အချစ်ဦးရဲ့ အချစ်ဦး

( 1 မှတ်ချက်)

7500 (ကျပ်)

အချစ်ဦး ဟူသည် မေ့နိုင်ကောင်းသော အရာမျိုးမဟုတ်။ သည် “အချစ်ဦးရဲ့ အချစ်ဦး”သည်လည်း ပိုလို့ပင် မေ့နိုင်စရာမရှိရက်။ အဘယ်ကြောင့် ဆိုသော် ညိုသောကမ္ဘာတွင် ရင်ခုန်စရာ လူငယ်လေး တစ်ဦး ရှိနေသည်။

ရေခြားမြေခြားမှ လူမျိုးခြား ‘Rich’ သည်လည်း ဘဝအတွက် တွန်းအားဖြစ်စေသည်။ အချစ်နှင့်ဘဝကို ရူးသွပ်သွားစေသော ‘ဒါရီယာ’ ကမူ အဆုံးစွန်ထိ နှစ်မြှုပ်ပစ်လိုက်နိုင်သည်။ သို့သော် တစ်ခါတစ်ရံတွင်မူ လူတစ်ယောက်၏ သတိပြုခံရခြင်းကို ယောင်ယမ်းလို့မျှပင် မရရှိနိုင်သည့် အညတရ ဘဝမျိုးလည်း ရှိတတ်ကြ သည်ပင်။ ထိုထက်ပို၍ ရင်နာစရာကောင်းသည်ကတော့ အနီးဆုံးလူနှစ်ဦးအကြားတွင် တစ်စုံတရာမျှ ပျက်ယွင်း သွားခြင်း မရှိပါဘဲလျက် နှလုံးသားတစ်ခုလုံး ဆုံးရှုံးလိုက်ရခြင်းပင်ဖြစ်သည်။ သည်လိုရင်ခုန်ရှင်သန်မှုများစွာတွင် ကံကြမ္မာ၏ အင်အားများကိုလည်း ရင်ဆိုင်ရင်းကျရှုံးရတတ်သည်လည်း ရှိသည်။ စင်စစ်တွင် ဘဝ ရှင်သန်မှုသည် နှလုံးသွေးများ စီးဆင်းနဖခြင်းသာဖြစ်သည်။ သည်လို နှလုံးသွေးမြစ်များမှ မျောပါလာသော ကြည်နူးဆွတ်ပျံ့ဖွယ်၊နာကျင်ကြေကွဲဖွယ်ဟူသော အရာများစွာကို နွေအိမ်မောင်ဝင်း ၏ ‘အချစ်ဦးရဲ့ အချစ်ဦး’ တွင် ဖတ်ရှုခံစားကြရမည်။

စာမျက်နှာ

176

စာအုပ်အရွယ်အစား

5.4 x 0.2 x 8.1 inches

ပုံနှိပ်မှတ်တမ်း

အိပ်မက်အသစ်စာပေ ၊ 2023 ဇူလိုင်လ(စတုတ္ထအကြိမ်)

Out of stock

အချစ်ဦးရဲ့ အချစ်ဦး အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    အကြည်ဓါတ်ရချင်ရင် Win Maung
    အမောင့်စာအုပ်လေးတွေ ဖတ်ပါ💜

    ဒီစာအုပ်လေးမှာ ရသအက်ဆေး ဝတ္ထု
    အတိုရောအရှည်ရော စုစုပေါင်း(၁၀)ပုဒ်ပါဝင်ပါတယ်။

    ၁၀ပုဒ်လုံး သဘောကျတယ်ရယ်။🫶

    ဖတ်ရင်း စိတ်ကို ကြည်နူးစေတယ်။
    လွမ်းမိစေတယ်။
    နာကျင်ရတယ်။

    အချစ်နဲ့ ပက်သတ်တဲ့ စိတ်ခံစားချက်ရသတွေ အပြည့်ရစေမဲ့
    စာအုပ်လေးပေါ့။

    #အချစ်ဦးရဲ့အချစ်ဦး

    တွေ့ဆုံခဲ့ခြင်းမှာ ကြည်လင် ပန်းပွင့်တွေ
    ပွင့်ခဲ့ ဝေခဲ့ဖူး။
    ခွဲခွာရတဲ့ အခိုက်အတန့်တွေတိုင်း
    သစ်ရွက်တွေလို တမြေ့မြေ့ ကြွေကျခဲ့ဖူး။

    အချစ်ဦးဆိုတဲ့ ဒီနာမ်စားကို မြင်တိုင်း…
    ရေရွတ်မိတိုင်း…
    လွမ်းစရာအဖြစ်အပျက်ရယ်လို့
    ရှိနေဖူးတဲ့သူမို့ မဖတ်ခင်တည်းက
    စိတ်လှုပ်ရှားမိတာပါပဲ။

    ဆယ်ကျော်သက်အရွယ် “နွေးနေရီ”နဲ့ “ဦးငြိမ်း”လို့ နေရီ ခေါ်တတ်တဲ့
    “သက်ခငြိမ်း” တို့နှစ်ယောက်
    ကြားက လှပခဲ့တဲ့ အတိတ်ကို
    ဖတ်ခွင့် ရလိုက်တယ်။

    ပေါင်းစပ်ခွင့် မရှိခဲ့ကြပေမဲ့ အချစ်ဦး
    ပုံပြင်လေးကတော့
    အမှတ်တရ တစ်ခုလိုပေါ့။
    သိပ်ကို လှပခဲ့ပါတယ်။💜

    #ညိုသောကမ္ဘာ

    နွေညိုက ကိုယ်ခန့်မှန်းလို့ မတတ်တဲ့
    တိမ်တိုက်လေးပဲ။💙☁️

    မမသစ်လို့ ခေါ်တတ်တဲ့ နွေညိုက
    တကယ် ချစ်စရာလေး🥰💙

    “ညိုသောကမ္ဘာ”က ချစ်စရာ
    အကြည်ဓါတ်လေးရတဲ့ One Shot။🫶

    #Hey

    ဒီအပုဒ်လေးလည်း တကယ်သဘောကျမိတယ်။ ကေကေရဲ့ “Rich” က
    တကယ် ချစ်စရာလေး🥰
    တကယ်တော့ လူတိုင်းမှာ အဲ့လို
    အပူအအေး မှန်သမျှ မျှဝေစရာ..
    နားထောင်ပေးတတ်တဲ့ ရေဒီယိုလို
    သူတစ်ယောက်(ချစ်သူ၊ရည်းစား ဟုတ်ချင်မှ ဟုတ်မယ်)တော့
    ရှိနေရင် ကောင်းမှာပဲ။❤️

    #တစ်သက်စာသူစိမ်း

    ဒီအပုဒ်လေးမှာတော့
    တော်တော်လေး ထိရှသွားတယ်။

    ကျွန်မမှာလည်း ငယ်ငယ်က တိတ်တိတ်လေးငေးခဲ့ရတဲ့ သူစိမ်းတစ်ယောက်
    ရှိခဲ့ဖူးတာကိုး။

    တိုက်ဆိုင်ချင်ပြန်တော့ စာအုပ်ထဲက
    နှစ်ယောက်လိုပဲ စကားသိပ်မပြောဖူးကြတာရော၊ နားထင်က အမာရွတ်ကလေးရော၊ မျက်နှာပေါ်က
    မှဲ့ကလေးတွေအထိပါ
    ရှိနေတာမျိုးလေ။

    ဖတ်နေရင်း မေ့ထားဖြစ်တဲ့သူ
    အကြောင်းကို တခုတ်တရ
    ပြန်တွေးခဲ့မိတယ်။

    ပျော်စရာကောင်းခဲ့တဲ့ အမှတ်တရပါပဲ။

    အခုလည်း ထပ်မဆုံဖြစ်တော့တဲ့ သူစိမ်း
    ပါပဲ။

    တစ်သက်စာ သူစိမ်းပေါ့။

    #ဒါရီယာရဲ့ပုံပြင်

    ဒါလေးကတော့ ကြေကွဲဖို့ကောင်းတယ်။
    တိတ်တဆိတ် နာကျင်ရမှုတွေကို
    သည်းမခံနိုင်တဲ့အဆုံး
    အကောင်းဆုံးလို့ ထင်တဲ့ လမ်းကို
    ရွေးချယ်သွားတာလို့ ထင်တယ်။
    ဝမ်းနည်းရပေမဲ့ နားလည်နိုင်တယ်။❤️

    #ကျွန်မနှင့်အကြင်သူ၏ကောင်းကင်

    “ညို”ဆိုတဲ့ အမျိုးသားရဲ့
    ဘဝမှာရှိနေတဲ့ “နိုးနိုး”

    ” ညို” ကိုချစ်တာ တစ်ခုတည်းနဲ့
    သူချစ်တဲ့သူဆီသွားဖို့
    ခွင့်ပြုလိုက်တဲ့ “နွယ်”

    တကယ်တော့ သုံးယောက်လုံးဟာ
    သနားဖို့ ကောင်းတယ်။
    ပုံစံမတူကြပေမဲ့ သူ့နည်းသူ့ဟန်နဲ့
    ချစ်တတ်လိုက်ကြတာလေ….။❤️

    #ချစ်သူရဲ့အိမ်

    “အခုဆို သူလေ
    ကံ့ကော်ကိုလည်း မေ့နေ
    ပန်းဝါကိုလည်း မေ့နေ
    ကိုယ့်ကိုလည်း မေ့နေ…..။”

    အမှတ်တရဟာ အမှတ်ရချင်သူထံမှာတော့ မပျက်မယွင်းရှိနေဦးမှာ။🤍

    ဒီအပုဒ်လေးကတော့ ဖတ်ရင်း
    လွမ်းချင်စရာလေး ဖြစ်နေရောပဲ။🫶

    #လမ်းခွဲဇာတ်ဝင်တေး

    နာနာကျင်ကျင်နဲ့ နှုတ်ဆက်ခဲ့ရတာ…
    လက်လွှတ်ပေးရင်းနဲ့ ဆွဲထားချင်မိတာ
    မချင့်မရဲ ဖြစ်ရမှုများပေါ့။🥺💔

    #မင်းပေးခဲ့သောနှင်းဆီများ

    နှင်းဆီဝါလေးတွေ တွေ့တိုင်း
    တွေးမိနေတော့မှာရယ်။💛

    #အချစ်ဆိုသည်မှာ

    တကယ်ချစ်တတ်တဲ့ သူများကျတော့လည်းလေ တသက်လုံး တစ်ယောက်တည်းကိုပဲ ရင်ထဲ သိမ်းဆည်းသွားတာမျိုး….။ ဒီလို မြတ်နိုးဖွယ်ရာမျိုးလည်း
    ရှိနိုင်တာပဲဆိုပြီး တွေးမိစေတယ်။❤️

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

နွေအိမ်မောင်ဝင်း စာအုပ်များ