လွမ်းလောက်တဲ့သူ
12000 (ကျပ်)
– “လွမ်းရတဲ့သူ” ဆိုသည်မှာ လွမ်းရတဲ့သူတိုင်း၊ လွမ်းမိတဲ့သူတိုင်းကို ဆိုလိုခြင်းဖြစ်၏။
– “လွမ်းလောက်တဲ့သူ” မှာထိုကဲ့သို့မဟုတ်။ လွမ်းလောက်သောအရည်အချင်း၊ အဆင့်အတန်းဆိုသည်မှာလည်း ကျနော့်ဘာသာ “တိုင်း” သောကြောင့် “လွမ်းလောက်တဲ့သူ” ဖြစ်လာကြရသည်။
– ဆရာထက်မြက်က နိုင်ငံရေးသမားဘဝဖြတ်သန်းခဲ့ရတဲ့အချိန်ကစပြီးထိတွေ့ခဲ့ရတဲ့ ဆရာဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့်၊ ဆရာဒဂုန်တာရာ၊ ဆရာလေထီးဗိုလ်အုန်းမောင်၊ လူထုစိန်ဝင်း စတဲ့အထင်ကရသမိုင်းဝင်ကျန်ရစ်နေသည့်လူပုဂ္ဂိုလ် ၂၀ ကျော်တို့နဲ့စာပေဘဝ၊ နိုင်ငံရေးသမားဘဝ ဖြတ်သန်းမှုတွေကို သုတရသနှစ်မျိုးလုံးပေးနိုင်အောင် ရေးသားထားတာကိုလေ့လာဖတ်ရှုရမှာဖြစ်ပါတယ်။ လွမ်းလောက်တဲ့သူစာအုပ်မှာ စာရေးဆရာ၊ ကဗျာဆရာ၊ နိုင်ငံရေးသမားတွေနဲ့ တခေတ်တခါက စာအုပ်တန်းအကြောင်းကိုရေးသားထားပါတယ်။
– အဖိနှိပ်ပြည်သူတွေရှိနေသမျှ တော်လှန်ရေးတွေလည်းရှိနေဦးမှာပဲ လို့ဆိုခဲ့တဲ့ချေဂွေဗားရာ၊ လီနင်၊ လင်ကွန်း၊ ဟိုချီမင်းတို့ပါဝင်သလို . . လွမ်းလောက်တဲ့သူစာအုပ်ဖတ်ပြီးလို့ စာပေဩဇာကြီးမား၊ နိုင်ငံရေးဩဇာကြီးမြင့်သူတွေသာ အခုနေအချိန်ရှိနေဦးမယ်ဆိုရင်ဖြင့်ဆိုတဲ့အတွေးနဲ့ စာဖတ်သူကို စိတ်ခွန်အားသတ္တိတွေပေးလိမ့်မယ်လို့ယုံကြည်တာကြောင့် “လွမ်းလောက်တဲ့သူ” စာအုပ်ကိုထုတ်ဝေလိုက်ခြင်းဖြစ်ပါကြောင်း . . .
| စာမျက်နှာ | 415 (woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.6× 0.8 × 8.3 inches |
| ပုံနှိပ်မှတ်တမ်း | ဂျာနယ်လစ်စာပေ၊ 2021 ဧပြီလ (ပထမအကြိမ်) |
5 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ