နှင်းကေသရာချစ်တဲ့သူရဲကောင်း

( 2 မှတ်ချက်)

25000 (ကျပ်)

စာမျက်နှာ

418

စာအုပ်အရွယ်အစား

5.6 x 0.7 x 8.2 inches

ပုံနှိပ်မှတ်တမ်း

လင်္ကာဒီပစာပေ၊ 2023 ဒီဇင်ဘာလ၊ (န၀မအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

31.3.2025နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 25000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

Out of stock

နှင်းကေသရာချစ်တဲ့သူရဲကောင်း အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Wuthmone Phyu

    ဒီတစ်ခါတော့ ကုန်းဘောင်မင်းဆက်အကြောင်းတွေထဲကနေ ရုန်းထွက်ပြီး မွန်သူရဲကောင်းတွေအကြောင်းကို ဖတ်ဖြစ်သွားပါတယ်။ ဒီစာအုပ်ကိုဖတ်ပြီးတော့ အလွန်အမင်း ထပ်ဖတ်ချင်တဲ့ စိတ်ဖြစ်မိတာက”ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း ” ပါပဲ.။

    မိန်းမသား လည်းဖြစ်တယ်။ ကျဆုံးစစ်သည်တွေရဲ့အကြောင်းတွေ ၊ သူတို့ရဲ့ဘဝတွေ ၊ ကျန်ရစ်သူမိသားစုတွေရဲ့အကြောင်းတွေကိုကြားလည်းကြားဖူး ၊ သိလည်းသိဖူးထားတော့ “သူရဲကောင်း” ဆိုတဲ့ မတ်သံလုံ.တို့ စောသံမုန်တို့ထက် နောက်ပိုင်းမှာ စိုးရိမ်နေရတဲ့ အန္တရာယ် ကင်းပြီးကျန်းမာဖို့ စိတ်ပူနေရတဲ့မွေ့ ကေသာ (နှင်းကေသရာ) ရဲ့ ဘဝကို ပိုစိတ်မောရတယ်။ စစ်ထွက်သူရဲ့ ချစ်သူ ၊ ဇနီးမယား ဆိုတာ ဘယ်ခေတ်မှာ ဖြစ်ဖြစ် စိတ်လည်းပူရ ၊ သတ္တိလည်းရှိရ ၊ ရင်လည်းမောရရှာပါလား ဆိုပြီး ကရုဏာဖြစ်မိရပါတယ်။

    ” သူရဲကောင်း “တွေရဲ့ ရဲ့ရင့်တည်ကြည်တဲ့ စိတ်ဓာတ် နဲ့ သစ္စာတရားကို ဖတ်ရင်း..ဖတ်ရင်း.. နှစ်သက်ဖွယ် ခံစားမိပါတယ်။ ချစ်သောသူနဲ့ကွေကွင်းရခြင်းဆင်းရဲ အတွက် ဇာတ်ဆောင်တွေကိုယ်စားစိတ်မချမ်းမြေ့ရသလို ဘာကြောင့်စစ်တိုက်ရသလဲ ဆိုတော့
    “ဘုရင်နှစ်ပါး အကုသိုလ်ဝင်လို့ဖြစ်ကြတာပဲလို့ဆိုလိုက်ပါတော့ဗျာ ” ဆိုပြီး (ဒီစာအုပ်ထဲက)သူရဲကောင်းလဂွန်းအိမ် ပြောသွားတဲ့စကားမှာတော့ တွေးစရာအများကြီး ရလိုက်ပါတယ်။

    အမှာစာထဲမှာတော့ ဆရာက ဒီဝတ္ထုကို စကားလုံးတစ်လုံးထဲနဲ့ပြောပါ ဆိုရင်တော့ “ငြိမ်းချမ်းရေး” လို့သတ်မှတ်တယ်လို့ရေးထားပါတယ်။ ဆရာချစ်ဦးညို စာအုပ်တွေဖတ်မယ်ဆိုရင် တကယ့်အဖြစ်အပျက်(သမိုင်းအချက်အလက်)ကိုအဓိက မထားပဲ ဆရာအမှာစာမှာရေးခဲ့သလို “ဝတ္ထုရေးသူ” တစ်ဦးရဲ့ အံ့မခန်း လက်ရာ တစ်ပုဒ်ကို နင့်နင့်နဲနဲခံစားပြီး ဖတ်ရင် ပိုပြီးအရသာ ရှိလိမ့်မယ် လို့လည်းထင်မိပါတယ်။

    ရေးတတ်တဲ့သူများကျတော့လည်း သမိုင်းနောက်ခံဝတ္ထုတစ်ပုဒ်ကို ပဉ္စလက်ဆန်ဆန် ၊ ဂန္ထဝင် မြောက်စွာ စိတ်ကူးဉာဏ်လှပစွာ ဇာတ်အိမ်ဖွဲ့ပြီး ရေးသွားလိုက်တာများ ဆရာအမှာစာထဲရေးထားတဲ့ “ငြိမ်းချမ်းရေး” ဆိုတာကို ဒီစာအုပ်ကနေ အများကြီးစဉ်းစားသွားမိတဲ့အထိ လက်ရာမြောက်လှပါရဲ့ရှင်..

  2. Aeri Myat

    ဇာတ်လမ်းစစချင်းမှာမတ်သံလုံ နဲ့ နှင်းပန်းခိုင်တို့အကြောင်း နောက်တော့ စောသံမုန်နဲ့ မွေ့ကေသာ
    သူတို့ချစ်ရသူတွေရဲ့ ချစ်ခြင်းတရား
    ကွေကွင်းရတဲ့ဒုက္ခတွေစစ်ပွဲတွေကြားကသူတို့ရဲ့အဖြစ်အပျက်စိတ်ခံစားချက်တွေကိုမြင်ယောင်ခံစားမိစေပါတယ်နောက်တော့မတ်သံလုံရဲ့ရဲရင့်မှူတွေကိုလေးစားရသလိုသူရဲကောင်းကြီးဖြစ်နေပါစေသူ့မှာလည်းနှလုံးသားဒဏ်ရာကိုမကုစားနိုင်ဘဲအချိန်အတော်ကြာခံစားခဲ့ရပုံတွေ နှင်းကေသရာရဲ့ရင်တွင်းခံစားချက်တွေ မတ်သံလုံနဲ့နှင်းကေသရာတို့ရဲ့စိတ်ဓါတ်ခံယူချက်တွေစသဖြင့်ဖတ်ရင်းအကြိုက်တွေ့မိစေပါတယ်နောက်ပြီးတမြို့နဲ့တမြို့တိုက်ခိုက်ကြသော်လည်းသူရဲကောင်းကိုတန်ဖိုးထားသောပြည့်ရှင်မင်းတွေရဲ့စိတ်ဓါတ်ကိုလည်းလေးစားမိပါတယ်အမတ်ဒိန်ရဲ့ငြိမ်းချမ်းရေးလိုလားသောစိတ်
    မတ်သံလုံရဲ့ သူတပါးအားနည်းချက်ကိုဖိပြီးမတိုက်ခိုက် မျှတစွာယှဥ်ပြိုင်လိုသောစိတ်ရဲစွမ်းသတ္တိစသဖြင့်လေးစားဖွယ်စိတ်ဝင်စားဖွယ်ဖတ်ရှူရတဲ့စာအုပ်ကောင်းတအုပ်ပဲဖြစ်ပါတယ်
    စာညွှန်းမှာပါတဲ့ဆရာချစ်ဦးညိုပြောတာလေးကိုလည်းသဘောကျမိပါတယ် ဒီစာအုပ်ကိုစကားလုံးတလုံးတည်းနဲ့ဖော်ပြရမယ်ဆိုရင် #ငြိမ်းချမ်းရေး လို့ဖော်ပြချင်ပါတယ်တဲ့.. 🤍
    #bookreviewby하은

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ချစ်ဦးညို စာအုပ်များ