ကြာပန်းလေးလို နေပါ

( 19 မှတ်ချက်)

16000 (ကျပ်)

ဒီစာအုပ်ဟာ ရိုးရိုးဗုဒ္ဓဘာသာ တရားတော်တွေကို စုစည်းထားတဲ့ စာအုပ် မဟုတ်ပါဘူး။ (၂၅-၄၅ နှစ်အရွယ်) လူငယ်လူရွယ်တွေ ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုတွေ၊ စွဲလမ်းမှုတွေ၊ မိသားစုပြဿနာတွေ၊ စီးပွားရေးအခက်အခဲတွေ ကို ဗုဒ္ဓရဲ့ အဆုံးအမတွေ၊ ခေတ်သစ်စိတ်ပညာတွေနဲ့ ပေါင်းစပ်ပြီး လက်တွေ့ကျ ကျ ဖြေရှင်းပေးထားတဲ့ ”ဓမ္မလက်စွဲ” ပါ။

 စာအုပ်ကို အခန်း (၆) ခန်းခွဲထားပါတယ်။

အခန်း (၁) နဲ့ (၂) မှာ လှပတဲ့ ဘဝနေနည်းအနုပညာ၊ ဗုဒ္ဓရဲ့ နှလုံးသားနဲ့ ဗုဒ္ဓါ နုဿတိ၊ ဘာသာရေးလုပ်သူတွေ ဘာကြောင့် စိတ်ပုပ်နေရသလဲဆိုတဲ့ Spiritual Ego၊ Toxic Positivity၊ လောင်းကစားနဲ့ ဂိမ်းစွဲလမ်းမှုတွေရဲ့ ဦးနှောက် အပေါ် သက်ရောက်မှုတွေကို စိတ်ပညာရှုထောင့်ကနေ ရှင်းပြထားပါတယ်။

အခန်း (၃) နဲ့ (၄) မှာ လူဖြစ်ရကျိုးနပ်စေမယ့် ဘဝနေနည်း၊ကိုယ့်နာမည် ကို ဘဝလမ်းညွှန်လို အသုံးပြုနည်း၊ အလှူဒါနရဲ့ တန်ဖိုး၊ ဗုဒ္ဓနည်းကျ စီးပွား ရှာခြင်းအနုပညာ၊ မိသားစုအတွင်း စိတ်ပိုင်းဆိုင်ရာ ကုစားခြင်းနဲ့ အိမ်သုံးမဂ္ဂင် ရှစ်ပါး စတဲ့ လက်တွေ့ဘဝအတွက် အလွန်အသုံးဝင်တဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

အခန်း (၅) ကတော့ အလုပ်များတဲ့ ခေတ်သစ်လူတွေအတွက် အထူး ရည်ရွယ်ပြီး ရေးသားထားတာပါ။ ရုံးခန်းထဲမှာ၊ ဖုန်းမြည်တဲ့အခါ၊ ထမင်းစားတဲ့ အခါတွေမှာ မိနစ်ပိုင်းအတွင်း သတိကပ်နိုင်တဲ့ ”တစ်မိနစ် ဘဝနာ (Micro-Meditation)” နဲ့ ”မိသားစုလိုက် ကျင့်နိုင်တဲ့ ကျင့်စဉ်” စတဲ့ လက်တွေ့ကျတဲ့ နည်းစနစ်တွေ ပါဝင်ပါတယ်။

အခန်း (၆) မှာတော့ သစ္စာလေးပါး၊ အနတ္တ၊ သုညတ စတဲ့ နက်နဲတဲ့ ဥာဏ်ပညာတွေကို လူငယ်တွေ နားလည်လွယ်အောင် ဥပမာတွေနဲ့ ရှင်းပြထားပါတယ်။

ဒီစာအုပ်ကို တစ်ခါတည်း အစအဆုံး ဖတ်ဖို့မလိုပါဘူး။ စိတ်ပင်ပန်း နေတဲ့အခါ၊ ဘဝမှာ လမ်းပျောက်နေတယ်လို့ ခံစားရတဲ့အခါ၊ အမြင်သစ်တစ်ခုခု ရချင်တဲ့အခါတွေမှာ စာအုပ်ကို ဖွင့်ပြီး စိတ်ကြိုက်တစ်ခန်းကို ဖတ်ကြည့်ပါ။ စာမျက်နှာတွေထဲက လမ်းညွှန်ချက်တွေကို နေ့စဉ်ဘဝမှာ လိုက်နာကျင့်သုံးကြည့် ပါ။ (လက်တွေ့ ဘယ်လိုအကျိုးရှိသလဲ ဆိုတာကို ကိုယ်တိုင် ဆန်းစစ်ကြည့်လိုက်ပါ။

ရွှံ့နွံထဲက ရုန်းထွက်ပြီး မွှေးပျံ့သန့်စင်စွာ ပွင့်လန်းလာတဲ့ ကြာပန်း လေးလိုပဲ၊ စာဖတ်သူတို့လည်း လောကဓံများကြားမှာ စိတ်မညစ်နွမ်းဘဲ သန့်စင် အေးချမ်းစွာ ရှင်သန်နိုင်ကြပါစေ။

စာမျက်နှာ

235 (Woodfree Paper)

စာအုပ်အရွယ်အစား

5.5 × 0.4 × 8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2026ခုနှစ် ၊ နိုဝင်ဘာလ ၊ (ပထမအကြိမ်)

18 in stock

ကြာပန်းလေးလို နေပါ အား ဝေဖန်သုံးသပ်မှု 19 ရှိပါသည်။

  1. Soe Naing –

    ကြာပန်းလေးသဖွယ်နေနိုင်အောင် သတိဆောင်ပါ့မယ်ဘုရား🙏

  2. Swe Swe –

    စိတ်ခွန်အားတက်စေတဲ့စာအုပ်ပါ။

  3. Thet Su –

    ဘုန်းဘုန်း စာများများရေးနိုင်ပါစေဘုရား🙏

  4. Wai Wai –

    မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေကို ခေတ်နဲ့အညီရှင်းပြထားတဲ့စာအုပ်ကောင်းတစ်အုပ်ပါ။

  5. Kan –

    လှပတဲ့ ဘဝနေနည်းအနုပညာ
    ကြာပန်းလေးလိုနေပါ တဲ့

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

အရှင်ဉာဏဝရ(ပါရမီ) စာအုပ်များ