စိတ်ရှင်းရင် ဘဝရှင်းပါတယ်

( 0 မှတ်ချက်)

11500 (ကျပ်)

ခုနောက်ပိုင်း minimalism ဆိုတဲ့ ဘဝနေနည်းလေးကို အတော်လေးသဘောကျလာပါတယ်..။ အရင်ကဆို..လိုတာလည်းဝယ်..မလိုတာလည်း ဝယ်..စျေးလျှော့တဲ့အခါဝယ်..တန်တယ်ထင်တဲ့အခါဝယ်…လက်ဆောင်ပေးဖို့ဝယ်..စသဖြင့် မလိုအပ်ဘဲ ဝယ်ထားတဲ့ အသုံးအဆောင် ပစ္စည်းတွေနဲ့ တစ်အိမ်လုံးမှာ ရှုပ်ပွနေတတ်ပါတယ်..။

အခုတော့ ပစ္စည်းတစ်ခု ဝယ်ခါနီးကျရင် ဒီပစ္စည်းဟာ ကိုယ်တကယ်လိုအပ်ရဲ့လား..တကယ်အသုံးဝင်မှာလား..ဒီပစ္စည်းကို ဘယ်နေရာမှာထားမှာလဲ..စသဖြင့် တွေးတောဆင်ခြင်ပြီးမှ တကယ်မလိုအပ်ရင် မဝယ်ဖြစ်တော့ပါဘူး… အဲ့ဒိအတွက် ရလဒ်က ကိုယ့်အိမ်မှာ မလိုအပ်ဘဲ ပစ္စည်းတွေ စုပုံမနေတော့သလို ကိုယ့်စိတ်ထဲလည်း သက်သောင့်သက်သာ ကျေနပ်ပေါ့ပါးလာပါတယ်..။ စိတ်လည်းရှင်းလာပါတယ်..။ လိုချင်တောင့်တစိတ်တွေလည်း သိသိသာသာ လျော့ပါးလို့လာပါတယ်..။ ဒီပစ္စည်းကို မရလို့လည်း ဘာမှဖြစ်မသွားပါဘူးဆိုတဲ့ အတွေးမျိုးနဲ့ ကြိုတင်လက်လွှတ်တတ်လာပါတယ်..။

ကိုယ့်ရဲ့အိမ်ကလေးကို အတတ်နိုင်ဆုံး မလိုအပ်တဲ့အပိုပစ္စည်းတွေ ဘာမှမရှိစေဘဲ..ရှင်းရှင်းလင်းလင်းလေးဖြစ်နေတာကို အလွန်သဘောကျပါတယ်..။ အိမ်တစ်အိမ်မှာ တကယ်လိုအပ်ပြီးရှိသင့်ရှိထိုက်တဲ့..ကိုယ့်ရဲ့စိတ်အကြည်ဓါတ်ကို ထိန်းသိမ်းပေးနိုင်တဲ့ မရှိမဖြစ်ပစ္စည်းကလေးတွေကလွဲလို့..မလိုအပ်တဲ့ဘယ်အသုံးအဆောင်မျိုးကိုမှ အပိုမထားချင်တော့ပါဘူး..။

အလားတူပဲ ကိုယ့်ရဲ့စိတ်ထဲမှာ မလိုအပ်တဲ့အရာတွေဘာမှထည့်မထားဘဲ…အပိုအတွေးတွေ..အပိုအပြောတွေ..အပိုအလုပ်တွေတွေကို လွှတ်ချသင့်ရင်လွှတ်ချလိုက်ပါတယ်..။ အဲ့ဒီအပိုတွေနေရာမှာ ကိုယ့်အတွက် တကယ်အကျိုးရှိစေမယ့် တန်ဖိုးရှိစေတဲ့ အရာတွေနဲ့ အစားထိုးဖြည့်ဆည်းလိုက်ပါတယ်..။ ကိုယ့်ရဲ့စိတ်ထဲမှာ မလိုအပ်တဲ့..ရှုပ်ထွေးလေးလံစေတဲ့အတွေး..အပြော..အလုပ်မှန်သမျှကို ရှင်းလင်းပစ်နိုင်လာတာနဲ့အမျှ..ကိုယ့်ရဲ့စိတ်ဟာ အမှိုက်ကင်းမဲ့ဇုံ..ဒရာမာကင်းမဲ့ဇုံလေးဖြစ်လာပါတယ်..။

ကိုယ့်ရဲ့အနားမှာ..ကိုယ့်ကို တကယ်ချစ်ခင်တန်ဖိုးထားပြီး ကိုယ့်ရဲ့ကောင်းကျိုးကို လိုလားတဲ့ မိတ်ဆွေသူငယ်ချင်းကောင်းလေးတွေကို တန်ဖိုးထားစွာ နေရာပေးထားပါတယ်..။ ကိုယ့်အပေါ် မလိုလားတဲ့သူ..ကွယ်ရာမှာ အတင်းပြောတတ်သူ..အပြစ်ရှာဖွေနေတတ်သူမျိုးကိုတော့ ကိုယ့်အတွက် မလိုအပ်တဲ့ အသုံးမဝင်တဲ့အရာတွေလိုပဲ ကိုယ့်ဘဝထဲကနေ အပြီးတိုင်ရှင်းလင်းဖယ်ထုတ်ထားလိုက်ပါတယ်..။

တကယ်တော့ ကိုယ့်ကို လူတွေက ဘယ်လိုထင်မလဲ..ဘာတွေပြောနေမလဲဆိုတာ..ကိုယ့်အလုပ်မဟုတ်ပါဘူး..။ ပြောနေတဲ့သူရဲ့ အလုပ်သာဖြစ်ပါတယ်..။ အတင်းပြောခံရတာဟာ ကိုယ့်ရဲ့ပြဿနာမဟုတ်ပါဘူး..သူ့ရဲ့ပြဿနာသာဖြစ်ပါတယ်..။ ကိုယ့်ရဲ့စိတ်မှာ မလိုအပ်တဲ့ အနှောင့်အယှက်တွေကို ဖယ်ရှားလိုက်တဲ့အခါ…စိတ်ဟာ ရိုးရှင်းပြီး အကြည်ဓါတ်ကလေးနဲ့ အေးမြလို့လာပါတယ်..။ ဘဝအတွက် သံသရာအတွက် ပိုပြီးအရေးကြီးတဲ့အလုပ်တွေကို စိတ်အနှောင့်အယှက်ကင်းကင်းနဲ့ အာရုံစိုက်ပြီးလုပ်နိုင်လာပါတယ်..။

ကိုယ့်ရဲ့စိတ်မှာ မလိုအပ်တဲ့အရှုပ်တွေ ရှင်းလင်းလာတာနဲ့အမျှ..ကိုယ့်ရဲ့စိတ်နှလုံးအိမ်ကလေးဟာ ရိုးရှင်းပြီးကြည်လင်သန့်စင်လာပါတယ်..။ အိမ်ကလေးလှပရှင်းလင်းနေအောင် ထားသလိုမျိုး..ကိုယ့်ရဲ့စိတ်နှလုံးကိုလည်း ကြည်လင်သန့်ရှင်းနေအောင်ထားဖို့လိုပါတယ်..။ စိတ်ရှင်းလာတာနဲ့အမျှ ကိုယ့်ဘဝကလည်း ရှင်းလာမှာဖြစ်ပါတယ်..။

ဒီစာအုပ်လေးထဲမှာ ကိုယ့်စိတ်ကို သန့်ရှင်းစင်ကြယ်အောင်၊ ညစ်နွမ်းရှုပ်ထွေးမှုတွေ ကင်းအောင်၊ ရိုးရှင်းစွာတွေးခေါ်စိတ်ထားတတ်အောင် စာရေးသူရဲ့ အတွေ့အကြုံလေးတွေနဲ့ မျှဝေပေးထားပါတယ်။

စာမျက်နှာ

144

စာအုပ်အရွယ်အစား

5.6 x 0.5 x 8.4 inches (Hard Cover)

ပုံနှိပ်မှတ်တမ်း

အောင်မြင်စာပေ၊ 2024 ဒီဇင်ဘာလ(ပထမအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

30.7.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 11500 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

11 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စိတ်ရှင်းရင် ဘဝရှင်းပါတယ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

လွန်းထားထား(ဆေးတက္ကသိုလ်) စာအုပ်များ