ့ သူ့ဖခင်လက်ထက်လှေလှော်ပြိုင်ပွဲတွေအကြောင်းကလည်း ကိုယ့်မှာဖတ်ရတာ ဗဟုသုတတွေအများကြီးရလိုက်တာ
ဒီစာအုပ်လေးကို ဖတ်ဖို့ highly recommend ပါနော် …