ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ

( 1 မှတ်ချက်)

2000 (ကျပ်)

စာမျက်နှာ

167

စာအုပ်အရွယ်အစား

4.7 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဇွန်ပွင့်စာပေ၊ 2020 ဇူလိုင်လ၊ (ပ-ကြိမ်)

1 in stock

ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Pyae Ar Kar

    ဆရာအောင်သင်း မဟာဝိဇ္ဇာတက်တော့ ပထမနှစ် အတန်းချိန်တစ်ချိန်မှာ သင်ကြားပေးရသူက ပါမောက္ခဦးဖေမောင်တင် ၊ ဆရာအောင်သင်းတို့နဲ့ အတူ ဆရာကြီး ဦးဖေမောင်တင်ရဲ့ သင်ပြမှုကို ဧည့်အဖြစ် လာရောက်သင်ယူတဲ့သူတစ်ယောက်က ဆရာကြီးမင်းသု၀ဏ် ၊ အဲ့မှာ ဆရာကြီး ဦးဖေမောင်တင်က Mind ဆိုတဲ့ စကားလုံးရဲ့ မူရင်း မြန်မာ အဓိပ္ပာယ်ကို ရှာဖွေခိုင်းတယ် ၊ လူတော်တော်များများသိကြတာ Mind ဆိုတာ စိတ်လို့ သိကြတာလေ ၊ တကယ်ဝော့ာ စိတ်ဆိုတာ ပါဠိ လိုကနေ လာတာလေ ၊ ကဲ သင်တို့ကော Mind ဆိုတာရဲ့ မြန်မာလို အဓိပ္ပာယ်ကို သိကြရဲ့လား ?

    ပါမောက္ခ ဦးဖေမောင်တင်ကို သဘောကျသွားတဲ့ အချက်တစ်ချက်လည်း ရှိသေးတယ် ၊ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းတို့ကို ဗြိတိသျှတို့က အပြစ်ပေးချင်တော့ ဆရာကြီး ဦးဖေမောင်တင်ကိုကျောင်းထုတ်ခိုင်းတယ် ၊ ဆရာကြီးက ကိုဗဟိန်းတို့ဟာ ကျောင်းစည်းကမ်းနဲ့ လျော်ညီတာကြောင့် သူထုတ်လို့မရကြောင်း အစိုးရကို စာပြန်တယ် ၊ ထိုင်ခုံပျောက်မှာမကြောက်လို့ ‌ဗြိတိသျှရဲ့သဘောအတိုင်း ကိုဗဟိန်းကို ကျောင်းမထုတ်ခဲ့တဲ့ ဆရာကြီး ဦးဖေမောင်တင်ရဲ့ သတ္တိကို မလေးစားဘဲ မနေနိုင်ခဲ့ဘူးလေ

    ” နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ ပညာရေးစနစ်ကိုမြင့်တင်သင့်တယ် ၊ ပညာကြီးရင့်တဲ့ တိုင်းပြည်ကို ပညာငယ်တဲ့ တိုင်းပြည်က အလိုလို တပည့်ခံလာလိမ့်မယ် ” ဒီစာလေးဖတ်ပြီး တွေးမိသွားတယ် ၊ ဟုတ်ပါ့ အာဏာရူးတေ‌ွ ဖျက်စီးပစ်လိုက်တဲ့ ပညာရေးက ခုချိန်ထိ နလန်ထူဖို့ မနည်းကြိုးစားနေရသေးတယ်နော်

    အာဏာရူးတွေအကြောင်းစဉ်းစားမိတော့ တစ်ခါတုန်းက နပိုလီယံ အကြောင်းလေးပြန်ပေါ်လာတယ် ၊ နပိုလီယံက သူ့ကို ကာကွယ်ဖို့ သူ့ဗိုလ်ကြီးတွေကို ဓားသမားတစ်ယောက် စေလွှတ်ခိုင်းသတဲ့ ၊ ဓားသမား‌ေရာက်လာတော့ သူ့ကို ကာကွယ်ရမဲ့ ပုံစံတွေပြောပြတယ် ၊ ဓားသမားက သူ့ရဲ့ အမြင်ကိုပြောဖို့ ကြံတော့ ငါမင်းရဲ့ ဓားပညာကိုပဲ လာခိုင်းတာ ငါ့ကို အကြံပေးဖို့ မဟုတ်ဘူးတဲ့ ၊ အာဏာရှင်တွေဟာ ပညာရှင်တွေကို အသုံးချဖို့သက်သက်သာဖြစ်ပြီး အကြံဉာဏ်မလိုဘူးဆိုတာ တွေ့လိုက်ရတယ် ၊ အဲ့တာကြောင့်ပဲ …

    ” တက္ကသိုလ်ဆိုတာဟာ တိုက်တာအဆောက်အဦတွေနဲ့ ခမ်းနားနေသလောက် ပညာအနှစ်သာရဆိုလို့ညတစ်ရွှေးမျှတောင် မရှိတော့ဘူး ” ဆိုတဲ့ ဆရာကြီးရဲ့စာလေးဖတ်လိုက်ရတော့ ငိုင်သွားတယ် ၊ အတွေးထဲမှာ ပေါ်လာတာက အနီးကပ်တက် ကျူရှင်တက် အလွတ်ကျက် ကန်တော့ ဆိုတာတွေက အစီအရီပေါ်လာတယ် …

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

အောင်သင်း စာအုပ်များ