
ထက်မြက်တဲ့ဓားသွားပေါ်က ချိုမြမြပျားရည်စက်
8000 (ကျပ်)
…
စာမျက်နှာ | 614 (စ+ဆုံးပေါင်းချုပ်) |
---|---|
စာအုပ်အရွယ်အစား | 5.7 x 1.0 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2018 နိုဝင်ဘာလ၊ (စတုတ္ထ-ကြိမ်) |
8000 (ကျပ်)
…
စာမျက်နှာ | 614 (စ+ဆုံးပေါင်းချုပ်) |
---|---|
စာအုပ်အရွယ်အစား | 5.7 x 1.0 x 8.2 inches |
ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2018 နိုဝင်ဘာလ၊ (စတုတ္ထ-ကြိမ်) |
ဂ
Wuthmone Phyu –
အရမ်းကောင်းတဲ့ ဗဟုသုတအလွန်ရတဲ့ စာအုပ်တစ်အုပ်ပါ။ဆယ်တန်းအောင်ပြီးကာစ လူငယ်တွေ ဖတ်မိသွားရင်တော့ ဆရာဝန်ဖြစ်ချင်သွားကြမှာသေချာတယ်။
အရင်ဦးဆုံး သတိပြုမိတာက ဆရာညီပုလေးရဲ့ အလွန်ကောင်းလွန်းတဲ့ စာအရေးအသားပါ။အရေးအသားကောင်းလွန်းလို့ ဆရာ ညီပုလေးရေးတယ်လို့မထင်ရတော့ပဲ ဒေါက်တာသိန်းလှိုင် ကိုယ်တိုင် ပြောပြနေတယ်လို့ကို ခံစားရပြီး ဇာတ်လမ်းထဲမြောပါသွားတော့တာပါ။အရေး အသားကို ကြိုက်လွန်းလို့ ဆရာညီပုလေးရဲ့ နောက်စာအုပ်တွေပါ ရှာထားတယ် ။ထပ်ဖတ်မလို့လေ
နောက်ထပ် ဘာကိုသွားအားကျသလဲ ဆိုတော့ ဒေါက်တာ သိန်းလှိုင် (သို့) အက်ဒီ ရဲ့ မိဘတွေ အထူးသဖြင့် ဆရာ့ရဲ့အဖေ (တယ်တယ်)ကို သဘောကျလိုက်တာ ။ သားသမီး လုပ်ချင်တဲ့ အလုပ် ကို ရှေ့မှာ အပြည့်အစုံ လမ်းခင်းပြီးသား ။ဘယ်သူမှ ဆေးကျောင်းကို ကားနဲ့မလာတဲ့အချိန်မှာ သားလေးကျောင်းတက်ဖို့ ကားအသစ်စက်စက်တစ်စီး ဝယ်ပေးလိုက်တာ ။ ကုန်သည်ပဲလုပ်စေချင်ပေမယ့် ဆရာဝန်လုပ်မယ် ဆိုတော့လည်း အားပေးပြီး အကုန် အစအဆုံး လိုလေသေးမရှိ ထောက်ပံ့ပေးတာ။ပေးနိုင်တဲ့ အင်အားလည်းရှိတာကို သဘောကျမဆုံးဘူး ။ငါ့သားသမီးမို့ ငါဖြစ်စေချင်တာလုပ်ရမယ်ဆိုတာ မျိုးမဟုတ်ပဲ မင်းဖြစ်ချင်တာ ငါတို့ ပံ့ပိုးပေးမယ်ဆိုတဲ့ ပုံစံမျိုး ။ကိုယ့်သားလေးကြီးလာရင်လည်း အဲ့ဒီလိုမိဘမျိုးဖြစ်အောင်ကြိုးစားရမယ်လို့ တွေးမိတယ်။
ပြီးတော့အလွန်ထူးဆန်းတဲ့ နာဂတို့ရဲ့ ဓလေ့ထုံးတမ်းတွေ ၊ ဆေးလောကရဲ့ လှည့်ကွက်အချို့ ၊ ဆရာကြုံရတဲ့ လူနာတွေရဲ့ ဘဝ ၊နာဂတွေရဲ့ဘဝ၊ ဆရာ့ရဲ့ ဇွဲ လုံ့လ နဲ့ ခွဲစိတ်ပညာအပေါ် နာဂတောင်တန်း အပေါ်သံယောဇဉ်ကြီးမှု စသဖြင့် အတော်ရသစုံစုံလင်လင် ဗဟုသုတစုံစုံလင်လင်ပေးနိုင်တဲ့ စာအုပ်ပါ။ နာဂတွေရဲ့ အကျင့်တွေထဲက သူများပစ္စည်းကို တစ်ကျပ်ဖိုးသော်မျှ အလကားမယူချင်တဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်ကို အလေးစားမိဆုံးပါ။ အချောင်လိုချင်သူတွေပေါတဲ့လောကကြီးမှာ မွန်မြတ်လှပါပေတယ်။
အမှာစာထဲမှာတော့ ဆရာအောင်ကြီးက “အချို့နေရာတွေမှာ ဓားကထက်လွန်းပြီး ပျားရည်က ချိုလွန်းတယ်” လို့ မှတ်ချက်ချထားပါတယ်။လက်တွေ့မှာ အတော့်ကို စွန့်စားခန်းကြီးကိုး။ မလွယ်ဘူးလေ ..နော် ။ဘယ်လိုပဲဖြစ်ဖြစ် နာဂတောင်တန်းလိုနေရာမျိုးမှာ စိတ်အားထက်သန်စွာ တာဝန်ထမ်းဆောင်ခဲ့သူ ၊အလုပ်သင်ဆရာဝန် တွေကို လစာရအောင် စွမ်းစွမ်းတမံ ကြိုးစားခဲ့သူ လေးစားဖွယ်ရာ ဆရာဝန်ကြီးတယောက်အကြောင်း လေးစားဂုဏ်ယူစွာ ဖတ်လိုက်ရပါတယ်
လူငယ်တွေ ဖတ်သင့်တဲ့ အလွန်ကောင်းတဲ့ စာအုပ်တစ်အုပ်ပါ ။