ကွက်ကြို ငါးလှမ်း

( 0 မှတ်ချက်)

12000 (ကျပ်)

မိမိရည်ရွယ်ရာ ရည်မှန်းချက်ပန်းတိုင်ဆီကို ရောက်ဖို့ ခြေလှမ်းတွေ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်လှမ်းကြရသည်။ တစ်ခုခုကို အစပြုဖို့ ပထမခြေလှမ်းကို စပြီး လှမ်းကိုလှမ်းကြရသည်က ဓမ္မတာပင်။ အစပြုခြေလှမ်းနောက်ပိုင်း လှမ်းရသည့် ခြေလှမ်းတိုင်းသည်လည်း တစ်လှမ်းချင်းအလျောက် အရေးပါပါသည်။ အမြော်အမြင်ရှိသူတို့ကတော့ ရှေ့ခရီးအတိမ်အနက်ကိုကြည့်ပြီး ခြေလှမ်းငါးလှမ်းစာ ကြိုတွေး၊ ကြိုပြင်လေ့ရှိကြသည်။ အတွေးတစ်ခု (ခြေတစ်လှမ်း) ကစပြီး နောက်ထပ်လျှောက်လှမ်းရမည့် ခြေလှမ်းများစွာကို မြင်လာသည်အထိ တစ်ဆင့်ချင်းပြောင်းလဲမှုတွေကို ပါးပါးနပ်နပ် ဖော်ဆောင်ကြသည်။ ထိုနည်းတူစွာ စစ်တုရင်ထူးချွန်သူတို့ကလည်း ကွက်ကြိုမြင်နိုင်စွမ်းရှိကြသည်။ မိမိ၏ပြိုင်ဘက် ဘယ်လိုအကွက်ရွှေ့မည်ဆိုသည်ကို ကြိုသိပြီး ပြိုင်ဘက်ကို ထိန်းချုပ်နိုင်ကြသည်။ အကွက်များစွာကြိုမြင်နိုင်လေ အောင်မြင်မှုပန်းတိုင် ပိုခိုင်မာလေဖြစ်သည်။ ထိုကြောင့် ခြေလှမ်းငါးလှမ်းစာ ကွက်ကြိုမြင်နိုင်ခြင်းက မည်သည့် လုပ်ငန်းဆောင်တာတွင်မဆို အရေးပါကြောင်း၊ ဆုံးရှုံးနိုင်သမျှနည်းပြီး အောင်မြင်မှုကြီးကြီးမားမားရနိုင်ရေးအတွက် ကွက်ကြိုမြင်နိုင်ဖို့ လိုအပ်ကြောင်း၊ ကွက်ကြိုမြင်နိုင်သည့် အရည်အချင်းက မိမိ၏လုပ်ငန်းအဆင့်တိုင်းမှာ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်သည့် စွမ်းရည်ပိုင်ဆိုင်လာမည်ဖြစ်ကြောင်း အစရှိသည့် ကြောင်းခြင်းရာများကို ယခုစာအုပ်တွင် ပြဆိုထားပါသည်။

စာမျက်နှာ

348

စာအုပ်အရွယ်အစား

5.5 x 0.6 x 8.1 inches

ပုံနှိပ်မှတ်တမ်း

တူဒေးစာပေ၊ 2023 ဒီဇင်ဘာလ၊ (ပ-ကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကွက်ကြို ငါးလှမ်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

စောဒေးဗစ် စာအုပ်များ