ကိုယ့်ဘ၀ကိုကိုယ်ကိုယ်တိုင်ကုစားကြသူများ

( 0 မှတ်ချက်)

8000 (ကျပ်)

ဆရာမကြီး လူဝီဟေးနှင့် ထိတွေ့ခဲ့ရသောကြောင့် ဘဝကို အကောင်းဘက်သို့ ပြောင်းလဲခဲ့ကြသည့် ကမ္ဘာတစ်ဝန်းက လူများ၏ ထူးထူးခြားခြား ပြောင်းလဲတိုးတက်လာမှုများ၊ အံ့ဩဖွယ်ရာများကို စုစည်းတင်ဆက်ထားပါတယ်။

အသိဉာဏ်ကိုအမှန်တကယ် ပွင့်လင်းစေတဲ့ ဒီစာအုပ်ထဲမှာ တစ်ကမ္ဘာလုံးကရှိတဲ့လူတွေဟာ လူဝီဟေး(မူရင်းစာရေးသူ) ရဲ့ စိတ်ခွန်အားပေးစာပေနဲ့ သင်ကြားလမ်းညွှန်မှုတွေအပေါ် သူတို့ရဲ့ နှစ်သက်ကျေနပ်မှုတွေ၊ လူဝီးက သူတို့ဘဝထဲကို ယူဆောင်လာပေးတဲ့ ထူးဆန်းအံ့ဩဖွယ် ဖြစ်ရပ်တွေအတွက် ကြည်နူးဝမ်းမြောက်မှုတွေကို ဖော်ပြထားပါတယ်။ အသက်အရွယ်မရွေး၊ ဘဝနောက်ခံအကြောင်းအရာမျိုးစုံ၊ ယောကျ်ားမိန်းမပေါင်းစုံတို့က အူလှိုက်သည်းလှိုက် သီးသန့် ထိခိုက်ခံစားရတာတွေ၊ ထိတ်လန့်အံ့ဩဖွယ် ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

သူတို့တစ်ဦးချင်းစီဟာ အကောင်းတွေ ဖြစ်လာအောင် ဘဝကို ဘယ်လို ဘယ်ပုံ ချစ်မြတ်နိုးလိုက်တာနဲ့ များပြားတဲ့ အကောင်းမြင်နည်းလမ်းတွေ၊ ထူးဆန်း အံ့ဩဖွယ်နည်းလမ်းတွေနဲ့ ထိတွေ့ဆက်သွယ်နိုင်တယ်ဆိုတာတွေ၊ အဲဒီ အကောင်းအမွန်တွေကို သူတို့က တခြားသူတွေဆီ ဆက်လက်ဖြန့်ဝေပေးခဲ့တယ်ဆိုတာတွေ၊ ဒါတွေကို ရှေ့ဆက်လုပ်ဆောင်ရင်း ကြီးကျယ်ခမ်းနားတဲ့ ပျော်ရွှင်မှုစွမ်းအားတွေ အညွှန့်တလူလူ ဖြစ်လာတယ်ဆိုတာတွေကို ပြန်လည်ပြောပြခဲ့ကြပါတယ်။

ဒီစာမျက်နှာတွေထဲက အကြောင်းအရာတွေကို ဖတ်ရင် ရယ်မိ၊ ငိုမိ၊ စာနာ နားလည်စိတ်တွေနဲ့ ခေါင်းညိတ်မိပါလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေး၊ အလုပ်၊ ငွေကြေး၊ ကျန်းမာရေး နဲ့ အခြားကိစ္စတွေ စသဖြင့် အကြောင်းအရာတွေကတော့ ကျယ်ပြန့်လှပါတယ်။ သူတို့ရဲ့ စိတ်လှုပ်ရှားခံစားမှုတွေကို ဖွင့်အန် သွန်ချကြတာတွေဟာ အင်မတန် စစ်စစ်မှန်မှန်နဲ့ အတွင်းကျကျ ဖြစ်လှပါတယ်။

အခန်းတစ်ခုစီရဲ့ နောက်ဆုံးတိုင်းမှာ လူဝီးရဲ့ အခိုင်အမာ ပြောဆိုချက်တွေနဲ့ လေ့ကျင့်ခန်းတွေ ထည့်သွင်းထားတာမို့ ကိုယ့်ဘဝရဲ့ ကိုယ်ပိုင်အံ့ဩဖွယ်ဖြစ်ရပ်ဆန်းတွေ ဖန်တီးနိုင်အောင် ဒီစာအုပ်က ကူညီပေးနိုင်ပါလိမ့်မယ်။

စာမျက်နှာ

341

စာအုပ်အရွယ်အစား

5.9 x 0.7 x 8.9 inches

ပုံနှိပ်မှတ်တမ်း

Wisdom House ၊ 2022 ဇူလိုင်လ (ပထမအကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကိုယ့်ဘ၀ကိုကိုယ်ကိုယ်တိုင်ကုစားကြသူများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published.

ဒေါက်တာခင်စန်းမော် စာအုပ်များ