ဂျပန်စိတ်ဓာတ်
6000 (ကျပ်)
ဂျပန်လူမျိုးတို့သည် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ပြိုင်ဆိုင်မှုများ၊ စာမေးပွဲများ၊ ဘဝသစ်တစ်ခုကို စတင်ခြင်း အထိမ်းအမှတ်တို့အတွက် အားပေးစကားအနေဖြင့်
“အကောင်းဆုံးကြိုးစား”
“အားမလျှော့နဲ့”
“တောင့်ထား”
ဆိုသည့် သဘောဖြင့် အားပေးတတ်ပါသည်။ ဂန်ဘာ့တဲ သည် ဂန်ဘာ့ရူ (Ganbaru) ဆိုသည့် Verb မှ လာပြီး “အကောင်းဆုံးလုပ် လက်မလျှော့နှင့်” ဆိုသည့် အားပေးစကားမျိုးဖြစ်ကြောင်း သိရပါသည်။ ဂန်ဘာ့တဲဟုပြောလိုက်လျှင် ကိုယ်စွမ်းရှိသလောက်ညဏ်စွမ်းရှိသလောက် ကိုယ်တိုင်က ကြိုးစားအားထုတ်ရမည်ဆိုသည့် သဘောသက်ရောက်ပါသည်။
ကြိုးစားအားထုတ်မှုကို အဓိကထားသူမှာ ကံတရားကို မျှော်လင့်နေစရာမလို။ ဘာဖြစ်ဖြစ် အကောင်းဆုံးလုပ်ဆောင်ခဲ့ပြီးဖြစ်သောကြောင့်အချည်းနှီး မဖြစ်ဆိုသည့် အမြင်မျိုးကို ဂျပန်လူမျိုးတို့ ခံယူတတ်ကြသည်။ ယင်းသည် “ဂန်ဘာ့တဲ” ဖြစ်သည်။
” ဘဝတွင်
အစွမ်းရှိသလောက်
အကောင်းဆုံးလုပ်
လုပ်သမျှ အားထည့်
မဆုတ်မနစ် ကြိုးစား
ရှေ့ကိုသာဆက်သွား
အားမလျှော့နဲ့။
ပန်းတိုင်ကိုမရောက်သမျှ
စိတ်ဓာတ်မကျနဲ့
အကောင်းလုပ်မှ
အလုပ်ကောင်းမည်”
ယင်းသည် ဂန်ဘာ့တဲ သဘောတရားပင်ဖြစ်သည်။
ယခုစာအုပ်သည် ဂျပန်လူမျိုးတွေ မည်သို့သော စိတ်ဓာတ်များဖြင့် သူတို့ဘဝတွေကို ပုံဖော်ကာ နေထိုင်ကြကြောင်း ရေးသားထားသည့် စာအုပ်ဖြစ်ပါသည်။
| စာမျက်နှာ | 139 |
|---|---|
| စာအုပ်အရွယ်အစား | 4.9 x 0.2 x 7.8 inches |
| ပုံနှိပ်မှတ်တမ်း | မောက္ခစာပေ၊ 2023 ဇူလိုင်လ၊ (ပ-ကြိမ်) |
Out of stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ