ဖို မ ပညာပေးသင်ကြားရေး

( 0 မှတ်ချက်)

18000 (ကျပ်)

နိုင်ငံတကာတွင်လည်း CSE ( Comprehensive Sexuality Education) “မျိုးပွားခြင်း၊ သဘာ၀နှင့် လူမှုဆိုင်ရာ ဘ၀တွက်တာ သိမှတ်စရာများ” အနေဖြင့် Sex Education ကို သင်ကြားနိုင်စေရန် အားထုတ်နေကြပါသည်။ ထိုသို့ အားထုတ်နေကြခြင်းမှာ
– HIV / AIDS ရောဂါမဖြစ်ပွားရေး
– လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ မဖြစ်ပွားရေး
– မရည်ရွယ်ဘဲ ကိုယ်ဝန်မရရှိနိုင်ရေး
– ကျား၊ မ အခြေပြု အကြမ်းဘက်မှုများ မဖြစ်ရေး
– ကျား၊ မ တန်းတူညီမျှမှု မရှိခြင်းကို ကာကွယ်တားဆီးရေး
– လူငယ်များ ကျန်းမာသုခပြည့်စုံသည့် ဘ၀ရရှိနိုင်ရေးတို့အတွက် UNESCO ကပင် ပါဝင်လှုပ်ရှား အကူအညီများပေးကာ လုပ်ဆောင်နေကြောင်း သိထားစေလိုပါသည်။

မြန်မာနိုင်ငံတွင် ဘ၀တွက်တာ ကျွမ်းကျင်စရာ သင်ခန်းစာများကို သင်ကြားရာ၌ အလယ်တန်းအဆင့်တွင် နယ်ပယ် ၅ခုကို အဓိကပြုကာ သင်ကြားရန် ပြဠာန်းခဲ့ပါသည်။
(၁) လူမှုဘ၀မှာ ကျွမ်းကျင်စရာ ( Social Skills)
(၂) ဆယ်ကျော်သက်ရွယ် သတိထားဖွယ် ( Reproductive Health )
(၃) သတိပြုပါ လိင်ရောဂါ ( HIV / AIDS and STI )}
(၄) မူးယစ်အန္တရာယ် တို့ကာကွယ် ( Drug Use )
(၅) စိတ်ကျန်းမာရေး လေ့ကျင့်ပေး ( Emotional Intelligence ) တို့ဖြစ်သည်။

အထက်တန်းဆင့် န၀မတန်း ( Grade 10 ) အတွက်လည်း
(၁) လူမှုဘ၀မှာ ကျွမ်းကျင်စရာ ( Social Skills)
(၂) ဆယ်ကျော်သက်ရွယ် သတိထားဖွယ် ( Reproductive Health )
(၃) သတိပြုပါ လိင်ရောဂါ ( HIV / AIDS and STI )
(၄) မူးယစ်အန္တရာယ် တို့ကာကွယ် ( Drug Use )

အထက်တန်းဆင့် ဒသမတန်း ( Grade 11 ) အတွက်လည်း
(၁) လူမှုဘ၀မှာ ကျွမ်းကျင်စရာ ( Social Skills)
(၂) ဆယ်ကျော်သက်ရွယ် သတိထားဖွယ် ( Reproductive Health )
(၃) သတိပြုပါ လိင်ရောဂါ ( HIV / AIDS and STI ) တို့ကို သင်ကြားရန် ပြဠာန်းထားပါသည်။

ရည်ရွယ်ချက်ကောင်းသော်လည်း အချို့သော ကျောင်းများတွင် ထိုပြဠာန်းစာအုပ်များ ရှိမှန်းပင်တောင် မသိသော ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများရှိနေသောကြောင့် မြန်မာနိုင်ငံတွင် Sex Education နှင့် သက်ဆိုင်သော ဘ၀တွက်တာ သိမှတ်စရာများ သင်ကြားရေးမှာ အားနည်းလျက်ရှိနေသေးသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင်က ထောက်ပြပြောဆိုခဲ့သည်မှု ထောက်ခံရမည်သာ ဖြစ်သည်။

စာအုပ်၏ အဓိက ရည်ရွယ်ချက်မှာ လတ်တလော ဖြစ်ပေါ်နေသော ဝေဖန်မှုများတွင်  Sex Education ကိုပင် မသင်သင့်ဆိုသည့် အမျိုး၊ ဘာသာ၊ သာသနာအကြောင်းပြုကာ ပိတ်ပင်ခိုင်းနေသော လူတစ်စုကိုရည်ရွယ်ပြီး နိုင်ငံတကာ၌ မည်သည့်သဘောဖြင့် Sex Education ကို သင်ကြားနေကြောင်း သိစေရန် အားထုတ်ခြင်း ဖြစ်ပါသည်။

စာမျက်နှာ

231 (Woodfree paper)

စာအုပ်အရွယ်အစား

5 x 0.4 x 8 inches

ပုံနှိပ်မှတ်တမ်း

မောက္ခစာပေ၊ 2025 စက်တင်ဘာလ၊ (ပထမအကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဖို မ ပညာပေးသင်ကြားရေး” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

တင်ညွန့် စာအုပ်များ