ဘန်ချီ

( 1 မှတ်ချက်)

3000 (ကျပ်)

📚ဘန်ချီဆိုတဲ့အိမ်မွေးခွေးလေးတစ်ကောင်နေရာကနေ ရေးသားထားတဲ့ ကလေးစာပေ ဝတ္ထုတစ်ပုဒ်ဖြစ်ပါတယ်။ ကလေးစာပေဆိုပေမဲ့ တိချစ်တဲ့ကလေးတွေနဲ့အတူ တိချစ်တဲ့လူကြီးတိုင်းပါ ဖတ်လို့ အဆင်ပြေတဲ့စာအုပ်လေးတစ်အုပ်ပါ။ လူစကားမပြောတတ်တဲ့ခွေးလေးတွေမှာလဲ ပြောစရာစကားတွေရှိနေမှာပါ။ သူတို့မှာကော ချစ်တဲ့ ကြင်နာတတ်တဲ့ညဥ်လေးတွေရှိမှာပါပဲ။ ပျော်ရွှင်ရတဲ့ခံစားမှု အထီးကျန်ရတဲ့ခံစားမှုတွေကို သူတို့လဲခံစားရမှာအသေအချာပါ။ ကလေးစာပေထုတ်ဝေမှု နည်းပါးလာတဲ့ကာလမှာ ရှားရှားပါးပါးထွက်ရှိလာတဲ့ စာအုပ်လေးတစ်အုပ်မို့ စိတ်ဝင်စားဖို့လဲ ကောင်းပါတယ်။

စာမျက်နှာ

75

စာအုပ်အရွယ်အစား

5 x 0.2 x 7.2 inches

ပုံနှိပ်မှတ်တမ်း

ရွှေပေစာပေ၊ 2024 ဖေဖော်ဝါရီလ(ပထမအကြိမ်)

21 in stock

ဘန်ချီ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    မေ(ပညာရေး)- ဘန်ချီ

    အာဝုလေးအကြောင်း ရေးထားတဲ့ချစ်စရာ စာအုပ်လေး။ကလေးစာပေဆိုပေမယ့် တိချစ်သူတွေ ဝယ်ဖတ်သင့်တဲ့ စာအုပ်လေးပေါ့နော်🥰🤍

    ဘန်ချီကလေး နေရာကနေ ဝင်ပြီးရေးပေးထားတာမို့ အသနားပိုမိသလို ချစ်လည်းချစ်မိရပါတယ်။

    ♡သခင်လိုချင်ခဲ့တဲ့ ဘန်ချီလေး

    ♡သရဲကြောက်တတ်တဲ့ ဘန်ချီလေး

    ♡ပါပါးနဲ့ မာမား လို့ ခေါ်လို့ရတဲ့ မိသားစုလေး ပိုင်ဆိုင်ခွင့်ရတဲ့အပြင် ဟူးမန်း
    ညီလေးပါ ရသွားတဲ့ ဘန်ချီလေး

    ♡ကစားဖော် မြောင်လေးတွေအပြင်ဆဲဗင်းလို့ ခေါ်တဲ့ အာဝုသူငယ်ချင်းပါရှိလာတဲ့ ဘန်ချီလေး

    ♡အချစ်ခံချင်ပြီး တစ်ယောက်တည်း
    အိမ်မှာကျန်ခဲ့ရတိုင်း အထီးကျန်တတ်တဲ့ ကောင်ကလေးရယ်ပေါ့🥰🤍

    ချစ်စရာ ဘန်ချီကလေးအကြောင်း
    ရေးသားပေးတဲ့ ဆရာမ Cho Yee Mon ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်🥰😍🤍

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မေ(ပညာရေး) စာအုပ်များ