AI ရာစုနှစ်

( 0 မှတ်ချက်)

10000 (ကျပ်)

    မဖြစ်နိုင်ဘူးလို့ ထင်မှတ်ယူဆထားကြတာတွေက AI ခေတ်မှာ အလွယ်တကူဖန်တီးလို့ရနေတာကြောင့် အစစအရာရာ အစစ်နဲ့အတုခွဲခြားဖို့အလွန်ခက်ခဲလာမယ့်ပြဿနာတွေ ကြုံတွေ့လာရပါလိမ့်မယ်။ သာမန်လူတွေ လုပ်နိုင်စွမ်းမရှိတာတွေထက် အများကြီး စွမ်းဆောင်ရည်မြင့်လာတာကြောင့် နည်းပညာကုမ္ပဏီကြီးတွေက AI ကို ထိန်းချုပ်အမြတ်ထုတ်ဖို့ကြိုးစားနေကြပါပြီ။ တချို့သော သာမန်ကိစ္စလေးတွေအတွက် ဘတ်ဂျတ်အများကြီးကုန်ကျစရာမလိုတော့ဘဲ Strategy တွေ သတ်မှတ်ရေးဆွဲခိုင်းတာမျိုး AI ကို စေခိုင်းလို့ရနေတာမို့ မလိုက်နိုင်တဲ့သူတွေကတော့ ပြတ်ကျန်ခဲ့မှာဖြစ်ပါတယ်။

    AI ဟာ သူ့အတွက်ထည့်သွင်းထားတဲ့ Data တွေ၊ Info တွေပေါ်မှီပြီး အလုပ်လုပ်ရတာဖြစ်ပြီး လူရဲ့ စိတ်ခံစားချက်နဲ့ ဉာဏ်ရည်အတွေးအခေါ်မျိုး မလုပ်နိုင်တာကြောင့် သူ့ထုတ်ကုန်အားလုံးကို အမှန်လို့ယူဆလို့မရပါဘူး။ လျှော့တွက်လို့မရသလို ပိုတွက်လို့လည်း အဆင်မပြေနိုင်ပါဘူးလို့ ပညာရှင်တွေကဆိုပါတယ်။ AI ရဲ့ ကောင်းကျိုးဆိုးပြစ်တွေနဲ့ အနာဂတ်ကာလမှာ ကမ္ဘာတစ်ဝန်း ရင်ဆိုင်ကြုံတွေ့လာရမယ့် AI ရဲ့အကျိုးဆက်တွေကို သိရှိနိုင်ဖို့ ထင်ရှားတဲ့ပုဂ္ဂိုလ်သုံးဦး ပူးတွဲရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။

စာမျက်နှာ

169(Woodfree Paper)

စာအုပ်အရွယ်အစား

5.5 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

တူဒေးစာပေ၊ 2024 မတ်လ၊ (ဒု-ကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“AI ရာစုနှစ်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဒေါက်တာသာထွန်းဦး စာအုပ်များ