ဖတ်ပါကျင့်ပါ ဖတ်ကြည့်ပါ

( 0 မှတ်ချက်)

20000 (ကျပ်)

ရည်ညွှန်းလိုတဲ့ အကြောင်းအရာကတော့ ရိုးရှင်းပေမဲ့ သိမ်မွေ့နက်ရှိုင်းလှပါတယ်။ ဖတ်ကြည့်စေချင်ပါတယ်။ ကျင့်ကြံအားထုတ်စေချင်ပါတယ်။ ဒါကြောင့် စာရေးသူက သူဖတ်ပြီး စာဖတ်သူတွေကို ဖတ်စေချင်တဲ့ စာအုပ်တွေအကြောင်း မျှဝေခြင်းအားဖြင့် အလေးအနက်ထား ညွှန်းဆိုလိုက်တဲ့ မေတ္တာစာစုပါပဲ။

ဒီစာအုပ်မှာ ကဏ္ဍအားဖြင့် ၃ခုခွဲပြီး တင်ပြထားပါတယ်။ ဖတ်ပါ ကျင့်ပါဆိုတဲ့ ကဏ္ဍ၊ ဖတ်ဖို့ ကျင့်ဖို့ဆိုတဲ့ ကဏ္ဍနဲ့ ဖတ်ကျင့်စေချင်ပါသည်ဆိုတဲ့ ကဏ္ဍတွေပဲဖြစ်ပါတယ်။ ကဏ္ဍတစ်ခုချင်းစီအလိုက် စာရေးသူ ညွှန်းဆိုချင်တဲ့ အကြောင်းချင်းရာတွေကတော့. . .

အောင်မြင်ရေး အတွေးအမြင်၊ ဘဝဖြတ်သန်းမှု အတွေ့အကြုံ၊ လောကဓမ္မ အတွေးအမြင်၊ ပန်းချီ၊ ကဗျာ ၊ စာပေ၊ အနုပညာနဲ့ ဝတ္ထုရေးရာ ရသသဘောထားတွေ ပါဝင်ပါတယ်။ ဖော်ပြညွှန်းဆိုထားတဲ့ စာအုပ်တွေက စာဖတ်သူအနေနဲ့ လက်လှမ်းတမီ မရှိခဲ့ရင်လည်း မိမိနှစ်သက်ရာ အကြောင်းအရာကိုအလွယ်တကူ ဖတ်ရှုနိုင်ဖို့ရာ စာပေလမ်းညွှန်လို့ သဘောထားနိုင်ပါတယ်။ စိတ်ဝင်စားလို့
အပျင်းပြေ ဖတ်ချင်တာပဲဖြစ်ဖြစ် အလေးအနက်ထား ဖတ်ချင်တာပဲဖြစ်ဖြစ် စာချစ်သူအတွက် အကျိုးဖြစ်စေမှာပါလို့ အကြံပြု ညွှန်းဆိုအပ်ပါတယ်။
===

ဒီစာအုပ်နဲ့ပတ်သက်ပြီး စာရေးသူ ဆရာကြီးဦးအောင်သင်း မေတ္တာစကားပါးလိုက်တာက “ကောင်းမှန်းသိနေပါလျက် မဆောင်နိုင်တာလည်း ရှိတတ်ပါသည်။ “မကောင်းမှန်း သိနေပါလျက် မရှောင်နိုင်တာလည်း ရှိတတ်ပါသည်။” မည်သို့ပင်ဖြစ်စေ ကောင်းမှန်း၊ မကောင်းမှန်းသိနေအောင်တော့ဖြင့် စာကောင်း ပေကောင်းတွေက ထွန်းပြတတ်သည်ဟု ကျွန်တော် ယုံကြည်ပါသည်” တဲ့။ မိတ်ဆွေ စာချစ်သူတို့အတွက် ခဝါလှေမွန်စာအုပ်တိုက်က ဒုတိယအကြိမ် ထုတ်ဝေလိုက်တာပါ။ စာပေနဲ့ဘဝ ရင်ချင်းအပ် စိတ်ချင်းထပ်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

စာမျက်နှာ

356(woodfreepaper)

စာအုပ်အရွယ်အစား

5.3 x 0.6 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ဇွန်ပွင့်စာအုပ်တိုက်၊ 2026 မတ်လ ၊ (ဒုတိယအကြိမ်)

8 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဖတ်ပါကျင့်ပါ ဖတ်ကြည့်ပါ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

အောင်သင်း စာအုပ်များ