ကျွန်မရဲ့မနက်ဖြန်

( 6 မှတ်ချက်)

3500 (ကျပ်)

လူတိုင်းမှာ မနက်ဖြန်တွေ ရှိကြတာချင်း တူပေမဲ့ မနက်ဖြန်ကို ဖြတ်ကျော်ကြပုံချင်း မတူညီကြပါဘူး။ အချို့က မျှော်လင့် ချက်တွေနဲ့ ဖြတ်သန်းတယ်။ တချို့ကျပြန်တော့လဲ ရက် တစ်ရက်အနေနဲ့ မသိချင်ယောင်ဆောင် ဖြတ်ကျော်ကြတယ်။တကယ်တော့ မနက်ဖြန်တိုင်းအတွက် အိပ်မက်တွေ လိုပါတယ်။ ဘယ်လို အိပ်မက်တွေလဲဆိုရင် လွတ်မြောက်ဖို့ အတွက် အိပ်မက်တွေ။ ဘာတွေကနေ လွတ်မြောက်အောင်လဲ ဆိုရင် ဒီလူ့အဖွဲ့အစည်းရဲ့ အရိုးစွဲနေတဲ့ အယူအဆတွေကြားက နေပေါ့။ကိုယ့်ကိုယ်ကိုယ် ကျေနပ်အားရမှုမရှိတဲ့ မိန်းကလေးတွေ၊ သိမ်ငယ်နေတဲ့စိတ်တွေကို ဖျောက်ဖျက်ပြီး အိပ်မက်ကြီးတစ်ခုခု မက်စေချင်တာ ကျွန်မရဲ့အတ္တပဲလို့ ဆိုရမလား။ ဒီစာအုပ်ထဲမှာခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်အားလျော့ နေတာတွေ၊ ယုံကြည်မှု ပျောက်နေတဲ့ မိန်းကလေးတွေအတွက် စာ စုတိုလေးတွေ ပါမယ်။မိန်းကလေးတစ်ယောက်ရဲ့ အလှတရား၊ တန်ဖိုးနဲ့ အရည်အချင်း အကြောင်းအိမ်ထောင်ရှင်မတွေနဲ့ အလုပ်အကိုင်အကြောင်းRelationship အကြောင်း၊ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွေ ဆယ်ကျော်သက် မိန်းကလေးတွေ ဘာကြောင့် အိပ်မက်တွေ ရှိ သင့်သလဲ ဆိုတာတွေမနက်ဖြန်တိုင်းရဲ့ အိပ်မက်တွေအကြောင်းတွေ အပုဒ်ရေ ၁၈ပုဒ် ပါပါတယ်…။

စာမျက်နှာ

114

စာအုပ်အရွယ်အစား

5 x 0.3 x 7.4 inches

ပုံနှိပ်မှတ်တမ်း

ရွှေပေစာပေ၊ 2023 ဖေဖော်ဝါရီလ (ဒုတိယအကြိမ်)

Out of stock

ကျွန်မရဲ့မနက်ဖြန် အား ဝေဖန်သုံးသပ်မှု 6 ရှိပါသည်။

  1. အမည်မသိ

    အမျိုးသမီးတိုင်းဖတ်သင့်တယ်
    အရမ်းကောင်းတဲ့စာသားလေးတွေ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မေ(ပညာရေး) စာအုပ်များ