မဟာဗျူဟာမြောက်အပြောင်းအလဲ
15000 (ကျပ်)
“မပြောင်းလဲဘဲ တည်နေတာက ပြောင်းလဲခြင်းသာဖြစ်တယ်” ဆိုတဲ့စကားရှိတယ်။ ဘယ်လောက်ကောင်းတဲ့ စီးပွားရေးပဲဖြစ်ဖြစ် ပြောင်းလဲလာတဲ့ပတ်ဝန်းကျင်ကြောင့် အရင်သုံးနေကျမဟာဗျူဟာက အသက်မဝင်တော့တဲ့ အချိန်ရောက်လာတတ်ပါတယ်။စီးပွားရေးလုပ်ငန်းတွေဟာ အချိန်တစ်ခုရောက်လာရင် “Strategic Change” (မဟာဗျူဟာမြောက် အပြောင်းအလဲ) ကို မဖြစ်မနေ လုပ်ကို လုပ်ဖို့လိုပါတယ်။ လုပ်သင့်တဲ့အကြောင်းကတော့ စီးပွားရေးပတ်ဝန်းကျင် (Business environment) ၊ စျေးကွက် (Market) ၊ နည်းပညာ (Technology) နဲ့ ဖောက်သည်တွေရဲ့ လိုအပ်ချက်တွေ ဆန္ဒတွေ ပြောင်းလဲလာတာကြောင့်ပါ။အစိုးရမူဝါဒတွေ ဖြစ်တဲ့ အခွန်အခပြောင်းလဲတာတို့၊ သွင်းကုန်ထုတ်ကုန်တွေအတွက် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတွေ ပြောင်းလဲတာတို့ ဖြစ်လာရင် စီးပွားရေး မဟာဗျူဟာ ပြောင်းရပါတယ်။
နည်းပညာကလည်း အံ့မခန်းတိုးတက်ပြောင်းလဲနေရုံသာမက အဲဒီ နည်းပညာနောက်ကို လိုက်ဖို့ကလည်း ဈေးမကြီးလွန်းဘဲ လက်လှမ်းမီလာတဲ့ အခြေအနေဖြစ်လာတဲ့အတွက် အပြောင်းအလဲကို အမီလိုက်နိုင်ဖို့ စီးပွားရေးမဟာဗျူဟာကို ပြောင်းရပါတယ်။ကိုယ့်ဆီက ဝယ်နေကျဖောက်သည်ရဲ့ လိုအပ်ချက်တွေ အလိုဆန္ဒတွေ ပြောင်းလဲလာတဲ့အခါမှာလည်း ဖောက်သည်လိုအပ်ချက်နဲ့ အညီရောင်းဝယ်ဖောက်ကားနိုင်အောင် စီးပွားရေးမဟာဗျူဟာကို ပြောင်းရပြန်ပါတယ်။ကိုယ်ရှင်သန်ကျင်လည်ရာ ဈေးကွက်ထဲမှာ ကိုယ့်ကိုယှဉ်ပြိုင်မယ့် ပြိုင်ဘက်အသစ်တွေ ရောက်လာရင်တော့ ကိုယ့်ရဲ့ စီးပွားရေးဗျူဟာကို မဖြစ်မနေ ပြောင်းကိုပြောင်းရတော့မှာပါ။ခေတ်နဲ့ အညီပြောင်းလဲလာတဲ့ အပြောင်းအလဲတွေကို မျက်ခြည်မပြတ်တမ်း ကြည့်နေ ဖတ်နေ လေ့လာနေမှသာ ပြောင်းလဲမှုကြောင့်ဖြစ်လာတဲ့ ဖြစ်စဉ်တွေကို မြင်နိုင်ပြီး ပြင်ဆင်နိုင် ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။တိုးတက်မှုကို ဘယ်သူမှ မရပ်ချင်ကြပါဘူး။ ဆက်ပြီးတိုးတက်ချင်ကြတာ လူ့သဘာဝပါ။ ဒါဆိုရင် စဉ်ဆက်မပြတ် ရှင်သန်တိုးတက်နေဖို့အတွက် Business Strategy ဟာ တစ်သမတ်တည်း ရှိမနေဘဲ ပြောင်းလဲနေမှသာ ဆက်လက်ရှင်သန်တိုးတက်နိုင်မှာ ဖြစ်ပါတယ်။
စာအုပ်မှာ Marketing and Sales, Leadership and Management, Partnership, Strategy ဆိုပြီး အပိုင်းလေးပိုင်း ပါဝင်ပါတယ်။ ကိုယ့်လုပ်ငန်းကို သာမန်အခြေအနေနဲ့ လည်ပတ်နေဖို့မဟုတ်ဘဲ ဖြစ်ပေါ်လာတဲ့အပြောင်းအလဲကို အမီလိုက်ပါပြီး တိုးတက်ပြောင်းလဲချင်တယ်၊ စွမ်းဆောင်ရည်မြင့်တဲ့ လုပ်ငန်းအဖွဲ့အစည်းတစ်ခုတည်ဆောက်ချင်တယ်၊ ဘယ်အချိန် ဘယ်အခြေအနေမှာ ဘယ်လိုမဟာဗျူဟာမြောက်အပြောင်းအလဲတွေ လုပ်ရမလဲဆိုတာ သုံးသပ်နိုင်ချင်တယ်ဆိုရင် ယခုစာအုပ်ကို ဖတ်သင့်ပါတယ်။
| စာမျက်နှာ | 203 (𝐖𝐨𝐨𝐝𝐟𝐫𝐞𝐞 𝐩𝐚𝐩𝐞𝐫 ) |
|---|---|
| စာအုပ်အရွယ်အစား | 5.1 x 0.4 x 7.5 inches |
| ပုံနှိပ်မှတ်တမ်း | စာပေလမ်း 2025ံ နိုဝင်ဘာလ (ပထမအကြိမ်) |
15 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ