အညာပင်လယ်
4000 (ကျပ်)
အညာပင်လယ်ဆိုသည့်အတိုင်း…ဆရာညီပုလေးရဲ့ အညာသင်္ကေတပါသည့် ဝတ္ထုလတ်တစ်ပုဒ်နှင့်
ဆရာမမိချမ်းဝေရဲ့ ပင်လယ်သင်္ကေတပါသည့် ဝတ္ထုလတ်တစ်ပုဒ်တို့ကို ပေါင်းစပ်ဖွဲ့စည်းထားသည့် ရသစာအုပ်လေးတစ်အုပ်။
အညာမှာ အညာအလှ၊ အညာသင်္ကေတတွေ ရှိနှင့်ပြီးသားဖြစ်၏။ ရေမြေ၊တောတောင်၊ သစ်ပင်၊ပန်းမန်၊မြစ်ချောင်း၊အင်းအိုင်အလှ၊ အညာဒေသနေသူတို့၏ နေထိုင်စားသောက်မှု ဓလေ့ဘာသာတွေရှိသည်။ ထို့အတူပင် ပင်လယ်ကမ်းရိုးတန်းမှ မြင်ကွင်းရှုကွက်တို့၏ သဘာဝအလှ၊ ကျွန်းတောင်၊ သောင်ကမ်းတို့၏ ဖွဲ့တည်မှု၊ ကျွန်းပေါ်နေသူတို့၏ လှုပ်ရှားရုန်းကန် ဘဝဝမ်းစာရှာဖွေမှုများ၊ တူမလိုလိုနှင့် မတူခြားနားသော ထိုနှစ်ခုကို ဆက်စပ်ယှဥ်တွဲ၍ စာဖတ်သူများ ဖတ်ရှုခံစားစေချင်သည်။ (စီစဉ်သူစကားမှ)
ဆရာညီပုလေးက အညာဓလေ့မှာ လူပြောများလှသည့်..လော်စပီကာကို အခြေခံ၍ ဇာတ်အိမ်ဖွဲ့ရေးသားထားသလို ၊ဆရာမမိချမ်းဝေမှလဲ သူမ၏ လက်တွေ့ဘဝအတွေ့အကြုံဖြစ်သည့် မြိတ်ဒေသသို့ သွားရောက်တာဝန်ထမ်းဆောင်သည့် ဆရာမလေးတွေကို တည်မှီကာ ပင်လယ်အလှ၊ သဘာဝကို ရေးသားထားသည့် ….
#အညာပင်လယ်
စာမျက်နှာ | 144 |
---|---|
စာအုပ်အရွယ်အစား | 5.5 × 0.5 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ 2022 အောက်တိုဘာလ (ဒုတိယအကြိမ်) |
39 in stock (can be backordered)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ