အဝါရောင်ပန်းပွင့်များ

( 1 မှတ်ချက်)

5000 (ကျပ်)

ပန်း တွေတွေ့ရင် တစ်ယောက်ယောက်ကို

သတိရမိတတ်ရင်

ပန်းတွေတွေ့ရင် တစ်ယောက်ယောက်အတွက်

ယူသွားပေးချင်လာခဲ့ရင်

ဒီလူဟာ ကိုယ့်အတွက်

နှလုံးသားမှာ ပန်းပွင့်စေတဲ့သူပါပဲတဲ့”

ကျွန်တော့်ရဲ့ပျော်သော မပျော်သော အစိတ်အပိုင်းကနေ ထွက်ကျခဲ့သောစကားလုံးတွေပါ။

အစီအစဉ်မကျသော မှတ်တမ်းစာအုပ်တစ်အုပ်လိုပါ။ ကျွန်တော် ပွေ့ပိုက်ချင်သော ပန်းပွင့်တွေပါပါတယ်။

ထိခိုက်နာကျင်ရသော ကာလတစ်ခုပါပါတယ်။ ဒါတွေအားလုံးကို ချစ်ခင်မျှဝေခံစားပေးကြသူများအတွက် အမှတ်တရ ပေးပို့လိုက်ပါတယ်။

– နွေအိမ်မောင်ဝင်း

စာမျက်နှာ

100

စာအုပ််အရွယ်အစား

5.3 x 0.2 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ 2023 စက်တင်ဘာလ (ပ-ကြိမ်)

6 in stock

အဝါရောင်ပန်းပွင့်များ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aeri Myat

    “တစ်ယောက်ယောက်ကများ အဝါရောင်
    အပိုင်းအစတွေ ဖြန့်ဝေခဲ့တယ်ဆိုရင်
    ပျော်ရွှင်ခြင်းကို လက်ဆင့်ကမ်းတာပဲတဲ့။”

    အမောင့်ရဲ့ လေးအုပ်မြောက်ဖြစ်တဲ့ ဒီစာအုပ်လေးထဲမှာ ပျော်ရွှင်ကြည်နူးရခြင်းတွေ၊ လွမ်းဆွတ်တမ်းတရခြင်းတွေ၊
    မျှော်လင့်ငေးမောရခြင်းတွေ ရောနှောနေတဲ့ ချစ်ခြင်းမေတ္တာတွေကို ခံစားမိတယ်။

    ချစ်တဲ့သူကို ပျော်စေချင်ပုံရတယ်။
    ချစ်မေတ္တာတွေကိုလည်း
    ပန်းကလေးတွေနဲ့ တင်စားထားလေရဲ့။

    “ချစ်တယ်ဆိုတာ
    အဝါရောင်ပန်းလေး ပွင့်တာပါပဲ
    မင်းကို ပျော်စေ ရွှင်စေချင်ပါတယ်”💛

    “အေးမြစေချင်တာဆိုပေမယ့်
    ဖျားနာစေခဲ့မှာ စိုးလို့
    မရွာရဲတဲ့ တိမ်တိုက်တွေပါပဲ။
    ချစ်ခြင်းမေတ္တာဆိုပေမယ့်
    သူ့ဆီ ရောက်တဲ့အခါ
    ဝန်ထုပ်ဝန်ပိုးဖြစ်နေမှာကို စိုးပါတယ်။”

    “ကမ္ဘာဟာ လည်နေတာ ဒီနွေပြီးရင်
    နောက်တစ်ခါနွေတွေ လာဦးမှာပဲ
    လူတွေပဲ ဝေးဝေးသွားကြတာ
    လမ်းတွေပဲ လွဲလွဲသွားကြတာ အမှတ်တရတွေကတော့
    အခွင့်ကြုံတိုင်း ငါ့ပြတင်းပေါက်မှာ
    လာတင်နေကြတုန်းပဲ။”

    “တစ်ယောက်ယောက်ကို
    ချစ်ရတာလည်း ဘဝပဲ
    တစ်ယောက်ယောက်က
    ချန်ထားခဲ့တာလည်း ဘဝပဲ
    နှစ်ခုစလုံးက နူးညံ့နာကျင်ဖွယ်ရာပါပဲ။”

    “တကယ်တော့
    ထွက်ခွာသွားကြတာက လူတွေပဲ
    ပျောက်ပျက်သွားတာ
    အဖြစ်အပျက်တွေပဲ။
    ချစ်ခြင်းမေတ္တာတွေကတော့ ကျန်ခဲ့မယ်။
    ကျန်နေဆဲပါပဲ။”

    “စာအုပ်တွေ ဖတ်စေချင်တယ်
    တစ်ယောက်ယောက်ကို စိတ်ရင်းနဲ့
    ချစ်စေချင်ပြီး တစ်ခါတလေမှာဖြစ်ဖြစ်
    ကိုယ့်ကိုလည်း သတိရစေချင်ပါတယ်။”

    သိပ်လှတဲ့ ကဗျာလေးတွေနော်🥰
    အများကြီး သဘောကျပါတယ်
    အမောင်ရေ …. အဝါရောင် အပိုင်းအစတွေကို ဖတ်ခွင့်ရလို့လည်း ကျေနပ်မိပါတယ်။💛

    #အဝါရောင်ပန်းပွင့်များ
    #နွေအိမ်မောင်ဝင်း
    #reviewby하은
    #Aug312023

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

နွေအိမ်မောင်ဝင်း စာအုပ်များ