ကျွန်မအသက် ကျွန်မအရွယ်ဘဝများ

( 0 မှတ်ချက်)

5500 (ကျပ်)

ကျွန်မအသက်၊ ကျွန်မအရွယ် ဘဝများဆိုတဲ့အတိုင်း စာရေးသူအသက်အရွယ်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေကို ပြန်လည်ရေးဖွဲ့ထားတာပါ။ စာရေးသူမှာ ငယ်ငယ်ထဲကနေ ယခုအချိန်အထိ ဖတ်ခဲ့တဲ့ စာအုပ်တွေအရ လက်တွေ့ထက် စာတွေ့ ပိုများခဲ့သူဆိုတာတော့ ငြင်းစရာမရှိပါ။ သို့သော်  ဒီအသက်အရွယ်မှာ ကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာလေးတွေ၊ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ဘဝတွေနဲ့ ဖတ်ခဲ့တဲ့စာတွေကို ပေါင်းဆက်လိုက်တဲ့အခါမှာတော့ ဒီစာအုပ်လေး ထွက်ရှိလာပါတယ်။ ရှင်းရှင်းပြောရရင်တော့ စာတွေ့နဲ့လက်တွေ့ ရောစပ်ပြီး မွေးဖွားလာတဲ့ ဝတ္ထုလေးတွေပဲဖြစ်ပါတယ်။  ဒီစာအုပ်ကို ထုတ်ဝေဖို့ စဉ်းစားတဲ့အခါ  အားနာတဲ့ ကိစ္စရပ်တစ်ရပ် ရှိပါတယ်။
ဒီစာအုပ်လေးကတော့ စာဖတ်သူတို့ သိကြတဲ့အတိုင်း မြန်မာ-ကိုရီးယား နှစ်ဘာသာနဲ့ ရေးသားစုစည်းခဲ့တာပါ။ သို့သော်… စာရေးသူဟာ ကိုရီးယားဘာသာကို လေ့လာနေဆဲဖြစ်တာကြောင့် အမှားအယွင်း၊ အချွတ်အချော် ဖြစ်သွားမှာ သိပ်ကြောက်ခဲ့ပါတယ်။ ဒါကြောင့် စာဖတ်သူတို့အနေနဲ့ ဝတ္ထုလေးတွေကို နားလည်ခွင့်လွှတ်ပြီး ဖတ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။

(စာရေးသူ၏အမှာစာမှ ကောက်နှုတ်ချက်)

စာမျက်နှာ

84 (ကိုးရီးယား – မြန်မာ နှစ်ဘာသာ)

စာအုပ်အရွယ်အစား

5.5×0.2×8.2 inches

ပုံနှိပ်မှတ်တမ်း

ပြည့်စုံကြွယ်စာပေ၊ 2024 ဧပြီလ (ပထမအကြိမ်)

8 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကျွန်မအသက် ကျွန်မအရွယ်ဘဝများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ပြည့်စုံကြွယ် စာအုပ်များ