


ပိုအေးချမ်းတဲ့ကိုယ်
11500 (ကျပ်)
ဘဝမှာ..ပူပန်သောကတွေများလာတဲ့အခါ..အေးချမ်းတဲ့ဘဝလေးတစ်ခုကို လိုချင်တောင့်တမိတတ်တာ သဘာဝပဲဖြစ်ပါတယ်။ ကိုယ်အေးချမ်းဖို့အတွက်..ကိုယ့်ရဲ့စိတ်အတွေးတွေကို အေးချမ်းစွာထားတတ်ဖို့ အရေးကြီးပါတယ်..။ ဒါဟာ အေးချမ်းစွာရှင်သန်နိုင်ဖို့ ဘဝနေနည်းလည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်အေးချမ်းနေဖို့အတွက်..ကိုယ့်ရဲ့အတွေးတွေကိုလည်း အေးချမ်းနေအောင် ကြိုးစားပြင်ဆင်ယူရမှာဖြစ်ပါတယ်။
ပူလောင်မှုတွေကြားမှာ..အေးချမ်းစွာ ရှင်သန်တတ်လာတဲ့အခါ..ကိုယ်အေးချမ်းသလို သူများတွေလည်း အေးချမ်းပါစေဆိုတဲ့ စေတနာနဲ့ ကိုယ့်အနီးနားပတ်ဝန်းကျင်က လူတွေဆီကိုလည်း ကိုယ့်ရဲ့အေးချမ်းမှုလေးတွေ ကူးစက်မျှဝေပေးနိုင်လာပါတယ်။
ကိုယ်အေးချမ်းအောင်နေဖို့အတွက်..ကိုယ့်ရဲ့စိတ်အတွေးတွေကို ပူလောင်တဲ့နေရာကနေအေးချမ်းတဲ့နေရာဆီ နေရာတကျထားပေးနိုင်ဖို့ပဲ လိုပါတယ်..။ ကိုယ့်ရဲ့စိတ်ဟာ..မီးအပူနားမှာအပူဟပ်ပြီး ပူလောင်နေပြီဆိုရင်အေးမြသန့်စင်တဲ့ ရေတံခွန်နားမှာ နေရာချပေးနိုင်ရင်အေးမြငြိမ်းချမ်းလာမှာပဲဖြစ်ပါတယ်..။
ပူလောင်တဲ့အတွေးတွေလောဘ..ဒေါသ..မာနအစရှိတဲ့ မီးတောက်မီးလျှံတွေအနားကနေကိုယ့်ရဲ့စိတ်ကလေးကို..အေးချမ်းတဲ့အတွေးအာရုံလေးတွေ..အကောင်းမြင်တဲ့အတွေးလေးတွေ..လောဘ..ဒေါသ..မာနတွေ တတ်နိုင်သမျှကင်းတဲ့ ရေတံခွန်လို အေးချမ်းတဲ့နေရာကလေးမှာ..နေသားတကျ နေရာချပေးနိုင်ရင်အေးချမ်းမှုတွေ ကူးစက်လာမှာ သေချာပါတယ်။
ပထမဆုံး ကိုယ်အေးချမ်းလာတဲ့အခါ..ကိုယ့်အနီးနားက မိသားစုမိတ်ဆွေသူငယ်ချင်းတွေနဲ့..လုပ်ဖော်ကိုင်ဖက်တွေဆီ ကိုယ့်ရဲ့အေးချမ်းတဲ့အပြုံးလေးတွေ..အေးချမ်းတဲ့အပြုအမူလေးတွေ..မျှဝေကူးစက်ပေးနိုင်လာပါလိမ့်မယ်။ ပူလောင်မှုတွေကင်းပြီး..အေးချမ်းတဲ့ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ပါလိမ့်မယ်။
ဒီနေ့အေးချမ်းစွာ စိတ်ထားတတ်လာတဲ့အခါ..မနက်ဖြန်မှာ ပိုအေးချမ်းတဲ့ကိုယ်..ဖြစ်လာပါလိမ့်မယ်..။
တစ်နေ့တစ်နေ့ ကိုယ်ပိုအေးချမ်းလာဖို့အတွက်..တွေးသင့်တဲ့အတွေးလေးတွေ..ထားသင့်တဲ့ စိတ်ထားနည်းလေးတွေ..ကိုယ့်ကိုယ်ကိုယ်ချစ်ခင်လေးစားတန်ဖိုးထားတတ်ဖို့ နည်းလမ်းလေးတွေစသဖြင့်..မျှဝေပေးထားတဲ့ စာအုပ်ကလေးကို ပိုအေးချမ်းတဲ့ ကိုယ်.. လို့ နာမည်ပေးထားပါတယ်။
စာအုပ်ကလေးကို တစ်ထိုင်တည်း ဖတ်လိုက်ဖို့မလိုပါဘူး..။ တစ်နေ့တစ်ပုဒ်စီလောက်ဖတ်ကြည့်ပြီး..တွေးတောဆင်ခြင်ကြည့်စေချင်ပါတယ်..။ ကိုယ့်မှာပြင်ဆင်စရာလေးတွေရှိရင် ပြင်ဆင်နိုင်ဖို့ ချစ်ခင်စွာ တိုက်တွန်းအကြံပြုချင်ပါတယ်။
ကိုယ့်ရဲ့စိတ်ထဲမှာ..သောကတစ်ခုခုကြောင့် ပူလောင်လာပြီလို့ ခံစားရတဲ့အခါ..ဒီစာအုပ်လေးထဲက စာကြောင်းလေးတစ်ကြောင်းကြောင်းက..ကိုယ့်ရဲ့စိတ်ကို အေးချမ်းကြည်လင်သွားအောင်..ရေတံခွန်လေးအနားဆီ ခေါ်ဆောင်သွားပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။
| စာမျက်နှာ | 160 ၊ hard cover |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.5 x 8.5 inches |
| ပုံနှိပ်မှတ်တမ်း | အောင်မြင်စာပေ၊ 2023 ဇွန်လ(ပထမအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 30.7.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 11500 ကျပ် စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
7 in stock
လွန်းထားထား(ဆေးတက္ကသိုလ်) စာအုပ်များ
-
လွန်းထားထား(ဆေးတက္ကသိုလ်)ဒီနေ့ပျော်ပါ
11500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)သောကနဲ့ဝေးရာဆီ
11500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)ပိုအေးချမ်းတဲ့ကိုယ်
11500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)ကိုယ့်ဘဝက ကိုယ့်လက်ထဲမှာ
11500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)နောင်တရဲ့ အဝေးမှာ
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)အချစ်ရဆုံး သမီးလေးထံသို့
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)နှလုံးသားကိုဖွင့်တဲ့သော့
11500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)စိတ်စေတနာနဲ့ တန်တဲ့ဘဝ
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)စိတ်ရှင်းရင် ဘဝရှင်းပါတယ်
11500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)ပိုကောင်းဖို့ဖြစ်တာပါ
11000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)စိတ်ချမ်းသာစွာနေထိုင်ခြင်း
12000 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်) -
လွန်းထားထား(ဆေးတက္ကသိုလ်)တန်ဖိုးရှိတဲ့ဘဝ
11500 (ကျပ်)Rated 0.1 out of 5 based on 0.1 customer ratings( 0 မှတ်ချက်)





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ