


နောင်တရဲ့ အဝေးမှာ
5500 (ကျပ်)
လူတော်တော်များများဟာ..သူတို့ရဲ့ဘဝမှာ နောင်တနဲ့ ယှဉ်တွဲနေထိုင်မိကြတာများပါတယ်..။ နောင်တကြီးတာနဲ့ သေးတာပဲ ကွာခြားပါလိမ့်မယ်..။ နေ့ရက်တိုင်းကို ပြန်ဆန်းစစ်ကြည့်လိုက်ရင်..တစ်နေ့တစ်နေ့မှာ ကျွန်မတို့ နောင်တရမိတဲ့ အဖြစ်အပျက်တွေ..ရှိနေတတ်စမြဲပါ..။ နောင်တ သေးသေးမွှားမွှားကလေးကနေ စပြီး..နောင်တကြီးကြီးမားမားတွေလည်း ရှိနေတတ်ပါတယ်..။တကယ်တော့ သေချာစဉ်းစားကြည့်လိုက်ရင် နောင်တဆိုတဲ့အရာဟာ..ကျွန်မတို့ကို ပျော်ရွင်စိတ်ချမ်းသာခြင်းကနေ ဝေးအောင် တုပ်နှောင်ထားတဲ့ သံကြိုးတွေလိုပါပဲ..။ နောင်တကြီးမားလေလေ..တုပ်နှောင်ထားတဲ့ ကြိုးတွေက ခိုင်မာသန်စွမ်းလေလေပဲ ဖြစ်ပါတယ်..။ကျွန်မတို့ ဘာအတွက် ဘယ်လိုကိစ္စတွေမှာ နောင်တရကြသလဲ ပြန်စဉ်းစားကြည့်ရအောင်..။ မပြောသင့်တဲ့စကားတစ်ခွန်း..ပြောလိုက်မိလို့ဖြစ်စေ..မလုပ်သင့်တဲ့ အလုပ်တစ်ခုခု လုပ်လိုက်မိလို့ဖြစ်စေ..လုပ်သင့်တဲ့ အလုပ်တစ်ခုကို မလုပ်လိုက်မိလို့ဖြစ်စေ..ကျွန်မတို့ နောင်တရတတ်ပါတယ်..။ကိုယ်ချစ်တဲ့သူတွေအတွက်ပဲဖြစ်ဖြစ်..ကိုယ်မသိတဲ့ သူစိမ်းတွေအတွက်ပဲဖြစ်ဖြစ်..ကိုယ်တွေးလိုက်မိတဲ့အတွေး..ပြောလိုက်မိတဲ့စကား..လုပ်လိုက်မိတဲ့အပြုအမူတွေ..ဆုံးဖြတ်ချက်တွေအတွက်..နောင်တတစိမ့်စိမ့်ရနေတတ်တဲ့ အချိန်မျိုးတွေ ရှိတတ်ပါတယ်..။ငါ..ဒီစကားကို ပြောလိုက်မိတာ..မှားသွားပြီထင်တယ်..။ တကယ်ဆို ငါဒီလို မပြောသင့်ဘူး..ဒီလိုအပြုအမူမျိုး ငါချစ်တဲ့သူအပေါ်မှာ မလုပ်သင့်ဘူး..သူ့ဘက်ကို နည်းနည်းတွေးကြည့်ဖို့ကောင်းတယ်..စသဖြင့်ပေါ့…။တစ်ခါတစ်လေ remote လေးတစ်ခုနဲ့ အချိန်တစ်ချိန်ဆီ ပြန်သွားလိုက်ချင်တဲ့စိတ်မျိုး ကျွန်မတို့စိတ်မှာ ပေါ်ဖူးပါလိမ့်မယ်.။ မပြောသင့်တဲ့ စကားတစ်ခွန်းကို ပြောလိုက်မိတာ..မလုပ်သင့်တဲ့အလုပ်တစ်ခု..အပြုအမူတစ်ခုကို ပြုမူလိုက်မိတဲ့အတွက်..မချင့်မရဲစိတ်နဲ့ နောင်တရနေတာမျိုး ဖြစ်ပါတယ်..။တတ်နိုင်ရင် အဲ့ဒီအချိန်ကလေးဆီ remote ကလေးနှိပ်ပြီး ပြန်သွားလိုက်မယ်..ပြောသင့်တဲ့စကားလေးနဲ့ ပြောင်းလဲပြောလိုက်ရင်..အခုခံစားနေရတဲ့ နောင်တတွေ..သောကတွေ..အမှားတွေကို ခံစားရင်ဆိုင်ရမှာမဟုတ်ဘူး..လို့ တွေးမိတဲ့အခါမျိုးတွေ ကျွန်မမှာလည်း ရှိခဲ့ပါတယ်..။အဲ့ဒီနောင်တတွေဟာ ကျွန်မတို့ရဲ့စိတ်ကို မွန်းကြပ်နေအောင်..မပျော်ရွှင်အောင် လှောင်ပိတ်ထားတတ်ပါတယ်..။ ဒါကြောင့် ကျွန်မတို့ဟာ..တတ်နိုင်သ၍ သတိလေးထားပြီး နောင်တရစေမယ့် အတွေးတွေ..စကားတွေ..အလုပ်တွေကို မလုပ်မိအောင်..ကိုယ့်ရဲ့ စိတ်အတွေးတွေကို သတိလေးနဲ့ စောင့်ရှောက်ထားဖို့ လိုပါတယ်..။စိတ်ဟာ သတိကောင်းလာလေလေ..မတွေးသင့်တာကို တွေးလိုက်မိတာနဲ့ ချက်ချင်းသတိထားမိပါတယ်..။
စာမျက်နှာ | 144 ၊ hard cover |
---|---|
စာအုပ်အရွယ်အစား | 6 x 0.5 x 8.5 inches |
ပုံနှိပ်မှတ်တမ်း | အောင်မြင်စာပေ၊ 2023 မတ်လ(ပထမအကြိမ်) |
3 in stock
လွန်းထားထား(ဆေးတက္ကသိုလ်) စာအုပ်များ
-
လွန်းထားထား(ဆေးတက္ကသိုလ်)
ဒီနေ့ပျော်ပါ
5500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)
သောကနဲ့ဝေးရာဆီ
5500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)
နောင်တရဲ့ အဝေးမှာ
5500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ