EMOTIONS

( 0 မှတ်ချက်)

10000 (ကျပ်)

စေတနာဆိုတာကို တဖွဖွပြောပြီး
စိတ်ဖိစီးမှုနွံထဲကို
နှစ်သတ်တတ်ကြတဲ့
လူတွေဟာ ဖိအားပဲ

ဖော်ရွေတဲ့ အပြုံးတွေ
ကြင်နာတဲ့ အပြုအမူတွေနဲ့အတူ
အနောက်ကနေ
ဓားနဲ့ ထောက်ခြင်းကို
သစ္စာဖောက်လှည့်စားခြင်းလို့
ခေါ်ဆိုပြီး

သိမ်ငယ်တဲ့အကြည့်တွေနဲ့
နောက်ဆုံးကျ
ဒေါင်းယောင်ဆောင်သွားတတ်ကြတဲ့ ကျီးတွေကိုလည်း
မနာလိုအားကျခြင်းလို့
ကိုယ်စားပြုသတဲ့။

ဒီလိုမျိုးပဲ…
နာကျင်ပြီးသား စကားလုံးတချို့ရဲ့
အဓိပ္ပာယ်တွေက ထင်ထားတာထက်
ပိုနာကျင်ရတတ်ပြီး
အဲဒီ့စကားလုံးတွေဟာ
မထင်မှတ်လောက်အောင်
ကိုယ့်အနားမှာ
ပေါပေါလောလော ပျံဝဲနေတတ်တယ်

ဒီလိုစကားလုံးတွေကို
ပိုက်ကွန်နဲ့ ဖမ်းယူ၊
စကားလုံးတွေအဖြစ်
တန်ဆာဆင်လိုက်တဲ့အခါ
လှပသလို ထင်ရတဲ့
နာကျင်စရာ ကဗျာတချို့
မွေးဖွားလာတော့တယ်…//

စာမျက်နှာ

52 (woodfree paper)

စာအုပ်အရွယ်အစား

5.5×0.1×8.2 inches (မြန်မာ+အင်္ဂလိပ်နှစ်ဘာသာ)

ပုံနှိပ်မှတ်တမ်း

ပြည့်စုံကြွယ်စာပေ၊ 2025 မေလ (ပထမအကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“EMOTIONS” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ပြည့်စုံကြွယ် စာအုပ်များ