
ရှင်ဘုရင်ပါပဲနှင့် ရွှေပြည်တန်သော ဆောင်းပါးများ
5000 (ကျပ်)
“လောကကြီးတွင် မိမိအကြောင်းလောက် စိတ်ဝင်စားစရာကောင်းသည့်အရာ ဘယ်မှာရှိနိုင်ပါမည်နည်း”တဲ့။
၁၉၅၀ လောက်တုန်းက ဗေဒင်ဆရာကြီး ဆရာစန္ဒြထံ ဆရာကြီးဦးအောင်သင်းက ဗေဒင်သွားမေးသတဲ့။ “ခင်ဗျားသိထားရမှာက ကျုပ်တို့ဗေဒင်လက္ခဏာဆိုတာ အတိတ်ကံကိုသာ ဟောနိုင်တာ၊ ပစ္စုပ္ပန်ကံဆိုတာက ကျုပ်တို့နဲ့ မဆိုင်ဘူး၊ ခင်ဗျားနဲ့သာဆိုင်တာ။“ အတိတ်ကံမှာ မပါဘူးလို့၊ ကျုပ်ကဟောလိုက်တာနဲ့ ခင်ဗျား တွေ့ကရာ လျှောက်လုပ်နေရင် တွေ့ကရာဖြစ်မှာပဲ။ ကံကိုယုံပြီး ဆူးပုံနင်းရင် ဆူးစူးမှာပဲ”လို့ပြန်ပြောလိုက်ကြောင်း. . .
ဆရာကြီးဦးအောင်သင်းက သူ့အတွေ့အကြုံကိုပြောရင်း ဆက်လက်၍ တွေးတွေးဆဆ ပုံပြဥပမာတစ်ခုကို မျှဝေပေးပါတယ်။ တစ်ခါက ဗေဒင်လက္ခဏာကျွမ်းကျင်တဲ့ ပုဏ္ဏားတစ်ယောက်က ခရီးသွားတစ်ဦးရဲ့ ခြေရာကို တွေ့လိုက်ရသတဲ့။ အဲ့သည် ခြေခဏာကိုကြည့်လိုက်တော့ မင်းဧကရာဇ်ဖြစ်မယ့် လက္ခဏာဖြစ်နေပါသတဲ့။ ဒီတော့ ပုဏ္ဏားကြီးက တွေးတောပြီး ဒီလူဟာ ပြည်သူလူထုအခြေအနေကို စနည်းနာဖို့ ထွက်လာတဲ့ ပြည့်ရှင်မင်းတစ်ပါးရဲ့ခြေရာလား၊ ဒါမှမဟုတ် ထီးနန်းကို စောင့်ကာနေတဲ့ မင်းလောင်းရဲ့ ခြေရာလားပေါ့လေ။ အဲ့ဒါနဲ့ သိလိုစိတ်ပြင်းပြလာတာနဲ့ ခြေရာကိုနောက်ယောင်ခံလိုက်ခဲ့သတဲ့။ နောက်ဆုံးတော့ အဲ့သည်လူနဲ့ ခရီးသွားရင်း မိတ်ဖွဲ့ကာ“ဒီကမိတ်ဆွေက ဘာအလုပ်လုပ်သလဲ”“ကျုပ်ကဇာတ်ထဲက ဇာတ်သမားပါ” “ဇာတ်ထဲမှာတော့ ဘာလုပ်ရပါသလဲ”အပြန်အလှန် စကားခွန်းဆိုပြောကြတဲ့အခါ ပုဏ္ဏားကြီးတွေ့ခဲ့ရတဲ့ လမ်းဘေးမှာ အပေါ့သွားခဲ့လေသူ ခြေရာပိုင်ရှင်ကြီးက. . .ဗေဒင်လက္ခဏာကျွမ်းတဲ့ ပုဏ္ဏားကြီးကို“ရှင်ဘုရင်လုပ်ရပါတယ်”လို့ ပြန်ဖြေလိုက်လေသတဲ့။ စာချစ်သူတို့အတွက် စိတ်အာဟာရဖြစ်စေမယ့် စာအုပ်အမည်ကတော့ရှင်ဘုရင်ပါပဲနှင့်ရွှေပြည်တန်သော ဆောင်းပါးများ ” ဖြစ်ပါတယ်။
===
ယခုစာအုပ်တွင် ကံကြမ္မာကို မယုံပဲ မိမိလက်ရှိရွေးချယ်မှုနဲ့ လုပ်ရပ်တွေကသာ ဘဝကို သတ်မှတ်ပေးတယ်ဆိုတဲ့ အဓိပ္ပာယ်ကို သဘောပေါက်စေပြီး ကိုယ့်ဘဝကို ကိုယ်တိုင် တာဝန်ယူတည်ဆောက်ဖို့ အတွေးအမြင်တွေ ပေးနိုင်တာကြောင့် ဖတ်သင့်တဲ့ စာအုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 104 (woodfreepaper) |
|---|---|
| စာအုပ်အရွယ်အစား | 4.7 x 0.2 x 7.2 inches |
| ပုံနှိပ်မှတ်တမ်း | ဇွန်ပွင့်စာအုပ်တိုက်၊ 2026 မတ်လ ၊ (တတိယအကြိမ်) |
6 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ