အက်ဒ်ဒီ

( 1 မှတ်ချက်)

6000 (ကျပ်)

LGBT ကောင်လေးတစ်ယောက်ရဲ့ စိတ်ခံစားမှုနဲ့ ဘ၀ဇာတ်ကြောင်း .. LGBT တစ်ယောက်အကြောင်းဆိုပေမယ့် ရှုပ်ထွေးပွေလီနေတဲ့ ဇာတ်လမ်းမျိုး မဟုတ်ဘဲ ပတ်၀န်းကျင်ရဲ့ ပြစ်တင်ရှုံချခံရပုံတွေ ၊ ကျောင်းသားအချင်းချင်း နှိမ်ချဆက်ဆံခံရပုံတွေ ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရပုံတွေ .. စတာတွေကို အိတ်သွန်ဖာမှောက် ပွင့်လင်းစွာ ရေးသားထားတဲ့ မိန်းမလျာတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ ဇာတ်လမ်းမျိုးဖြစ်ပါတယ် .. ဒီစာအုပ်ကြောင့် အက်ဒ်ဒီဟာ လိင်တူချစ်သူများ တန်းတူအခွင့်အရေးအတွက် ချီးမြှင့်တဲ့ Pierre Guenin Prize ဆုကို ရရှိခဲ့ပါတယ် ..
ပြင်သစ်နိုင်ငံမှာ ဒီစာအုပ်ထွက်ရှိပြီးတဲ့နောက် လိင်တူချစ်သူတွေရဲ့ အားပေးမှုကြောင့် စာရေးသူဟာ နာမည်ကြီးလာခဲ့ပါတယ် .. ယခုဆိုရင် ပြင်သစ်နိုင်ငံရဲ့ နာမည်ကြီး ပြဇာတ်ဆရာတစ်ယောက်လည်း ဖြစ်ခဲ့ပါပြီ။

စာမျက်နှာ

200

စာအုပ်အရွယ်အစား

5.5× 0.4×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2022 နိုဝင်ဘာလ (ပထမအကြိမ်)

12 in stock

အက်ဒ်ဒီ အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Mon Halsey

    ဒီရက်ပိုင်းမှာ.. အက်ဒ်ဒီ Eddy ဆိုတဲ့ ဘာသာပြန် စာအုပ်ကလေး ဖတ်ဖြစ်ပါတယ်..

    စာလုံးတွေ အရေးအသားတွေကတော့.. အတုံးလိုက်အတစ်လိုက်ပဲ..ကြောင်ပေါက်ကလေးတွေကို ကျွတ်ကျွတ်အိတ်ထဲ ထည့်ပြီး ပေါက်ပြားနဲ့ ပြားနေအောင်
    ရိုက်သတ်တဲ့ အဖေ အကြောင်းကို ဖတ်ရတဲ့အခါ အတော်တော့ဖျားသွားတယ်..

    Eddy ဘဝက ကြမ်းတမ်းမှုပေါင်း သရဖူ ဆောင်းပြီး ကြီးပြင်းလာခဲ့ရတယ်..ယောကျာ်းနှိပ်စက်တာခံနေရတဲ့ အစ်မကြီးရယ်..ပိုက်ဆံလုံးဝမရှိတဲ့ အမေရယ် ..အစ်ကို ဝတုတ်ကြီးရယ်..သူ့မျက်နှာကို တံထွေးထွေး ကြတဲ့ ရွယ်တူ ကောင်လေးတွေကြားမှာ သူကြီးလာတယ်..ဒီလို နာကျင်နေရတာတွေက ပုံမှန်ပဲလို့ သူထင်နေခဲ့တယ်..
    အကုန်လုံး Trauma စိတ်ဒဏ်ရာတွေရနေခဲ့ကြတယ်..ပညာလည်းမရှိဘူး ချစ်ခြင်း မေတ္တာ လည်းမရှိဘူး..ကိုယ်ချင်းစာ တရားလည်းမရှိဘူး..ပိုက်ဆံလည်းမရှိဘူး..အလုပ်လည်းမရှိဘူး..

    သူဟာ ပြင်သစ်နိုင်ငံမြောက်ပိုင်း ကျေးရွာလေးတစ်ရွာမှာ မွေးဖွား ကြီးပြင်းလာခဲ့ရတယ်..သူ့ဘဝ ဖြစ်တည်မှုအတွက် အမျိုးစုံ နှိမ်ချ ဆက်ဆံ ခံခဲ့ရတယ်.. လှောင်ပြောင်ခြင်းခံခဲ့ရတယ်..ဒါပေမဲ့ အဲဒီအရာတွေကြားထဲကနေ Eddy ဟာ စာရေးဆရာဖြစ်လာတယ်..ဒီစာအုပ်ဟာ သူကိုယ်တိုင်ရေးတဲ့ ကိုယ်ရေး မှတ်တမ်းတစ်ခု ဖြစ်ပါတယ်..နာကျင်စရာတွေများပေမဲ့ သင်ခန်းစာယူစရာတွေလည်းပါတယ်..

    ကျွန်မဟာ..ဘာလို့မှန်းမသိ..LGBT တွေအပေါ်မှာ အင်မတန်ချစ်ခင်တတ်တဲ့သူဖြစ်တယ် ..မိတ်ဆွေတွေထဲမှာလည်း နယ်ပယ်အသီးသီးမှာ အောင်မြင် ထူးချွန်နေတဲ့ LGBT မိတ်ဆွေတွေ အများကြီးရှိပါတယ်..

    ကျွန်မအတွက်ကတော့ သူတို့ဟာလည်း လူတွေထဲကလူတွေပါပဲ.. ကောင်းတဲ့သူရှိသလို..ဆိုးတဲ့သူလည်းရှိမယ်.. ထူးချွန်တဲ့သူတွေရှိသလို..ကျရှုံးတဲ့လူတွေလည်းရှိမယ်.. ဒါပေမဲ့လူတယောက်ရယ်လို့ဖြစ်လာတဲ့အတွက် ရွေးချယ်ပိုင်ခွင့်..ဆုံးဖြတ်ပိုင်ခွင့်တွေရှိနေကြတယ်.. ဒါတွေကလည်း..ကျွန်မတို့အားလုံးရဲ့ ဘဝ အခြေအနေတွေ ကိုပြဌာန်းသွားတာဖြစ်တယ်..

    စာဖတ်သူတစ်ယောက်က တစ်ခါတော့ ပြောဖူးတယ်..သူ့သားလေးကို..လူတွေက ခြောက်တယ်လို့စကြတယ်တဲ့…သူ့သားလေး နွဲ့နေလို့ စိတ်ပူတယ်..ကလေးက မိန်းကလေးတွေနဲ့ပဲပေါင်းတယ်တဲ့..

    ဘဝမှာ ခြောက်တာ စိုတာ အဓိကမဟုတ်ဘဲ အသုံးကျဖို့သာ လိုတယ်ဆိုတာ ..ကလေးလည်း နားလည်ရမယ်.. မိဘလည်း နားလည်ရမယ်..ပတ်ဝန်းကျင် ကတော့ အချိန်တန်ရင် သဘောပေါက်သွားလိမ့်မယ်.. လို့ ကျွန်မ အဖြေပေးခဲ့ပါတယ်..

    ကျွန်မတပည့်လေးတစ်ယောက်ဆို နွဲ့နွဲ့လေးပဲ..မိန်းကလေးတွေနဲ့ပဲ ပေါင်းတယ်..သူ့ကိုလည်း သူ့ကောင်မလေးသူငယ်ချင်းလေးတွေက သိပ်ချစ်ကြတယ်..ယောကျာ်းလေးတွေနဲ့ ပေါင်းရမှ မဟုတ်ဘူး မိန်းကလေးတွေနဲ့ ပေါင်းလည်း ဖြစ်တာပဲ..ကိုယ့်ဖြစ်တည်မှုကိုသူတို့
    မကြိုက်တာ ကိုယ့်ပြသနာမဟုတ်ဘူး..သူတို့ပြသနာသာဖြစ်တယ်..

    ဘယ်လိုပဲဖြစ်ဖြစ်..
    ဒီစာအုပ်ကိုဖတ်ပြီး စိတ်ဓာတ်မကျစေချင်ဘူး..ကြောက်ရွံ့ မသွားစေချင်ဘူး..ဒီအခြေအနေထဲက လူတစ်ယောက်ဟာ..စာရေးသူအဖြစ်အောင်မြင်ခဲ့လို့လည်း ဒါတွေသိခွင့်ရခဲ့တယ်..

    ဒီစာအုပ်ကို ဖတ်တဲ့အခါ.. စိတ်ပြတင်းတံခါးကိုဖွင့်လိုက်စေချင်တယ်..

    လူလူချင်း ညှာတာဖို့.. စာနာဖို့.. အထင်မသေးမိဖို့.. လေးစားဖို့..ကျဥ်းမြောင်းတဲ့ လူ့ဘောင်လောက ကို ပွင့်လင်း ချဲ့ထွင် နိုင်စေဖို့ ဒီစာအုပ်က မီးမောင်းထိုးပြလိုက်တယ်လို့ ယူဆပါတယ်

    စာရိပ်မြိုင်ကထုတ်ပါတယ်..
    မြန်မာပြန်သူ ဝါဝါတင့်ဆွေ ဖြစ်ပါတယ်..ဆရာမ ကို ကျေးဇူး တင်ပါတယ်..

    #monhalsey
    #bookreview
    #ဝါဝါတင့်ဆွေ
    #Eddy
    #စာရိပ်မြိုင်

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

ဝါဝါတင့်ဆွေ စာအုပ်များ