လက်တွေ့ပျော်ရွှင်ခြင်း

( 0 မှတ်ချက်)

9500 (ကျပ်)

လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှုမှာ ပျော်ရွှင်ခြင်းတရားကအရေးပါ ပါတယ်။လူသားတိုင်းဟာ ပျော်ရွှင်မှုနဲ့ထိုက်တန်ပါတယ်။ ဘယ်အရာက ကိုယ့်ကို ပျော်ရွှင်စေတာလဲ ဆိုတာကလည်း ဘဝခရီးတစ်လျှောက်မှာ သိဖို့ လိုအပ်လှပါတယ် ခွေးကလေးတစ်ကောင် ပျောက်ဆုံးသွားပြီး ပြန်မတွေ့နိုင်တော့ဘူးလို့ ရက်အတော်ကြာတဲ့အခါ လက်ခံလိုက်ရ ပြီးတဲ့နောက်မှာမှ ရုတ်တရက်ပြန်လည်တွေ့ရှိလိုက်ရတာဟာလည်း အတိုင်းထက်အလွန် ပျော်ရွှင်ရခြင်း ဖြစ်သလို အကြောက်တရားတစ်ခုကို ကိုယ်တိုင် တည့်တည့်ဝင်တိုး ရင်ဆိုင်ဖြေရှင်း လိုက်နိုင်တာဟာလည်း စစ်မှန်တဲ့ ပျော်ရွှင်မှုကို ပေးပါတယ်။ တကယ်တော့ ဘဝမှာ ပျော်စရာတွေမှာ ကိုယ့်အနီးတစ်ဝိုက်မှာ အများကြီး ရှိနေပါတယ်။ ပျော်ရွှင်မှုကို ရှာဖွေ တတ်ဖို့ပဲလိုတာပါ။ မပျော်ရွှင် မယုံကြည်နိုင်တော့တဲ့ အိမ်ထောင်တစ်ခုကို ရပ်စဲပစ်လိုက်ရတာ ချစ်ခင်ရသူတွေနဲ့ ခရီးထွက်ရတာ နှစ်ဦးသားအကြားမှာ နားလည်မှုတစ်ခုကို ရယူလိုက်နိုင်တာ ဒါတွေသာမက တစ်ခါတစ်ရံမှာ စိတ်ညစ်ညူးရမှုတွေ ညှိုးနွမ်း အားငယ်နေမှုတွေထံမှာလည်း ပျော်စရာ ဟာ ကိန်းအောင်းနေပါသေးတယ်။ ဒါကြောင့် ပြဿနာတွေကို စိတ်ညစ်နေမယ့်အစား ရင်ဆိုင်ကြည့်လိုက်ဖို့ လိုပါတယ်။ ဒီအကြောင်းတွေကို ​ ဖြစ်ရပ်မှန် သာဓကပေါင်းများစွာနဲ့ ဖော်ပြထားပါတယ်။ ပျော်ရွှင်မှု ခန်းမကို ဖွင့်လှစ်ဖို့ သော့ တစ်ချောင်းသာ လိုတယ်လို့ ယုံကြည်ထားပါ။

စာမျက်နှာ

273

စာအုပ်အရွယ်အစား

5.5 x 0.4 x 8.2 inches

ပုံနှိပ်မှတ်တမ်း

အိပ်မက်အသစ်စာပေ ၊ 2024 မတ်လ (ပထမအကြိမ်)

5 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လက်တွေ့ပျော်ရွှင်ခြင်း” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

စောဒေးဗစ် စာအုပ်များ