လင်္ကာဒီပချစ်သူ

( 8 မှတ်ချက်)

15000 (ကျပ်)

စာအုပ်အရွယ်အစား

5.4 x 0.6 x 8.1 inches

ပုံနှိပ်မှတ်တမ်း

လင်္ကာဒီပစာပေ၊ 2018 စက်တင်ဘာလ၊ (၁၃-ကြိမ်)

စျေးနှုန်းအပြောင်းအလဲ

25.4.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 15000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

8 in stock

လင်္ကာဒီပချစ်သူ အား ဝေဖန်သုံးသပ်မှု 8 ရှိပါသည်။

  1. Nway Phyu Pyar Oo

    ဒီစာအုပ်လေးက စာအုပ်စင်မှာ ထူးထူးခြားခြားနဲ့ နှစ်အုပ်ရှိတဲ့စာအုပ်လေးပါ.. ပထမတစ်အုပ်က ကိုယ်တိုင်ဖတ်ဖို့… ဒုတိယတစ်အုပ်ကိုတော့ လက်ဆောင်ပေးဖို့ ဝယ်ခဲ့တာ… လက်ဆောင်လဲ မပေးဖြစ်… ဘယ်စာအုပ်ဖတ်ဖတ် ကိုယ့်စာအုပ်ပဲ…

    ငယ်ငယ်ကတော့ ရာမ၊ လက္ခဏ၊ ရာဝဏ နဲ့ သီတာကို ဆိုကရေးတီးမှာကတည်းက စသိခဲ့ပြီး‌တော့ အခုချိန်ထိ ပုဝါတစ်ခုကို ဒဿနဲ့သီတာတို့ တစ်ဖက်ဆီကိုင်ပြီး ကနေကြတာကိုတော့ဖြင့် မျက်လုံးထဲမှာ မြင်ယောင်နေသေးတယ်… ရွှေသမင် လိုက်ပြေးတဲ့အခန်းတွေ… ငယ်ငယ်တုန်းက TV ရှေ့ထိုင်ပြီး ပြီးသွားတဲ့ထိ ထိုင်ကြည့်နေခဲ့တာ…

    စာအုပ်ကတော့ ဘာရယ်မဟုတ်ဘူး ဖတ်မယ်ဆိုပြီး ဝယ်လိုက်တယ်… ဝယ်ဝယ်ချင်းမှာ တစ်ခြားအာရုံတွေပေါ်စိတ်ရောက်သွားတော့ မဖတ်ဖြစ်.. စဖတ်တော့လဲ.. ရှေ့ပိုင်းကနေ ဆက်မသွားပဲ bookmark နဲ့ပဲ ညှပ်ထားလိုက်တာ သုံးနှစ်လောက်ကြာတယ်… ရှေ့လလောက်ကမှ ပြန်ဖတ်ကြည့်မယ်ဆိုပြီး အစကနေ ဖတ်လိုက်တဲ့အချိန်မှာ လက်ကနေတောင် မချချင်လောက်တဲ့အထိ ဒဿက ဆွဲဆောင်နိုင်ခဲ့တာတော့ အမှန်ပဲ…

    မဖတ်ဖူးသေးတဲ့သူတွေအတွက် ဖတ်သင့်တဲ့ စာအုပ်လေးတစ်အုပ်ပါ… ဒဿဘက်ကနေ ရေးဖွဲ့ထားတာြဖစ်လို့ ရာမဇာတ်ကို အမြင်တစ်မျိုးနဲ့ ကြည့်ရတဲ့ ပုံစံမျိုးလေးမလို့ ထူးခြားနေဆဲပါပဲ…

    #bookspagesandme #လင်္ကာဒီပချစ်သူ

  2. Kay Khaing Win Thein

    တစ်အုပ်လောက် ထပ်လိုချင်ပါတယ်ရှင့်။

    • Htet Aung

      မင်္ဂလာပါ… စာအုပ်လေး လောလောဆယ် အမှာများလို့ ပျက်နေပါတယ်။ မကြာခင် ပြန်လည်ရရှိပါလိမ့်မယ်။ စာချစ်သူရွှင်သာချမ်းမြေ့ပါစေ…

  3. Wint Htet Wai Wai Aung

    စာအုပ်လေးကို သတိရတိုင်း ထဖတ်ဖြစ်ခဲ့တာက ဒီစာအုပ်နဲ့ ပတ်သတ်တဲ့ အထူးခြားဆုံးအမှတ်တရပဲ။
    ကိုယ်ချစ်တဲ့ သူတွေကိုပါ သတိတရ လက်ဆောင်ပေးဖြစ်ခဲ့ရလောက်တဲ့အထိ ခင်တွယ်ရတဲ့ စာအုပ်လေး။
    ဆရာ့ရဲ့ ဘယ်စာအုပ်မဆို သဘောကျပေမယ့် ဒီ လင်္ကာဒီပကတော့ စွဲလမ်းတဲ့အထိကို သဘောကျခဲ့တာ။
    ဗီလိန်တွေကို ချစ်တဲ့ ကိုယ့်အတွက် အမြဲအမှတ်တရဖြစ်မယ့် အမှတ်တရလေး။

    #ဒဿ #လင်္ကာဒီပချစ်သူ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ချစ်ဦးညို စာအုပ်များ