အပြောင်းအလဲကိုစီမံခြင်း
18500 (ကျပ်)
အပြောင်းအလဲဆိုတာ ဘာကြောင့်ပဲပြောင်းပြောင်း၊ ဘာကိုပဲပြောင်းပြောင်း အနာဂတ်ကိုဦးတည်ပြီး ပြောင်းရတာပါ။ အပြောင်းအလဲ(Change)ရဲ့နောက်မှာ အကူးအပြောင်း (Transition) ဆိုတဲ့အရွေ့ပါ ပါလာဖို့လိုပါတယ်။ တချို အပြောင်းအလဲတွေဟာ နည်းပညာအသစ်အဆန်းတွေနဲ့ ပြောင်းလဲရပါတယ်။ တချိုအပြောင်းအလဲတွေကျတော့ လုပ်နည်းလုပ်ဟန် ပြောင်းရပါတယ်။ တချိုအပြောင်းအလဲတွေကိုတော့ အခြေခံအတွေးအခေါ်ပါ ပြောင်းလဲရပါတယ်။
ပြောင်းလဲပြီဆိုတာနဲ့ ပထမဆုံး စဉ်းစားထားရမှာက Loss ဆိုတဲ့ ဆုံးရှုံးမှုပါ။ ပြောင်းလဲခြင်းအများစုဟာ အရှုံးနဲ့ ကြုံတတ်တယ်ဆိုတာ သိထားဖိုလိုပါတယ်။ ဒါကြောင့် ပြောင်းလဲမှုကိုစီမံတော့မယ်ဆိုရင် အရှုံးကို ဘယ်လိုစီမံမလဲဆိုတာ စပြီးစဉ်းစားထားဖိုလိုပါတယ်။ ဒုတိယ စဉ်းစားထားရမှာက Resistance ဆိုတဲ့ ခုခံမှုပါ။
(သာသာယာယာလိုထင်နေတဲ့) လက်ရှိအခြေအနေကနေ ဘာမှန်းမသိတဲ့ အခြေအနေသစ်တစ်ခုကို ပြောင်းလဲလိုက်ရမှာကို လူတော်တော်များများက စိုးရိမ်တတ်ကြပါတယ်။ ဒါဟာ လူ့သဘာဝပါ။ ဒါကြောင့်မို့ အဲဒီအခြေအနေကို ပျက်ယွင်းမသွားရအောင် ကာကွယ်မိတတ်ပါတယ်။ အဲဒါကို ခုခံမှု (Resistance) လို သတ်မှတ်တာပါပဲ။ ခုခံမှု အားကြီးတဲ့အခါမှာ ကာကွယ်မှု ဖြစ်သွားပါတယ်။
| စာမျက်နှာ | 230 |
|---|---|
| စာအုပ်အရွယ်အစား | 6 x 0.5 x 8.4 inches |
| ပုံနှိပ်မှတ်တမ်း | စာပေလမ်း 2024 မေလ (စတုတ္ထအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 16.7.2025 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 18500 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
14 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ