
ကြာပန်းလေးလို နေပါ
16000 (ကျပ်)
ဒီစာအုပ်ဟာ ရိုးရိုးဗုဒ္ဓဘာသာ တရားတော်တွေကို စုစည်းထားတဲ့ စာအုပ် မဟုတ်ပါဘူး။ (၂၅-၄၅ နှစ်အရွယ်) လူငယ်လူရွယ်တွေ ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုတွေ၊ စွဲလမ်းမှုတွေ၊ မိသားစုပြဿနာတွေ၊ စီးပွားရေးအခက်အခဲတွေ ကို ဗုဒ္ဓရဲ့ အဆုံးအမတွေ၊ ခေတ်သစ်စိတ်ပညာတွေနဲ့ ပေါင်းစပ်ပြီး လက်တွေ့ကျ ကျ ဖြေရှင်းပေးထားတဲ့ ”ဓမ္မလက်စွဲ” ပါ။
စာအုပ်ကို အခန်း (၆) ခန်းခွဲထားပါတယ်။
အခန်း (၁) နဲ့ (၂) မှာ လှပတဲ့ ဘဝနေနည်းအနုပညာ၊ ဗုဒ္ဓရဲ့ နှလုံးသားနဲ့ ဗုဒ္ဓါ နုဿတိ၊ ဘာသာရေးလုပ်သူတွေ ဘာကြောင့် စိတ်ပုပ်နေရသလဲဆိုတဲ့ Spiritual Ego၊ Toxic Positivity၊ လောင်းကစားနဲ့ ဂိမ်းစွဲလမ်းမှုတွေရဲ့ ဦးနှောက် အပေါ် သက်ရောက်မှုတွေကို စိတ်ပညာရှုထောင့်ကနေ ရှင်းပြထားပါတယ်။
အခန်း (၃) နဲ့ (၄) မှာ လူဖြစ်ရကျိုးနပ်စေမယ့် ဘဝနေနည်း၊ကိုယ့်နာမည် ကို ဘဝလမ်းညွှန်လို အသုံးပြုနည်း၊ အလှူဒါနရဲ့ တန်ဖိုး၊ ဗုဒ္ဓနည်းကျ စီးပွား ရှာခြင်းအနုပညာ၊ မိသားစုအတွင်း စိတ်ပိုင်းဆိုင်ရာ ကုစားခြင်းနဲ့ အိမ်သုံးမဂ္ဂင် ရှစ်ပါး စတဲ့ လက်တွေ့ဘဝအတွက် အလွန်အသုံးဝင်တဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။
အခန်း (၅) ကတော့ အလုပ်များတဲ့ ခေတ်သစ်လူတွေအတွက် အထူး ရည်ရွယ်ပြီး ရေးသားထားတာပါ။ ရုံးခန်းထဲမှာ၊ ဖုန်းမြည်တဲ့အခါ၊ ထမင်းစားတဲ့ အခါတွေမှာ မိနစ်ပိုင်းအတွင်း သတိကပ်နိုင်တဲ့ ”တစ်မိနစ် ဘဝနာ (Micro-Meditation)” နဲ့ ”မိသားစုလိုက် ကျင့်နိုင်တဲ့ ကျင့်စဉ်” စတဲ့ လက်တွေ့ကျတဲ့ နည်းစနစ်တွေ ပါဝင်ပါတယ်။
အခန်း (၆) မှာတော့ သစ္စာလေးပါး၊ အနတ္တ၊ သုညတ စတဲ့ နက်နဲတဲ့ ဥာဏ်ပညာတွေကို လူငယ်တွေ နားလည်လွယ်အောင် ဥပမာတွေနဲ့ ရှင်းပြထားပါတယ်။
ဒီစာအုပ်ကို တစ်ခါတည်း အစအဆုံး ဖတ်ဖို့မလိုပါဘူး။ စိတ်ပင်ပန်း နေတဲ့အခါ၊ ဘဝမှာ လမ်းပျောက်နေတယ်လို့ ခံစားရတဲ့အခါ၊ အမြင်သစ်တစ်ခုခု ရချင်တဲ့အခါတွေမှာ စာအုပ်ကို ဖွင့်ပြီး စိတ်ကြိုက်တစ်ခန်းကို ဖတ်ကြည့်ပါ။ စာမျက်နှာတွေထဲက လမ်းညွှန်ချက်တွေကို နေ့စဉ်ဘဝမှာ လိုက်နာကျင့်သုံးကြည့် ပါ။ (လက်တွေ့ ဘယ်လိုအကျိုးရှိသလဲ ဆိုတာကို ကိုယ်တိုင် ဆန်းစစ်ကြည့်လိုက်ပါ။
ရွှံ့နွံထဲက ရုန်းထွက်ပြီး မွှေးပျံ့သန့်စင်စွာ ပွင့်လန်းလာတဲ့ ကြာပန်း လေးလိုပဲ၊ စာဖတ်သူတို့လည်း လောကဓံများကြားမှာ စိတ်မညစ်နွမ်းဘဲ သန့်စင် အေးချမ်းစွာ ရှင်သန်နိုင်ကြပါစေ။
| စာမျက်နှာ | 235 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5 × 0.4 × 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2026ခုနှစ် ၊ နိုဝင်ဘာလ ၊ (ပထမအကြိမ်) |
18 in stock





Swe Mar –
အရမ်းကောင်းတဲ့ စာအုပ်ပါ လူငယ်တွေ ဖတ်သင့်ပါတယ်။
Khine Mya Pwint –
အကြိုက်ဆုံးစာသားလေးပါ။
” Like a Lotus, no matter how deep the mud pulls me, I will rise and bloom again beautifully.”
“ကြာပန်းဟာ ရွံ့နွံထဲကနေ လှပစွာ ထိုးထွက်ဖူးပွင့်လာသလိုပဲ ဘဝရဲ့ အခက်အခဲတွေက ဘယ်လောက်ပဲ ဆွဲထားပါစေ ငါဟာလှပစွာ ပြန်လည်ရှင်သန်တောက်ပနေမှာပါ” တဲ့။
ဒီစာအုပ်လေးကို ဖတ်ပြီးတော့ မြတ်စွာဘုရားရှင်ရဲ့ အနှစ်သာရ တရားတော်တွေဟာ ရိပ်သာတွေ၊ စာအုပ်တွေထဲမှာ ရပ်တန့်မနေသင့်ဘဲ လူတိုင်းရဲ့ နေ့စဉ်ဘဝ၊ ရုံးခန်းထဲ၊ အိမ်ထဲ၊ ကားပေါ်မှာ လက်တွေ့ အသုံးချနိုင်တဲ့ “ဘဝနေနည်းအနုပညာတွေ” အဖြစ် ပေါက်ဖွားလာတဲ့ စာအုပ်လေးတစ်အုပ်ဖြစ်တယ်ဆိုတာ အမှန်သိမြင်လာမိပါတယ်။
ဒီစာအုပ်လေးမှာ အခန်း ၆ခန်းပါဝင်ပြီး တစ်ခန်းစီကနေ လူ့ဘဝနေနည်းအနုပညာများကို သေသေချာချာ လွယ်ကူရိုးရှင်းစွာ လိုက်နာနိုင်ဖို့အတွက် လမ်းညွှန်ပေးထားတာကို တွေ့ရပါတယ်။ မိမိဖတ်လိုက်တဲ့ စာမျက်နှာတိုင်းမှာ စာဖတ်သူအတွက် တစ်မျက်နှာဆို ဆိုသလောက် အကျိုးများစေမယ့် စာအုပ်လေးပါ။
စာအုပ်ရဲ့ ကျောဘက်စာမျက်နှာမှာပါတဲ့အတိုင်း “ဘဝရဲ့ ရွံ့နွံတွေက ကိုယ့်ကို ညစ်ပတ်စေဖို့မဟုတ်ဘူး။ ကိုယ့်ရဲ့ အတွင်းစိတ်ထဲက ကြာပန်းလေးကို ပွင့်လန်းလာအောင် မြေဩဇာပေးနေတာပါ။”
ဒုက္ခတွေကို ရှောင်ပြေးတာမဟုတ်ဘဲ၊ အဲဒီ့ ဒုက္ခတွေကိုပဲ အာဟာရပြုပြီး လွတ်မြောက်တဲ့ ဘဝနေနည်းအနုပညာကို ဒီစာအုပ်က သင်ပေးမှာ ဖြစ်သလို လူငယ်လူရွယ်တွေအတွက် ခေတ်သစ်လူနေမှုဘဝရဲ့ မွန်းကျပ်မှုတွေကြားထဲမှာ စိတ်ဓာတ်မကျဘဲ အညစ်အကြေးတွေ မကပ်ငြိဘဲ ငြိမ်းချမ်းသာယာစွာ ရှင်သန်နိုင်ဖို့ လမ်းညွှန်ပေးမယ့် ဘဝလမ်းပြ ဓမ္မလက်စွဲ၊ စိတ်အားဖြည့် ဉာဏ်အားဖြည့် စာအုပ်လေးပဲ ဖြစ်ပါတယ်။
“No Mud, No Lotus.”
“ကြာပန်းလေးလို နေပါ”
ဒီစာအုပ်လေးကို ဖတ်ရှုရင်း ကျွန်မအပါအဝင် စာဖတ်သူအားလုံး မိမိတို့ရဲ့ နှလုံးသားထဲမှာ ရှိတဲ့ ကြာပန်းလေးတွေကို ရှာဖွေတွေ့ရှိပြီး အသိနှင့်ပညာ အလင်းရောင်အောက်မှာ တင့်တယ်လှပစွာ ဖူးပွင့်နိုင့်ကြပါစေရှင့်။
metta –
နံမည်လေးနဲ့လိုက်အောင်နေပါ
နံမည်ဆိုတာ ဘဝအဓိဋ္ဌာန် မန္တာန်ဆိုတာလေး လိုက်နာကျင့်သုံးစရာပါ
Phyo –
micro meditation နဲ့ မနောကြာဖြူမိသားစု လည်း ကောင်းပါတယ်
Swe –
တန်ဖိုးရှိတဲ့ စာအုပ်လေးပါ
ကြာပန်းလေးလိုနေပါ