
ကမ္ဘာကိုပြောင်းလဲခဲ့သောစာအုပ်များ
20000 (ကျပ်)
ဤစာအုပ်သည် ကမ္ဘာကျော်စာအုပ် ၁၀၀၊ ကမ္ဘာ့အကောင်းဆုံးစာအုပ် ၁၀၀ ဆိုသည့် စာအုပ်များနှင့်မတူ။ ကမ္ဘာ့သမိုင်း၊ လူသားတို့၏ သမိုင်းကို အပြောင်းအလဲဖြစ်သွားစေလောက်အောင် သြဇာလွှမ်းမိုးမှုရှိသော စာအုပ်များကို ရွေးချယ်စုစည်းထားခြင်း ဖြစ်သည်။
ဂျင်ဂျစ်ခန်၊ နပိုလီယံ ကဲ့သို့သော စစ်ဘုရင်များ၊ ကမ္ဘာစစ်ကြီးများကဲ့သို့သော အဖြစ်အပျက်ကြီးများက ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေခဲ့သည်မှာ ဧကန်ပင်ဖြစ်သည်။ ထို့အတူ လူသားတို့အတွက် အသိအမြင်သစ်၊ အယူအဆသစ်၊ အတွေးအခေါ်သစ်များကို ယူဆောင်လာသော စာအုပ်များသည်လည်း ကမ္ဘာကြီးကို အပြောင်းအလဲများဖြစ်ပေါ်လာအောင် ဖန်တီးပေးနိုင်ကြောင်း ဤစာအုပ်က အထင်အရှား သက်သေပြလျက်ရှိပါသည်။
| စာမျက်နှာ | 455 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.6 x 0.7 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ပင်ဝါးရုံ၊ 2026 ဖေဖော်ဝါရီလ (ဒုတိယအကြိမ်) |
2 in stock


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ