စီးပွားရေး စစ်တလင်း

( 0 မှတ်ချက်)

22000 (ကျပ်)

“ကမ္ဘာကျော်အဖွဲ့အစည်းကြီးတွေရဲ့ အပြင်းထန်ဆုံးပြိုင်ဆိုင်မှုအကြောင်းကို သွက်လက်မြူးကြွစွာ ဖတ်ရှုရမယ့် စာအုပ်”
_အက်ဒမ်ဂရန့်

“သင့်ရန်သူအကြောင်း သင်သိပြီး၊ သင့်အကြောင်းကိုလည်း သင်သိတယ်ဆိုရင် တိုက်ပွဲတစ်ရာရဲ့ ရလဒ်အတွက် သင် စိတ်ပူပန်နေဖို့ မလိုပါဘူး”
_ဆွန်ဇူး

– ဘယ်ခေတ် ဘယ်ကာလ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် စီးပွားရေးနယ်ပယ်၊ စီးပွားရေးရပ်ဝန်းဆိုတာ ပြိုင်ဆိုင်မှု ပြင်းထန်တတ်တဲ့သဘော ရှိပါတယ်။ မိမိရဲ့ဈေးကွက်၊ မိမိရဲ့ပြိုင်ဘက် အစရှိတဲ့အရာတွေက မိမိကို အမြဲတမ်း စိန်ခေါ်နေတတ်ပါတယ်။

– မိမိရဲ့ စီးပွားရေးလုပ်ငန်း ခေါင်းထောင်နိုင်ဖို့ ဘယ်လို အားထုတ်ရမယ်၊ မိမိရဲ့ပြိုင်ဘက်ကို ဘယ်လို အလဲထိုးရမယ် ဆိုတာတွေက နေ့စဉ်နဲ့အမျှ ဖိအားပေးနေတတ်ပါတယ်။ ဒါတွေကို ဘယ်လိုကျော်လွှားဖြတ်သန်းရမလဲဆိုတာကို သိရှိနားလည်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

– ဒီနေရာမှာ တွေးခေါ်ပညာရှင်လည်းဖြစ်တဲ့၊ စစ်ရေးဗျူဟာ ကျွမ်းကျင် နှံ့စပ်သူလည်း ဖြစ်တဲ့၊ ရှေးခေတ် တရုတ်စစ်သူကြီးတစ်ဦးလည်း ဖြစ်တဲ့ ဆွန်ဇူးရဲ့ The Art of War အမည်ရ ကျမ်းစာအုပ်က အဓိကနေရာကို ရောက်လာပါပြီ။ ဒီစာအုပ်ကို ကိုးကားရေးသားထားတဲ့ The Art of Business War စာအုပ်က ဆွန်ဇူးရဲ့ စစ်ရေးဗျူဟာ၊ စစ်ရေးပညာတွေကို ထုတ်နုတ် ပြီး မိမိရဲ့စီးပွားရေးကဏ္ဍတွေမှာ အကျိုးရှိရှိအသုံးချနိုင်ဖို့ နည်းပေးလမ်းညွှန်မှု ပြုပေးထားပါတယ်။

– ကြမ်းတမ်းခက်ထန်တဲ့ စစ်တလင်းတွေမှာ မိမိရဲ့ ရန်သူကိုနှိပ်ကွပ်ဖို့ အသုံးပြုတဲ့ စစ်ရေးဗျူဟာတွေကို သိမ်မွေ့နက်နဲတဲ့ စီးပွားရေးစစ်တလင်းထဲမှာ ဘယ်လို ချိန်ထိုး အသုံးချနိုင်မလဲဆိုတာကို အသေးစိတ်ပြောပြထားတဲ့ စာအုပ်တစ်အုပ်လို့ ဆိုချင်ပါတယ်။

စာမြည်း

စီးပွားရေးဆိုတာ တိုက်ပွဲပါပဲ။ သင်အကျိုးအမြတ်ဘယ်လောက်ပဲရနေပါစေ၊ သင်လုပ်တဲ့အရာတွေကို သင်လုပ်နေတာထက် ပိုမြန်၊ ပိုသက်သာပြီး ပိုကောင်းအောင်လုပ်ချင်နေတဲ့ တခြားသူတွေရှိနေပါတယ်။ သင့်ပြိုင်ဘက်တွေက ငရဲတမျှ ဆာလောင်နေကြတယ်၊ ပြတ်သားတယ်၊ ပြီးတော့ရန်လိုနေကြပါတယ်။ သူတို့ကို သင်က ဘယ်လိုအလဲထိုးမလဲ။

အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူးလို့ ဆိုလေ့ရှိကြပါတယ်။ သင့်ပြိုင်ဘက်ရဲ့ အားနည်းချက်ကိုရှာတဲ့အခါမှာ သူတို့ရဲ့ခေါင်းဆောင်တွေကို အရင်ဆုံးကြည့်ပါ။ သူတို့ရဲ့အားနည်းချက်တွေဟာ သင့်ရဲ့အကြီးမားဆုံးအခွင့်အရေးတွေပဲ ဖြစ်ပါတယ်။

တစ်ခါတစ်ရံ စီးပွားရေးစစ်ပွဲတွေမှာအောင်နိုင်ဖို့ နှစ်ပေါင်းများစွာ စိတ်ရှည်သည်းခံမှု၊ ကြိုးစားအားထုတ်မှုနဲ့ ဗျူဟာမြောက်မှုတွေ လိုအပ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ အချိန်ကိုက် တိုက်ခိုက်လိုက်တဲ့ တိုက်ကွက်တစ်ချက်တည်းနဲ့လည်း အောင်မြင်နိုင်ပါတယ်။

စာမျက်နှာ

352 (WoodFree Paper)

စာအုပ်အရွယ်အစား

5.5 x 0.7 x 8.3 inches

ပုံနှိပ်မှတ်တမ်း

တူဒေးစာပေ၊ 2025 စက်တင်ဘာလ (ပထမအကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စီးပွားရေး စစ်တလင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

စောဒေးဗစ် စာအုပ်များ