
ကြာပန်းလေးလို နေပါ
16000 (ကျပ်)
ဒီစာအုပ်ဟာ ရိုးရိုးဗုဒ္ဓဘာသာ တရားတော်တွေကို စုစည်းထားတဲ့ စာအုပ် မဟုတ်ပါဘူး။ (၂၅-၄၅ နှစ်အရွယ်) လူငယ်လူရွယ်တွေ ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုတွေ၊ စွဲလမ်းမှုတွေ၊ မိသားစုပြဿနာတွေ၊ စီးပွားရေးအခက်အခဲတွေ ကို ဗုဒ္ဓရဲ့ အဆုံးအမတွေ၊ ခေတ်သစ်စိတ်ပညာတွေနဲ့ ပေါင်းစပ်ပြီး လက်တွေ့ကျ ကျ ဖြေရှင်းပေးထားတဲ့ ”ဓမ္မလက်စွဲ” ပါ။
စာအုပ်ကို အခန်း (၆) ခန်းခွဲထားပါတယ်။
အခန်း (၁) နဲ့ (၂) မှာ လှပတဲ့ ဘဝနေနည်းအနုပညာ၊ ဗုဒ္ဓရဲ့ နှလုံးသားနဲ့ ဗုဒ္ဓါ နုဿတိ၊ ဘာသာရေးလုပ်သူတွေ ဘာကြောင့် စိတ်ပုပ်နေရသလဲဆိုတဲ့ Spiritual Ego၊ Toxic Positivity၊ လောင်းကစားနဲ့ ဂိမ်းစွဲလမ်းမှုတွေရဲ့ ဦးနှောက် အပေါ် သက်ရောက်မှုတွေကို စိတ်ပညာရှုထောင့်ကနေ ရှင်းပြထားပါတယ်။
အခန်း (၃) နဲ့ (၄) မှာ လူဖြစ်ရကျိုးနပ်စေမယ့် ဘဝနေနည်း၊ကိုယ့်နာမည် ကို ဘဝလမ်းညွှန်လို အသုံးပြုနည်း၊ အလှူဒါနရဲ့ တန်ဖိုး၊ ဗုဒ္ဓနည်းကျ စီးပွား ရှာခြင်းအနုပညာ၊ မိသားစုအတွင်း စိတ်ပိုင်းဆိုင်ရာ ကုစားခြင်းနဲ့ အိမ်သုံးမဂ္ဂင် ရှစ်ပါး စတဲ့ လက်တွေ့ဘဝအတွက် အလွန်အသုံးဝင်တဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။
အခန်း (၅) ကတော့ အလုပ်များတဲ့ ခေတ်သစ်လူတွေအတွက် အထူး ရည်ရွယ်ပြီး ရေးသားထားတာပါ။ ရုံးခန်းထဲမှာ၊ ဖုန်းမြည်တဲ့အခါ၊ ထမင်းစားတဲ့ အခါတွေမှာ မိနစ်ပိုင်းအတွင်း သတိကပ်နိုင်တဲ့ ”တစ်မိနစ် ဘဝနာ (Micro-Meditation)” နဲ့ ”မိသားစုလိုက် ကျင့်နိုင်တဲ့ ကျင့်စဉ်” စတဲ့ လက်တွေ့ကျတဲ့ နည်းစနစ်တွေ ပါဝင်ပါတယ်။
အခန်း (၆) မှာတော့ သစ္စာလေးပါး၊ အနတ္တ၊ သုညတ စတဲ့ နက်နဲတဲ့ ဥာဏ်ပညာတွေကို လူငယ်တွေ နားလည်လွယ်အောင် ဥပမာတွေနဲ့ ရှင်းပြထားပါတယ်။
ဒီစာအုပ်ကို တစ်ခါတည်း အစအဆုံး ဖတ်ဖို့မလိုပါဘူး။ စိတ်ပင်ပန်း နေတဲ့အခါ၊ ဘဝမှာ လမ်းပျောက်နေတယ်လို့ ခံစားရတဲ့အခါ၊ အမြင်သစ်တစ်ခုခု ရချင်တဲ့အခါတွေမှာ စာအုပ်ကို ဖွင့်ပြီး စိတ်ကြိုက်တစ်ခန်းကို ဖတ်ကြည့်ပါ။ စာမျက်နှာတွေထဲက လမ်းညွှန်ချက်တွေကို နေ့စဉ်ဘဝမှာ လိုက်နာကျင့်သုံးကြည့် ပါ။ (လက်တွေ့ ဘယ်လိုအကျိုးရှိသလဲ ဆိုတာကို ကိုယ်တိုင် ဆန်းစစ်ကြည့်လိုက်ပါ။
ရွှံ့နွံထဲက ရုန်းထွက်ပြီး မွှေးပျံ့သန့်စင်စွာ ပွင့်လန်းလာတဲ့ ကြာပန်း လေးလိုပဲ၊ စာဖတ်သူတို့လည်း လောကဓံများကြားမှာ စိတ်မညစ်နွမ်းဘဲ သန့်စင် အေးချမ်းစွာ ရှင်သန်နိုင်ကြပါစေ။
| စာမျက်နှာ | 235 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5 × 0.4 × 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2026ခုနှစ် ၊ နိုဝင်ဘာလ ၊ (ပထမအကြိမ်) |
18 in stock





ထက် –
လှပတဲ့ ဘဝနေနည်းအနုပညာ
ဗုဒ္ဓရဲ့ ဘဝနေနည်းအနုပညာကို လူငယ်တွေအတွက် ရေးထားတာပါ 🪷🪷🪷
Ma Suvannacārī –
Like a Lotus, no matter how deep the mud pulls me, I will rise and bloom again beautifully.ကြာပန်းဟာ ရွှံ့နွံ့ထဲကနေ လှပစွာ တိုးထွက်ဖူးပွင့်လာသလိုပဲ၊ ဘဝရဲ့ အခက်အခဲတွေက ဘယ်လောက်ပဲ ဆွဲထားပါစေ၊ ငါဟာ လှပစွာ ပြန်လည်ရုန်းထွက် ရှင်သန် တောက်ပနေမှာပါ။✨✨✨
“ကြာပန်းလေးလိုနေပါ”စာအုပ်လေးထဲက အကြိုက်ဆုံး စာသားလေးပါ📝
Kyaw Zin –
လောကဓံကြားမှာ စိတ်မဆင်းအောင် စိတ်ခွန်အားရစေတဲ့ စာအုပ်ကောင်းတစ်အုပ်ပါဘုရား🙏
Kay –
လူငယ်တွေအတွက် လမ်းပြကြယ်သဖွယ်ပါပဲ။
Kan –
သည်းခံခြင်းနဲ့ ပတ်သက်တဲ့ အမြင်သစ်တစ်ခုကို အမှတ်ရဆုံးပါပဲ