ပုံပြင် ဟု မခေါ်တွင်ခဲ့ပါ
8500 (ကျပ်)
အေးချမ်းပျော်ရွှင်မှုဆိုတာ နှလုံးသားထဲကလာတာ။နှလုံးသားထဲမှာ ပျော်ရွှင်မှု ရှိမနေဘူးဆိုရင် ဘယ်ပြင်ပအရာကမှ မိမိတို့ကိုပျော်စေဖို့ မတတ်နိုင်တော့ဘူးတဲ့။ မဖြစ်နိုင်ဘူး ဆိုတဲ့အရာဟာ တစ်ကယ်ဖြစ်လာတဲ့အခါ ဘာကိုအပြစ်တင်ရပါ့မလဲ တစ်ကယ်တော့ ချစ်ဖူးသူအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာရဲ့ အဖိုးထိုက်တန်မှုဆိုတာ ဘယ်လောက် ဝေးကွာနေပါစေ ပျော်ရွှင်ငြိမ်းချမ်းမှုတွေနဲ့သာရှင်သန်ကျန်နေရစ် စေချင်တာပါပဲ။အချစ်စစ်မှာပြောင်းပြန်အချိုးဆိုတာ မရှိဘူး။ အရာအားလုံးတိုက်ရိုက် အချိုးကျတယ်။ ဒါတွေဟာ စာရေးသူဖန်တီးတဲ့ ပုံပြင်ထဲက ‘ထား’ ရဲ့ ခံယူချက်တွေ ဖြစ်ပါတယ်။ လှပတဲ့ အချစ်ဇာတ်လမ်းလေး တစ်ပုဒ်မှာ အဆုံးသတ်က ထင်သလို မဖြစ်တတ်ပါဘူး။ဆန်းကြယ်တဲ့ နိဂုံးတွေ ရှိတတ်သလို အဆုံးသတ် စာမျက်နှာအထိ ဆက်လက်မျှော်လင့် ကျန်နေရစ် စေနိုင်တယ်။
ဒီစာအုပ်လေးက စာရေးသူရဲ့ပထမဆုံးဝတ္ထုလေးဖြစ်ပါတယ်။
| စာမျက်နှာ | 239 |
|---|---|
| စာအုပ်အရွယ်အစား | 5.4. x 0.4 x 8.1 inches |
| ပုံနှိပ်မှတ်တမ်း | အိပ်မက်အသစ်စာပေ ၊ 2024 မေလ (ပထမအကြိမ်) |
2 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ