ထိုသူတို့ရဲ့ ကြယ်ရောင်စုံအိပ်မက်
3500 (ကျပ်)
မကြာခင် ခရီးသွားရာသီ ရောက်တော့မှာဆိုတော့
ပုဂံကို ခရီးမသွားခင် ဝယ်ဖတ်သင့်တဲ့ စာအုပ်လေးတစ်အုပ်နဲ့ မိတ်ဆက်ပေးပါရစေ ။
ပုဂံ လို့ ဆိုလိုက်တာနဲ့ ဗုဒ္ဓသာသနာ ထွန်းကားခဲ့တဲ့ နေရာ ၊ မင်းနေပြည်တော် ၊ စေတီပုထိုးတွေ ပေါများခဲ့တဲ့ နေရာလို့ လူတိုင်း သိကြပါတယ်။
ပုဂံကို ရောက်တာနဲ့ အညာထန်းတောကြီးတွေ ၊ အညာအငွေ့အသက်တွေနဲ့ ရင်သပ်ရှုမောဖွယ် ရှေးဟောင်းယဉ်ကျေးမှု အနုပညာ လက်ရာတွေကို တွေ့ရပါလိမ့်မယ်။
နောက်ထပ် ပုဂံမှာ စိတ်ဝင်စားစရာကောင်းတာက မိမိတို့ တတ်မြောက်တဲ့ပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ ကလေးတွေပါ။
ပုဂံမှာ postcard ရောင်းတဲ့ ကလေးတွေ ၊
လမ်းပြပေးတဲ့ ကလေးတွေ ၊
လက်ပန်းချီ ဆွဲတဲ့ ကလေးတွေ ၊
သဲပန်းချီဆွဲတဲ့ ကလေးတွေ ၊
မြင်းလှည်းမောင်းတဲ့ ကလေးတွေ စတဲ့ ကလေးတွေကို နေရာတိုင်းမှာ တွေ့ရမှာပါ။
အဲ့ဒီကလေးတွေရဲ့ ကျင်လည်ရာဘဝတွေကို စာရေးသူက ကိုယ်တိုင်သွားရောက် မေးမြန်းပြီး story တွေ ရေးထားတာပဲ ဖြစ်ပါတယ်။
အမှတ်မထင် မြင်တွေ့နေတဲ့ ပုဂံက ကလေးတွေရဲ့ ဘဝဇာတ်ကြောင်းက ထင်ထားတာနဲ့ တခြားစီ ဖြစ်နေတယ် ဆိုတာကို ဒီစာအုပ်လေး ဖတ်ပြီးရင် သိပါလိမ့်မယ်။
စိတ်ဝင်စားစရာကောင်းတဲ့ ဘဝ ၁၅ ခုကို story ၁၅ ပုဒ်အနေနဲ့ အသက်သွင်းထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။
စာမျက်နှာ | 144 |
---|---|
စာအုပ်အရွယ်အစား | 4.3 × 0.3 × 5.7 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2022 ဇူလိုင်လ (ပထမအကြိမ်) |
18 in stock (can be backordered)
Thang Mang –
လူတိုင်းဖတ်သင့်တဲ့အဖိုးတန်စာအုပ်ပါ
Theint Thinzar Ko Ko –
>>> စာအုပ်နာမည်လေးက ထိုသူတို့ရဲ့ကြယ်ရောင်စုံအိပ်မက်တဲ့ <<< ♡
ပုဂံမြို့က ကလေးတွေရဲ့ရုန်းကန်လှုပ်ရှားမှုများနဲ့ သူတို့လေးတွေရဲ့ ဘ၀ဇာတ်ကြောင်းလေးတွေကိုအသေးစိတ်လေးတွေကိုကွက်ကွက်ကွင်းကွင်းမြင်အောင်ရေးသားထားတာလေးတွေကလက်ကမချချင်အောင်ဆွဲဆောင်တဲ့စာအုပ်လေးတစ်အုပ်ပါ။
ဖတ်နေရင်းနဲ့ emotions မျိုးစုံကိုခံစားရတယ်
မျက်ရည်လဲဝဲခဲ့ရတာတော့ ဝေဖြိုးမောင်ဆိုတဲ့ ကောင်လေးက သူ့ရဲ့ပထမဆုံးအကြိမ်ဈေးရောင်းရတဲ့အတွေ့ကြုံမ၀င့်မရဲနဲ့ မိဘကိုသိတတ်တဲ့စိတ်လေးကိုဖော်ပြသွားတာလေးအရမ်းသဘောလဲကျစိတ်မကောင်းလဲဖြစ်ရတယ်။
သေချာတာကတော့ဖတ်ကြည့်ရင်နောင်တမရစေမယ့် ဆရာမ မေ(ပညာရေး)ရဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါ။
ပုဂံဆိုတာကိုနောက်တစ်ကြိမ်ထပ်သွားဖြစ်ခဲ့ရင် ဒီစာအုပ်လေးကိုကိုင်ပြီး အဲကလေးလေးတွေရှိတဲ့နေရာကိုအရောက်သွားချင်တာပါပဲ။
1.10.2022
Saw Htet Lynn Oo –
စာဖတ်သူရေ ….ညဘက် ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ပါဦး။
ကြယ်ကလေးတွေကိုတွေ့ရတယ်မဟုတ်လား။တစ်ချို့ကြယ်ကလေးတွေကတော့တောက်တောက်ပြောင်ရှိပေမယ့်တစ်ချို့ကျတော့လည်းမှိတ်တုတ်မှိတ်တုတ်လေးနဲ့လောကကိုကိုယ်ပိုင်
စွမ်းနှင့်အလှဆင်ပေးနေတာပဲမဟုတ်လား။
ခုလည်းပုဂံကကြယ်ကလေးတွေထဲကကြယ်ကလေး(၁၅)လုံးအ
ကြောင်းလေးတွေကိုစာရေးသူကိုယ်တိုင်ရုပ်ပုံလေးတွေနဲ့ ဘဝဇာတ်ကြောင်းအခက်အခဲများ၊ဖြစ်ချင်သောဆန္ဒတွေကိုရေးပြထားတဲ့စာအုပ်လေးပါ။
ကြယ်ကလေးတော်တော်များရဲ့အိပ်မက်တွေကတူနေကြတယ်။ကျန်းမာရေးနှင့်နိုင်ငံရေးအခြေအနေကြောင့်ကျောင်းနေတာရပ်ခဲ့ကြရသလို မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းကနေကူညီဖြေရှင်းကြတဲ့ကြယ်ကလေးတွေပါပဲ။
တချို့ဆိုရင် စာတော်ရဲ့သားနဲ့ဘဝပေးကုသိုလ်ကြောင့်ကျောင်းထွက်ပြီးမွေးရပ်မြေမှာပဲ မိရိုးဖလာစျေးသည်ဖြစ်သွားကြရတဲ့ ကြယ်ကလေးတွေလည်းရှိပါတယ်။
စျေးရောင်းတယ်ဆိုတာကရှက်စရာမဟုတ်ပေမယ့်ဘယ်သူကရောစျေးသည်ဖြစ်ချင်ပါ့မလဲ။ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုပဲဦးစားပေးရတဲ့အခိုက်အတံ့တွေကသူတို့အတွက်သိပ်ကိုထိရောက်တဲ့စကားတစ်ရပ်ပါပဲ။သို့သော် ဖြစ်ချင်တာတွေကဖြစ်မလာဘူးလို့တော့သူတို့သတ်မှတ်ထားပုံမပေါ်ဘူး။
ဆရာမ
ဖြစ်ချင်တဲ့ကြယ်ကလေး၊သူနာပြု
ဖြစ်ချင်တဲ့ကြယ်ကလေး၊သင်္ဘောစက်ပြင်ချင်တဲ့ကြယ်ကလေးတွေစတဲ့ကြယ်ကလေးတွေကလည်းကျွန်တော်တို့ရဲ့အလှတရားကိုပိုမြတ်နိုးဖို့ကောင်းလာအောင်ကူညီပေးနေတယ်မဟုတ်ပါလား။
ပုဂံကိုလာရောက်လည်ပတ်တဲ့ဧည့်သည်များကိုပိုက်ဆံ(မုန့်ဖိုး)ရသည်ဖြစ်စေမရသည်ဖြစ်စေ စေတနာနဲ့လိုက်ပြီးပုဂံမြေအလှကို ကြွားကြွားဝင့်ဝင့်ရှင်းပြပြောပြတဲ့ကြယ်ကလေးတွေပါ။
ကျွန်တော်လည်းပုဂံကိုရောက်ခဲ့မယ်ဆိုရင်လည်းစာအုပ်မှာပါတဲ့ကြယ်ကလေးတွေနဲ့လည်းဆုံချင်ပါတယ်။
စာဖတ်သူတို့ရော ဒီစာအုပ်လေးကိုဖတ်ကြည့်ကြယ်ကလေးတွေရဲ့ဘဝကိုစာနာနားလည်ပေးကြမှာလို့မျှော်လင့်မိပါတယ်။
#ထိုသူတို့ရဲ့ကြယ်ရောင်စုံအိပ်မက်
#The Hidden lives in Bagan
#မေ(ပညာရေး)
#sawhtetlynnoo
အကြောင်းအရာလွဲမှားသွားပါက တောင်းပန်ပါတယ်။