အမြော်အမြင်ရှိတဲ့ခေါင်းဆောင်မှု

( 1 မှတ်ချက်)

17500 (ကျပ်)

အနာဂတ်လူသားတွေဟာ သူရဲကောင်းကိုခေါင်းဆောင်တင်မယ့် လူသားတွေမဟုတ်ကြတော့ပါဘူး။ သူတိုအတွေးတွေ ပြောင်းကုန်ပါပြီ။ လူတစ်ယောက်ထဲမှာ အရည်အချင်းအကုန် ရှိလိမ့်မယ်လို့ သူတိုမယုံကြည်ကြတော့ပါဘူး။
သူတိုယုံကြည်တာက လူတစ်ယောက်တိုင်းမှာ ထူးခြားတဲ့အရည်အချင်း အနည်းဆုံးတစ်ခုစီရှိတယ်လို ယုံကြည်ကြပါတယ်။ ကောင်းမွန်တဲ့ အရည်အချင်းတွေ စုပေါင်းလိုက်ရင် ကောင်းမွန်တဲ့ဦးဆောင်မှုပေးနိုင်မယ်လို ယုံကြည်ကြပါတယ်။ ဒါကြောင့် အနာဂတ်မှာ ဦးဆောင်မယ့်သူတွေဟာ အစုအဖွဲနဲ့ ဦးဆောင်ကြရတော့မှာပါ။ ဒါကို Collective Leadership လို ခေါ်တာပါပဲ။

ထူးချွန်တဲ့သူတွေဆီမှာ ဆန်းသစ်မှုတွေ ရှိနေတတ်ပါတယ်။ အားလုံးကို တစ်ယောက်တည်း လုပ်နိုင်တာမဟုတ်လို အဲဒီလိုထူးချွန်သူတွေ စုပေါင်းလိုက်မယ်ဆိုရင် အလွန်ကြီးမားတဲ့ အားတစ်ခု ဖြစ်လာမှာပါ။  ဒီနေ့လူငယ်တွေ ထူးချွန်ကြပါတယ်။ အပြိုင်အဆိုင်ကြိုးစားကြပါတယ်။ အဲဒီကြိုးစားမှုရဲ့ရလဒ်အဖြစ် ဆန်းသစ်မှုတွေကို ဖန်တီးကြရမှာပါ။ ရလာတဲ့ ဆန်းသစ်မှုတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကို လူကြီးတွေနဲ့ပူးပေါင်းပြီး သင်ယူကြပါလိမ့်မယ်။ ဆန်းသစ်တဲ့ အတွေးအခေါ်တွေအတွက် စီမံခန့်ခွဲမှုအသစ်တွေ လိုအပ်ပါတယ်။ ရှေးထုံးထဲက ပယ်သင့်တာတွေကို ပယ်ရပါမယ်။ မွမ်းမံသင့်တာကို မွမ်းမံရပါမယ်။ ပိုကောင်းအောင် လုပ်ကြရပါမယ်။

လူကြီးတွေကလည်း ကိုယ်မသိခဲ့တဲ့ အကြောင်းအရာ၊ လိုက်မမီတဲ့ အတွေးအခေါ်သစ်တွေကို မပိတ်ပင်သင့်ပါဘူး။ လူငယ်တွေ ရှာဖွေတွေ့ရှိ၊ သိလာတဲ့အသိတွေကို အားပေးရမှာဖြစ်ပါတယ်။ တစ်ယောက်ချင်း ထူးချွန်ကြသူတွေကိုစုပေါင်းပြီး ပူးပေါင်းခေါင်းဆောင်တတ်အောင် လမ်းညွှန်ပြသ ရမှာဖြစ်ပါတယ်။

စုပေါင်းဦးဆောင်ခြင်းဆိုတဲ့ Collective Leadership ရဲ့ ဦးတည်ရာ ပန်းတိုင်ဟာ Change ဖြစ်ပါတယ်။ အပြောင်းအလဲလုပ်ဖို လိုတယ်ဆိုတာ လူတိုင်းပြောနေကြပါပြီ။ အဲဒီ အပြောင်းအလဲကို တစ်ယောက်တည်းနဲ့ လုပ်လိုမရပါဘူး။ စုပေါင်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Collective Leadership ဟာ အနာဂတ်ပါပဲ။

စာမျက်နှာ

230

စာအုပ်အရွယ်အစား

6 x 0.3 x 8 inches

ပုံနှိပ်မှတ်တမ်း

စာပေလမ်း 2024 ဖေဖော်ဝါရီလ ပထမအကြိမ်

စျေးနှုန်းအပြောင်းအလဲ

16.7.2025 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 17500 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

17 in stock

အမြော်အမြင်ရှိတဲ့ခေါင်းဆောင်မှု အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. ​နေမျိုး

    နောက်လာမည့် ပညာခေတ် အတွက် မရှိမဖြစ် လိုအပ် လာမည့် စုပေါင်းခေါင်းဆောင် မှု ကို စုပေါင်းသင်ယူခြင်း နည်းလမ်းဖြင့် မိတ်ဆက်ထားပါသည်။ ကျေးဇူး ဆရာကောင်းလွန်း

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ကောင်းလွန်း စာအုပ်များ