ပါရီက သူခိုးမလေး အေပိုနှင်း
9000 (ကျပ်)
ကမ္ဘာကျော် ပြင်သစ်ဂန္ထဝင်စာပေမှ ဗစ်တာဟူးဂိူး၏ ဝတ္ထု Les Mis’erables ၏ ဇာတ်ကောင်များစွာထဲမှ ပါရီမြို့၏ သူခိုးမလေး… အချစ်ရူးမလေး အေပိုနှင်း၏ ဘဝတစ်စိတ်တစ်ဒေသအဖြစ် အင်္ဂလိပ်စာရေးဆရာမ ဆူဆန်ဖလက်ချာ (Susan Fletcher) ၏ A Little in Love အား မြန်မာဘာသာဖြင့် ဆရာမဝါတင့်တင့်ဆွေက ပြန်ဆိုရေးသားထားသော အေပိုနှင်း🌹🌹🌹
ကမ္ဘာ့နာမည်ကြီး The Whitebread အဖွဲအစည်းက ချီးမြှင့်သည့် ပထမဆုရလုံးချင်းဝတ္ထုဖြစ်သည့် A Little in Love ဟာ …
ကဗျာဆန်ဆန် ဖွဲ့ဆိုထားပြီး လူတိုင်းကြုံတွေ့နိုင်သည့် လောကဓံ အထုအထောင်းများနှင့် ဘဝအချိုးအကွေ့များကို ဖော်ညွှန်းထားသည့်အတွက် ယနေ့လက်ရှိ ပစ္စပ္ပန်အခြေအနေကို တိုက်ရိုက်ထင်ဟပ်စေသည့် ဝတ္ထုကောင်းတစ်အုပ်ဖြစ်သည်။
ခေတ်ပျက်ကြီးထဲမှာ မွေးဖွားလာသော အေပိုနှင်း.
ရုန့်ရင်းကြမ်းတမ်းလာတဲ့ မိသားစုထဲမှာ ပေါက်ဖွားလာသော အေပိုနှင်း…
ဆိုးဝါးလှတဲ့ခေတ်စနစ်တွေထဲ ကြီးပြင်းရတဲ့ အေပိုနှင်းဟာ လောကကြီးအကြောင်းကို ဘာမှမသိခင်ကတည်းက သူခိုးမျိုးရိုးက ဆင်းသက်လာရင် သူခိုးအလုပ်အကိုင်ပဲ ဆက်လက်လုပ်ကိုင်ရမယ်ဆိုတဲ့ အယူအဆကို ရုန့်ရင်းကြမ်းတမ်းလှတဲ့ မိဘ၂ပါးက လက်ဆင့်ကမ်း အမွေပေးခြင်းကို ခံရတယ်။
စိတ်ရင်းအဖြူထည်နဲ့ ကောင်းမွန်တဲ့ အလုပ်အကိုင်နှင့် အသက်မွေးချင်ပေမယ့် ငယ်စဥ်ကတည်းက ပိုက်ဆံမရှာလာနိုင်ရင် ဆဲရေးတိုင်းထွာနေတဲ့မိခင်ကို မလွန်ဆန်နိုင်တာကြောင့်
အသက်နှင့်မမျှတဲ့ လိမ်လည်ကောက်ကျစ်ရတဲ့ သူခိုးမလေးအလုပ်နဲ့ မိခင်းမဆုံးပါးခင်အချိန်အထိ အသက်မွေးခဲ့ရတယ်။
လူတွေဟာ ဘယ်လိုအခြေအနေပဲရောက်ရောက် စစ်မှန်တဲ့ ချစ်ခြင်းတရားကို ခံစားရတဲ့အခါ…
ကိုယ်ချစ်တဲ့သူကို စိတ်ချမ်းသာစေချင်တဲ့စိတ်က ပေါက်ဖွားလာတာပါပဲ။ အေပိုနှင်းဟာ သူသိပ်ချစ်ရတဲ့ မွန်စီယာ မာရီးယက်စ် ကိုတွေ့လိုက်ရတဲ့အခါ…လူဟာ ချစ်ခြင်းကြောင့် ကောင်းမွန်ချင်လာတယ်။ ကိုယ်ချစ်တဲ့သူကို အဆင်ပြေစေချင်လာတယ်။ ကိုယ်မဟုတ်တဲဲ့ကော့ဆက်ဆီကို ရောက်အောင် အသက်ပါစတေးပေးခဲ့တယ်။
သူ့ဘဝခါးခါးမှာ အနည်းဆုံးတော့ ချစ်သူကို ချိုမြိန်စွာ ချစ်နိုင်ခဲ့တယ်။
နူးညံ့လှတဲ့ချစ်ခြင်းတရားကို
ခံစားချင်တယ်ဆိုရင်….
ခမ်းနားလှတဲ့ပါရီမြို့က ဆင်းရဲသားလူတန်းစားကို
မြင်တွေ့ချင်တယ်ဆိုရင် ….
ပြင်သစ်တော်လှန်ရေးအတွင်းက အဖြစ်အပျက်
အနည်းငယ်ကို မြည်းစမ်းလိုတယ်ဆိုရင်…
Dialogue ကောင်းကောင်းတွေနဲ့
လူ့စိတ်သဘောတွေကို နားထောင်လိုတယ်ဆိုရင်..
လူတွေကို လှည့်ဖျားရတဲ့သူခိုးအလုပ်
လုပ်နေသော်လည်း လူတွေကို ကူညီချင်စိတ်အပြည့်နဲ့
လူသားဆန်ဆန် ချစ်တတ်တဲ့နှလုံးသားနှင့်
သူခိုးမလေးတစ်ယောက်အကြောင်းကို သိလိုတယ်ဆိုရင်…
အေပိုနှင်းကိုဖတ်ပါ….
ကြည်နူးနှစ်သက်စရာများ၊ ညှို့ယူဖမ်းစား တသသစွဲလန်းစရာများ၊ ချစ်ရေးချစ်ရာများ၊ ကြောက်လန့်ဖွယ် ဘဝကြမ်းကြမ်းများ ၊ သနားစဖွယ်ပုံရိပ်များဖြင့် ပြည့်နှက်ထုံမွမ်းထားငည့်အတွက် သိင်္ဂါရရသ၊ ဘယာနကရသ၊ ကရုဏာရသစသော ရသမျိုးစုံတို့ကို
” ပါရီက သူခိုးမလေး” တစ်ဖြစ်လဲ ”အေပိုနှင်း”
စာအုပ်ကိုဖတ်ရင်း တသိမ့်သိမ့် ခံစားစေရမှာ အမှန်ပင်ဖြစ်တယ်။
စာမျက်နှာ | 352 |
---|---|
စာအုပ်အရွယ်အစား | 5.6 × 0.5 × 8 inches |
ပုံနှိပ်မှတ်တမ်း | ပန်းဆက်လမ်းစာပေ၊ 2023 ဇူလိုင်လ (ဒုတိယအကြိမ်) |
18 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ