CEOမှတ်တမ်း
15000 (ကျပ်)
– လူဦးရေ ၁ ဘီလီယံကျော် စိတ်ဝင်စားစွာကြည့်ရှုတဲ့ The Diary of A CEO Podcast တည်ထောင်သူ Steven Bartlett ရဲ့ ဥပဒေသ ၃၃ ကို အခြေတည်ထားတဲ့ မှတ်သားဖွယ် ကြောင်းခြင်းရာတွေကို ဒီစာအုပ်မှာ ဖတ်ရှုရပါမယ်။
– The Diary of A CEO Podcast ကို တည်ထောင်သူ Steven Bartlett ကို ၁၉၉၂ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။
– သူဟာ အသက် ၂၁ နှစ်မှာ Wall Park Online Messaging Board ကို တည်ထောင်ခဲ့တယ်။ အသက် ၂၂ နှစ်မှာ Social Chain ကို ပူးတွဲတည်ထောင်ခဲ့တယ်။ သက် ၂၈ နှစ်မှာ Catena Capital ကို တည်ထောင်ခဲ့တယ်။ အသက် ၂၉ နှစ်မှာတော့ Flight Story . . . အဲဒီကမှတစ်ဆင့် Flight Studios, Flight Fund နဲ့ Flight Ventures တို့ကို တည်ထောင်ခဲ့တယ်။
– သူဟာ Forbes မဂ္ဂဇင်းရဲ့ ၂၀၂၀ ပြည့်နှစ် အသက် ၃၀ အောက် ထင်ပေါ်ကျော်ကြားသူ ၃၀ စာရင်းဝင်ဖြစ်ပြီး သူ့ရဲ့လက်ရှိပိုင်ဆိုင်မှု ပမာဏကပေါင် သန်း ၇၀ ကျော် ရှိပါတယ်။
– Steven Bartlett ရေးသားတဲ့ ဒီစာအုပ်ဟာ စီးပွားရေးဆိုင်ရာ မဟာဗျူဟာတွေအကြောင်းမဟုတ်ပါဘူး။ မဟာဗျူဟာတွေဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။
– ဒီစာအုပ်ထဲမှာ အောင်မြင်တဲ့အဖွဲ့အစည်းတွေတည်ထောင်နိုင်ဖို့၊ ဒါမှမဟုတ် အောင်မြင်လိုသူတွေအတွက် မရှိမဖြစ်လိုအပ်ချက်တွေကို ဖော်ပြပေးထားပါတယ်။
– ဒီဥပဒေသတွေကို အလုပ်အကိုင်မရွေး၊ လုပ်ငန်းနယ်ပယ်မရွေး အသုံးချနိုင်ပါတယ်။
– အတိုချုပ်ပြောရရင် အိုင်းစတိုင်းရဲ့ “ဖြစ်နိုင်ရင် အရာရာတိုင်းဟာ ရိုးရှင်းဖို့လိုအပ်ပါတယ်” … ဆိုတာကို အခြေခံပြီး စာရေးသူကလည်း ဥပဒေသတစ်ခုစီကို အပိုအလိုမရှိဘဲ လိုအပ်တဲ့ပုံတွေရယ်၊ တကယ့်ဖြစ်ရပ်မှန်ပုံပြင်တွေရယ်နဲ့ အထိမိဆုံးရေးသားထားပါတယ်။
| စာမျက်နှာ | 241 (WoodFree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5x 0.5 x 8.3 inches |
| ပုံနှိပ်မှတ်တမ်း | တူဒေးစာပေ၊ 2025 ဖေဖော်ဝါရီလ (ပထမအကြိမ်) |
7 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ