ကိုယ့်ကိုယ်တွင်းမှ ပါဝါစွမ်းအင်
8000 (ကျပ်)
မူရင်းစာရေးသူသည် LA မြို့တွင် ဆင်းဆင်းရဲရဲမိခင်တစ်ဦးမှ ဖွားမြင်ခဲ့ပြီး ကြမ်းတမ်းရက်စက်သော ပထွေးနှင့် အတူကြီးပြင်းလာရသည်။ အသက် (၅) နှစ်အရွယ်တွင် အိမ်နီးချင်းတစ်ဦး၏ သားမယားပြုကျင့်ခြင်းကို ခံခဲ့ရပြီး အသက် (၁၅)နှစ် အရွယ်တွင် အိမ်ထောင်မရှိဘဲ ကိုယ်ဝန်ရလာသည်။ အရပ်တစ်ပါးသို့ ပြောင်းရွှေ့ပြီး ဖက်ရှင်မော်ဒယ်အဖြစ်ရပ်တည်ခဲ့ပြီး လုပ်ငန်းရှင်တစ်ဦးနှင့် လက်ထပ်ကာ ၁၄နှစ်အကြာတွင် ပြတ်စဲခဲ့သည်။ ထို့နောက် သားအိမ်လည်တန် ကင်ဆာရောဂါ ဝေဒနာခံစားခဲ့ရပြီးစိတ်ကုထုံးဖြင့် ကင်ဆာရောဂါပျောက်ကင်းအောင် ကိုယ်တိုင်ကုသခဲ့သည်။ 1976 ခုနှစ်တွင် Heal Your Body ရောဂါကုထုံးစာအုပ်ကို ပြုစုပြီးနောက် ထပ်မံဖြည့်စွက်ပြီး You Can Heal Your Life စာအုပ်ကို စတင်ထုတ်ဝေခဲ့ရာ နယူးယောက်တိုင်းမ် ရောင်းအားအကောင်းဆုံးစာအုပ်စာရင်း နှင့် ကမ္ဘာ့ဂန္တဝင်စာရင်းတွင်လည်းပါဝင်ခဲ့သည်။ ယခုစာအုပ်တွင် စိတ်နေစိတ်ထားပြောင်းလဲရာတွင်ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရန် စိတ်စွမ်းအားလေ့ကျင့်နည်းများကို ဖော်ပြပေးထားပါတယ်။ ပင်ကိုယ်ရှိနှင့်ပြီးသား အတွင်းစွမ်းအားကို နေရာတကျသုံးစွဲနိုင်အောင် ရေးသားဖော်ပြပေးထားပါတယ်။
| စာမျက်နှာ | 244 |
|---|---|
| စာအုပ်အရွယ်အစား | 5.2 x 0.4 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | Wisdom House ၊ 2019 မတ်လ၊ (ဒု-ကြိမ်) |
6 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ